YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 38

38
ဟေ​ဇ​ကိ​မင်း​ဖျား​နာ​ခြင်း
(၄​ရာ၊ ၂၀:၁-၁၁။ ၆​ရာ၊ ၃၂:၂၄-၂၆)
1ထို​ကာ​လ​အ​ခါ ဟေ​ဇ​ကိ​မင်း​သည် သေ​နာ​စွဲ​သ​ဖြင့်၊ အာ​မုတ်​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် လာ၍၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကိုယ်​အိမ်​အ​မှု​ကို​စီ​ရင်​လော့။ သင်​သည် အ​သက်​မ​ရှင်၊ သေ​ရ​မည်​ဟု အ​မိန့်​တော်​ကို ပြန်​လေ၏။ 2-3ဟေ​ဇ​ကိ​မင်း​သည်​လည်း ထ​ရံ​သို့​မျက်​နှာ​လှည့်၍၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ သ​စ္စာ​စောင့်​လျက်၊ စုံ​လင်​သော စိတ်​နှ​လုံး​နှင့်​ကျင့်၍၊ နှစ်​သက်​တော်​မူ​သည်​အ​တိုင်း ပြု​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု အ​လွန်​ငို​ကြွေး​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လေ၏။ 4တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ဟေ​ရှာ​ယ​သို့​ရောက်၍၊ 5သင်​သည် ဟေ​ဇ​ကိ​မင်း​ထံ​သို့ သွား​ပြီး​လျှင်၊ သင့်​အ​ဘ​ဒါ​ဝိဒ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၏ ပ​တ္ထ​နာ​စ​ကား​ကို ငါ​ကြား​ပြီ။ သင်၏ မျက်​ရည်​ကို​လည်း ငါ​မြင်​ပြီ။ သင်၏​အ​သက်၌ တစ်​ဆယ်​ငါး​နှစ်​ကို ငါ​ဆက်၍ ပေး​မည်။ 6သင်​နှင့် ဤ​မြို့​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ငါ​ကယ်​လွှတ်​မည်။ ဤ​မြို့​ကို ငါ​ကွယ်​ကာ​စောင့်​မ​မည်​အ​ရာ​ကို ပြော​လော့​ဟု မိန့်​တော်​မူ၏။ 7ဟေ​ရှာ​ယ​က၊ ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​တော်​မူ​သော လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ 8ကြည့်​ရှု​လော့။ အာ​ခတ်၏ နေ​တိုင်း​နာ​ရီ​ပေါ်​မှာ ရွေ့​သော​အ​ရိပ်​ကို ဆယ်​ချက်​ပြန်​စေ​မည်​ဟု ဆို၏။ ဆို​သည်​အ​တိုင်း ဆယ်​ချက်​ရွေ့​ပြီး​သော​အ​ရိပ်​သည် ဆယ်​ချက်​ပြန်​လေ၏။
9ယု​ဒ​မင်း​ကြီး​ဟေ​ဇ​ကိ​သည် အ​နာ​မှ​ထ​မြောက်၍ ရေး​ထား​သော​စာ​ဟူ​မူ​ကား၊ 10ငါ​သည် ငြိမ်​သက်​စွာ​နေ​စဉ်​အ​ခါ၊ မ​ရ​ဏနိုင်​ငံ​တံ​ခါး​သို့ ဝင်​ရ​ပါ​သည်​တ​ကား။ ငါ၌ ကြွင်း​သော​နှစ်​များ​ကို ငါ​ရှုံး​ပြီ​ဟု ငါ​ဆို​သ​တည်း။ 11အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ၌၊ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​မ​မြင်​ရ။ ငြိမ်း​ရာ​အ​ရပ်​သား​တို့​နှင့် ပေါင်း​ဖော်​ရ​သ​ဖြင့်၊ နောက်​တစ်​ဖန် လူ​တို့​ကို မ​မြင်​ရ။ 12သိုး​ထိန်း​တဲ​ကဲ့​သို့ ငါ​နေ​သော​အိမ်​ကို​နုတ်​ပယ်၍၊ အ​ခြား​တစ်​ပါး​သို့ ဆောင်​သွား​ပြီ။ ရက်​ကန်း​သည် ပြု​သ​ကဲ့​သို့ ငါ့​အ​သက်​သည် လိပ်​လျက်​ရှိ၍၊ ရက်​ကန်း​စင်​မှ ငါ့​ကို ပယ်​ဖြတ်​တော်​မူ​လိမ့်​မည်။ တစ်​နေ့​ချင်း​တွင် ငါ့​ကို ဆုံး​စေ​တော်​မူ​လိမ့်​မည်​ဟု ငါ​ဆို​သ​တည်း။ 13ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ နံ​နက်​တိုင်​အောင် မြည်​ရ၏။ တစ်​နေ့​ချင်း​တွင် ငါ့​ကို ဆုံး​စေ​တော်​မူ​လိမ့်​မည်​ဟု ငါ​ဆို​သ​တည်း။ 14ငါ​သည် တီ​တီ​တွတ်​နှင့် ဇ​ရက်​ကဲ့​သို့ မြည်၍ ချိုး​ကဲ့​သို့ ညည်း​တွန်​ရ၏။ ငါ့​မျက်​စိ​တို့​သည် မျှော်​ကြည့်၍ အား​လျော့​ကြ​ပြီ။ အို ဘု​ရား​ရှင်၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော အ​ကျွန်ုပ်​ဘက်၌ နေ​တော်​မူ​ပါ။
15အ​ဘယ်​သို့ ငါ​ပြော​ရ​မည်​နည်း။ ငါ့​အား က​တိ​ပေး​တော်​မူ​ပြီ။ က​တိ​တော်​အ​တိုင်း​လည်း ပြု​တော်​မူ​ပြီ။ ငါ၌ ကျန်​ကြွင်း​သော နှစ်​စဉ်​ကာ​လ​ပတ်​လုံး၊ ငါ​သည် စိတ်​ဆင်း​ရဲ​ခြင်း​ကို အောက်​မေ့၍၊ ဖြည်း​ဖြည်း​သွား​ပါ​မည်။ 16အို ဘု​ရား​ရှင်၊ ထို​သို့​သော​အား​ဖြင့် အ​သက်​ရှင်​ရ​ပါ၏။ ထို​အ​ရာ​ရှိ​သ​မျှ​တို့၌ အ​ကျွန်ုပ်​ဝိ​ညာဉ်၏ အ​သက်​တည်​ရ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ၍၊ အ​ကျွန်ုပ်​အ​သက်​ကို​ရှင်​စေ​တော်​မူ၏။ 17အ​ကျွန်ုပ်​ခံ​ရ​သော ဝေ​ဒ​နာ​သည် ငြိမ်း​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သ​နား၍၊ ဖျက်​ဆီး​ရာ​တွင်း​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ အ​ကျွန်ုပ် အ​ပြစ်​ရှိ​သ​မျှ​တို့​ကို နောက်​တော်​သို့ ပစ်​လိုက်​တော်​မူ​ပြီ။ 18အ​ကယ်​စင်​စစ် မ​ရ​ဏ​နိုင်​ငံ​သည် ဂုဏ်​တော်​ကို မ​ချီး​မွမ်း​ရ​ပါ။ သေ​နေ​သော​သူ​သည် ဂုဏ်​တော်​ကို ထော​မ​နာ​သီ​ချင်း​မ​ဆို​ရ​ပါ။ တွင်း​ထဲ​သို့ ဆင်း​သော​သူ​သည် သ​စ္စာ​တော်​ကို မ​မျှော်​လင့်​ရ​ပါ။ 19အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။ 20ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကယ်​တင်​တော်​မူ​ပြီ။ ထို​ကြောင့်၊ ငါ​တို့​သည် တစ်​သက်​လုံး ဗိ​မာန်​တော်၌ စောင်း​တီး၍ သီ​ချင်း​ဆို​ကြ​လိမ့်​သ​တည်း။
21ဟေ​ရှာ​ယ​က​လည်း၊ သင်္ဘော​သ​ဖန်း​သီး အ​လုံး​အ​ထွေး​ကို ယူ၍​နယ်​ပြီး​မှ၊ အ​နာ​ကို အုံ​ကြ​လော့။ ထို​သို့​ပြု​လျှင် မင်း​ကြီး​သည် သက်​သာ​ရ​လိမ့်​မည်​ဟု ဆို​လေ၏။
22ဟေ​ဇ​ကိ​မင်း​က​လည်း၊ ငါ​သည် ဗိ​မာန်​တော်​သို့​တက်​လိမ့်​မည်​ဆို​သော်၊ အ​ဘယ်​လ​က္ခ​ဏာ​သက်​သေ​ရှိ​သ​နည်း​ဟု မေး၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 38: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ