YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 36

36
ယေ​ရု​ရှ​လင်​မြို့​ကိုခြောက်​လှန့်​ခြင်း
(၄​ရာ၊ ၁၈:၁၃-၃၇။ ၆​ရာ၊ ၃၂:၁-၁၉)
1ဟေ​ဇ​ကိ​မင်း​ကြီး နန်း​စံ​ဆယ်​လေး​နှစ်​တွင် အာ​ရှု​ရိ​ရှင်​ဘု​ရင် သ​နာ​ခ​ရိပ်​သည်၊ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့ ရှိ​သ​မျှ​တို့​ကို​စစ်​ချီ၍ လုပ်​ကြံ​ပြီး​လျှင်၊ 2ရာ​ဗ​ရှာ​ခ​ကို​ခန့်​ထား၍ များ​စွာ​သော ဗိုလ်​ခြေ​နှင့်​တ​ကွ၊ လာ​ခိ​ရှ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့၊ ဟေ​ဇ​ကိ​မင်း​ကြီး​ထံ​သို့ စေ​လွှတ်​လေ၏။ ထို​ဗိုလ်​ချုပ်​မင်း​သည်​ရောက်၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ ရပ်​နေ၏။ 3ထို​အ​ခါ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး​ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် သူ့​ထံ​သို့​ထွက်​ပြီး​လျှင်၊ 4ရာ​ဗ​ရှာ​ခ​က၊ မ​ဟာ​အ​ရှင်​မင်း​ကြီး၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​သည် ဟေ​ဇ​ကိ​ကို​မိန့်​တော်​မူ​သည်​ကား၊ သင်​ခို​လှုံ​သ​ဖြင့် ခို​လှုံ​ရာ​ကား အ​ဘယ်​သို့​နည်း။ 5စစ်​တိုက်​လောက်​အောင် ဉာဏ်​သ​တ္တိ၊ အ​စွမ်း​သ​တ္တိ​နှင့် ငါ​ပြည့်​စုံ​သည်​ဟု အ​ချည်း​နှီး​သော​စ​ကား​ကို သင်​ဆို​ပါ​သည်​တ​ကား။ ငါ့​ကို ပုန်​ကန်​ခြင်း​ငှာ အ​ဘယ်​သူ​ကို ကိုး​စား​သ​နည်း။ 6ကျိုး​သော ကျူ​လုံး​တောင်​ဝှေး​တည်း​ဟူ​သော အဲ​ဂု​တ္တု​ပြည်​ကို ကိုး​စား​ပါ​သည်​တ​ကား။ ထို​ကျူ​လုံး​သည် မှီ​သော​သူ၏​လက်​ကို​ဖောက်၍ လျှို​သွား​လိမ့်​မည်။ ထို​သို့ အဲ​ဂု​တ္တု​မင်း​ကြီး ဖာ​ရော​ဘု​ရင်​သည် မိ​မိ၌​မှီ​သော​သူ အ​ပေါင်း​တို့​ကို ပြု​လိမ့်​မည်။#ယေ​ဇ၊ ၂၉:၆-၇။ 7သင်​တို့​က၊ ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သည်​ဟု ဆို​ပြန်​လျှင်၊ ဟေ​ဇ​ကိ​သည် မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို​ပယ်၍၊ ဤ​မည်​သော​ယဇ်​ပ​လ္လင်​ရှေ့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မှာ​ထား​သ​ဖြင့်၊ သင်​တို့​ပြစ်​မှား​သော​ဘု​ရား ဖြစ်​သည်​မ​ဟုတ်​လော။ 8သို့​ဖြစ်၍၊ ယ​ခု​တွင် ငါ့​သ​ခင်၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၌ အာ​မ​ခံ​တို့​ကို​အပ်​ပါ​လော့။ သင်၌ မြင်း​စီး​သူ​ရဲ​လုံ​လောက်​အောင်​ရှိ​လျှင်၊ မြင်း​နှစ်​ထောင်​တို့​ကို ငါ​ပေး​မည်။ 9သင်​သည် ငါ့​သ​ခင်၏​ကျွန်​တို့​တွင် အ​ငယ်​ဆုံး​သော​ဗိုလ်​ကို အ​ဘယ်​သို့ လှန်​နိုင်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်​မှ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​ကို​ရ​မည်​ဟု ယုံ​ပါ​သည်​တ​ကား။ 10ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​မ​ရှိ​ဘဲ၊ ဤ​ပြည်​ကို​ဖျက်​ဆီး​ခြင်း​ငှာ ငါ​လာ​သ​လော။ ထို​ပြည်​ကို​သွား၍ ဖျက်​ဆီး​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​ပြီ။ ဤ​အ​ကြောင်း​အ​ရာ​များ​ကို ပြန်​ပြော​ကြ​လော့​ဟု ပြော​ဆို၏။
11ထို​အ​ခါ ဧ​လျာ​ကိမ်၊ ရှေ​ဗ​န၊ ယော​အာ​တို့​က၊ ရှု​ရိ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျွန်​တော်​တို့​အား အ​မိန့်​ရှိ​ပါ​လော့။ ထို​စ​ကား​ကို ကျွန်​တော်​တို့​သည် နား​လည်​ပါ၏။ မြို့​ရိုး​ပေါ်​မှာ​ရှိ​သော​သူ​တို့​သည် ကြား​ရ​အောင်၊ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​မိန့်​မ​ရှိ​ပါ​နှင့်​ဟု ရာ​ဗ​ရှာ​ခ​ကို ဆို​ကြ​လျှင်၊ 12ရာ​ဗ​ရှာ​ခ​က၊ ငါ့​သ​ခင်​သည် သင်၏​သ​ခင်​နှင့် သင့်​အား​သာ ဤ​စ​ကား​ကို​ပြော​စေ​ခြင်း​ငှာ ငါ့​ကို စေ​လွှတ်​တော်​မူ​သ​လော။ မြို့​ရိုး​ပေါ်​မှာ ထိုင်​လျက်၊ သင်​တို့​နှင့်​အ​တူ မိ​မိ​တို့​မ​စင်​ကို​စား၍၊ မိ​မိ​တို့​ရေ​ဟောင်း​ကို သောက်​ရ​သော သူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ​သည် မ​ဟုတ်​လော​ဟု ဆို​ပြီး​လျှင်၊ 13ရာ​ဗ​ရှာ​ခ​သည် ထ၍ ယု​ဒ​ဘာ​သာ​စ​ကား​အား​ဖြင့် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်​လျက်၊ မ​ဟာ​အ​ရှင်​မင်း​ကြီး အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ 14ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​ကား၊ ဟေ​ဇ​ကိ​သည် သင်​တို့​ကို မ​လှည့်​စား​စေ​နှင့်။ သူ​သည်​သင်​တို့​ကို ကယ်​ယူ​ခြင်း​ငှာ မ​တတ်​နိုင်။ 15ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ဧ​ကန်​အ​မှန်​ကယ်​ယူ​တော်​မူ​မည်။ ဤ​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင် လက်​သို့ မ​ရောက်​ရ​ဟု ဆို​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​စား​စေ​နှင့်။ 16ဟေ​ဇ​ကိ​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ အာ​ရှု​ရိ​ရှင်​ဘု​ရင် မိန့်​တော်​မူ​သည်​ကား၊ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ။ ငါ့​ထံ​သို့ ထွက်​လာ​ကြ။ 17သင်​တို့​ပြည်​နှင့် တူ​သော​ပြည်​တည်း​ဟူ​သော၊ ဆန်​စ​ပါး​စ​ပျစ်​ရည်​နှင့် ပြည့်​စုံ​သော​ပြည်၊ မုန့်​နှင့် စ​ပျစ်​ဥ​ယျာဉ်​များ​သော​ပြည်​သို့၊ သင်​တို့​ကို​ပို့​ခြင်း​ငှာ ငါ​မ​လာ​မီ​တိုင်​အောင်၊ သင်​တို့​သည် ကိုယ်​စ​ပျစ်​ပင်၏​အ​သီး၊ ကိုယ်​သင်္ဘော​သ​ဖန်း​ပင်၏ အ​သီး​ကို​စား၍၊ ကိုယ်​ရေ​ကန်​က ရေ​ကို သောက်​လျက်​နေ​ကြ​ဦး​လော့။ 18ဟေ​ဇ​ကိ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို ကယ်​ယူ​တော်​မူ​မည်​ဟု မ​ဖြား​ယောင်း​စေ​နှင့်။ အ​ပြည်​ပြည်​သော​ဘု​ရား​တို့​သည် မိ​မိ​တို့​ပြည်​များ​ကို အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။ 19ဟာ​မတ်​ပြည်၏​ဘု​ရား၊ အာ​ပဒ်​ပြည်၏​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သေ​ဖ​ရ​ဝိမ်​ပြည်၏​ဘု​ရား​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ သူ​တို့​သည် ရှ​မာ​ရိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ကြ​ပြီ​လော။ 20ထို​အ​ပြည်​ပြည်​သော ဘု​ရား​တို့​တွင်၊ အ​ဘယ်​မည်​သော ဘု​ရား​သည် မိ​မိ​ပြည်​ကို ငါ့​လက်​မှ ကယ်​လွှတ်​ဖူး​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​ကို ငါ့​လက်​မှ အ​ဘယ်​သို့​ကယ်​လွှတ်​နိုင်​မည်​နည်း​ဟု ဆို​လေ၏။ 21ယု​ဒ​လူ​တို့​လည်း၊ စ​ကား​တစ်​ခွန်း​ကို​မျှ​မ​ပြန်​ဘဲ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြန်​မ​ပြော​နှင့်​ဟု ရှင်​ဘု​ရင် အ​မိန့်​တော်​ရှိ​သ​တည်း။
22ထို​အ​ခါ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက်၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့​လာ၍၊ ရာ​ဗ​ရှာ​ခ​စ​ကား​ကို ကြား​လျှောက်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 36: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ