YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 31

31
အဲ​ဂု​တ္တု​ပြည်သား​သည်​ဘု​ရား​မ​ဟုတ်
1စစ်​ကူ​တောင်း​အံ့​သော​ငှာ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍၊ မြင်း​တို့​ကို အ​မှီ​ပြု​လျက် များ​စွာ​သော ရ​ထား​တို့​ကို​လည်း​ကောင်း၊ အား​ကြီး​သော မြင်း​စီး​သူ​ရဲ​တို့​ကို​လည်း​ကောင်း ခို​လှုံ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​ကို မ​မျှော်​လင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​ဘဲ​နေ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 2ထို​ဘု​ရား​သည် ဉာဏ်​တော်​ကျယ်၍၊ သူ​တို့​အ​ပေါ်​မှာ ဘေး​ကို သက်​ရောက်​စေ​တော်​မူ​မည်။ စ​ကား​တော်​မ​ပျက်​ဘဲ၊ ဆိုး​သော လူ​မျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ဘက်​မှာ​နေ​သော သူ​တို့​ကို​လည်း​ကောင်း တစ်​ဖက်၌ ထ​တော်​မူ​မည်။ 3အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ဘု​ရား​မ​ဖြစ်၊ လူ​သက်​သက် ဖြစ်​ကြ၏။ သူ​တို့​မြင်း​သည်​လည်း ဝိ​ညာဉ်​မ​ဖြစ်၊ အ​သား​သက်​သက် ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​သည် လက်​တော်​ကို ဆန့်​တော်​မူ​သော​အ​ခါ၊ မ​စ​တတ်​သော​သူ​သည် လဲ​လိမ့်​မည်။ မ​စ​အပ်​သော​သူ​လည်း ဆုံး​လိ​မ့်​မည်။ အ​လုံး​စုံ​တို့​သည် အ​တူ​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ခြင်္သေ့​နှင့် ခြင်္သေ့​သ​ငယ်​သည် လု​ယူ​ရာ အ​ကောင်​ပေါ်​မှာ နေ​သော​အ​ခါ၊ သိုး​ထိန်း​အ​လုံး​အ​ရင်း၏ ဆီး​တား​အော်​ဟစ်​ခြင်း​ကို မ​ကြောက်၊ သူ​တို့​ပြု​သော အ​သံ​ဗ​လံ​အား​ဖြင့် အ​ရှုံး​မ​ခံ​သ​ကဲ့​သို့၊ ထို​နည်း​တူ၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တောင်​တော်​တည်း​ဟူ​သော ဇိ​အုန်​တောင်​တော်​ဘက်​မှာ စစ်​တိုက်​ခြင်း​ငှာ ဆင်း​သက်​တော်​မူ​လိမ့်​မည်။ 5ငှက်​သည် သား​ငယ်​ကို အုပ်​တတ်​သ​ကဲ့​သို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရှု​ရှ​လင်​မြို့​ကို ကွယ်​ကာ​တော်​မူ​မည်။ ကွယ်​ကာ​စောင့်​မ၍ အ​ပြစ်​မ​ပေး၊ ကယ်​တင်​တော်​မူ​မည်။
6အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် အ​လွန် လွှဲ​ရှောင်​ပယ်​ထား​သော ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​ကြ​လော့။ 7အ​ကယ်​စင်​စစ် လူ​အ​ပေါင်း​တို့​သည် မိ​မိ​လက်​ဖြင့် အ​သီး​အ​သီး​လုပ်​သော ငွေ​ရုပ်​တု၊ ရွှေ​ရုပ်​တု​တည်း​ဟူ​သော၊ ပြစ်​မှား​ရာ​အ​ရာ​များ​ကို ထို​ကာ​လ၌ ပစ်​လိုက်​ကြ​လိမ့်​မည်။ 8အာ​ရှု​ရိ​လူ​သည်​လည်း၊ ကြီး​မြတ်​သော​သူ၏ ဓား​မ​ဟုတ်​သော ဓား​ဖြင့် ဆုံး​လိမ့်​မည်။ ယုတ်​သော​သူ၏ ဓား​မ​ဟုတ်​သော​ဓား​သည် သူ့​ကို​ဖျက်​ဆီး​လိမ့်​မည်။ သူ​သည်​လည်း ဓား​ဘေး​မှ​ပြေး၍၊ သူ​ရဲ​တို့​သည် ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ 9သူ​သည်​လည်း ကြောက်​လန့်​သ​ဖြင့်၊ မိ​မိ​ခိုင်​ခံ့​သော မြို့​ကို​လွန်​သွား၍၊ သူ၏​မှူး​မတ်​တို့​သည် နိ​မိတ်​ကို​မြင်​လျှင် စိတ်​ပျက်​ကြ​လိမ့်​မည်​ဟု ဇိ​အုန်​တောင်​ပေါ်​မှာ မီး​လျှံ၊ ယေ​ရှု​ရှင်​မြို့၌ မီး​ဖို​ရှိ​သော ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 31: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ