YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 19

19
အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်
1အဲ​ဂု​တ္တု​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် လျင်​မြန်​သော​မိုး​တိမ်​ကို​စီး၍ အဲ​ဂု​တ္တု​ပြည်​သို့ ကြွ​တော်​မူ၏။ ရှေ့​တော်၌ အဲ​ဂု​တ္တု​ပြည်၏ ရုပ်​တု​ဆင်း​တု​တို့​သည်​လှုပ်​ရှား၍၊ အဲ​ဂု​တ္တု​ပြည်၏​နှ​လုံး​သည် သူ၏​အ​ထဲ​မှာ အ​ရည်​ကျို​လျက် ရှိ​လိမ့်​မည်။#ယေ၊ ၄၆:၂-၂၆။ ယေ​ဇ၊ ၂၉:၁—၃၂:၃၂။ 2အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် အ​ချင်း​ချင်း တစ်​ယောက်​နှင့် တစ်​ယောက် ရန်​ပြု​စေ​ခြင်း​ငှာ ငါ​နှိုး​ဆော်​သ​ဖြင့်၊ သူ​တို့​သည် ညီ​အစ်​ကို​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ အိမ်​နီး​ချင်း တစ်​ယောက်​နှင့် တစ်​ယောက်၊ တစ်​မြို့​နှင့် တစ်​မြို့၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ စစ်​တိုက်​ကြ​လိမ့်​မည်။ 3အဲ​ဂု​တ္တု​ပြည်၏​စိတ်​သည် သူ၏​အ​ထဲ​မှာ​ပျက်​လိမ့်​မည်။ သူ၏​အ​ကြံ​ကို​လည်း ငါ​ဖျက်​မည်။ သူ​တို့​သည် ရုပ်​တု​တို့၌​လည်း​ကောင်း၊ ပြု​စား​သော သူ​တို့၌​လည်း​ကောင်း၊ နတ်​ဝင်​နှင့် စုန်း​တို့၌​လည်း​ကောင်း ဆည်း​ကပ်​ကြ​လိမ့်​မည်။ 4အဲ​ဂု​တ္တု​ပြည်​သား​တို့​ကို ကြမ်း​ကြုတ်​သော သ​ခင်​တို့​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ ပြင်း​ထန်​သော ရှင်​ဘု​ရင်​တစ်​ပါး​သည် အုပ်​စိုး​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 5ထို​အ​ခါ​ပင်​လယ်​ရေ​ပြတ်​လိမ့်​မည်။ မြစ်​ရေ​လည်း​လျော့၍ ခန်း​ခြောက်​လိမ့်​မည်။ 6ချောင်း​ရေ​များ​လည်း​ပုပ်​ကြ​လိမ့်​မည်။ အဲ​ဂု​တ္တု​မြစ်​လက်​ကြား​တို့​လည်း ရေ​ပြတ်၍ ခန်း​ခြောက်​သ​ဖြင့်၊ ကျူ​ပင်​နှင့် ကိုင်း​ပင်​တို့​သည် ညှိုး​နွမ်း​ကြ​လိမ့်​မည်။ 7မြစ်​လက်​ကြား​နား​နှင့် ချောင်း​ဝ​နား​မှာ​ပေါက်​သော မြက်​ပင်​အ​စ​ရှိ​သော၊ မြစ်​နား​မှာ​စိုက်​သ​မျှ​တို့​သည် ညှိုး​နွမ်း​ပျက်​စီး ပ​ပျောက်​ကြ​လိမ့်​မည်။ 8တံ​ငါ​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်၌ ငါး​မျှား​ကို​ချ​သ​မျှ​သော​သူ​တို့​သည် မြည်​တမ်း၍ ရေ​ပေါ်​မှာ ပိုက်​ကွန်​ကို ဖြန့်​တတ်​သော သူ​တို့​သည် စိတ်​ပျက်​ကြ​လိမ့်​မည်။ 9ပိုက်​ဆန်​လုပ်​သော​သူ​နှင့် ဇာ​မျိုး​ကို​ရက်​သော သူ​တို့​သည်​လည်း အ​ကျိုး​နည်း​ရှိ​ကြ​လိမ့်​မည်။ 10အ​မှီ​တံ​ကဲ​တို့​သည်​ပျက်၍၊ အ​ခ​စား​သော​သူ​အ​ပေါင်း​တို့​သည် ညှိုး​ငယ်​သော​စိတ် ရှိ​ကြ​လိမ့်​မည်။
11အ​ကယ်​စင်​စစ် ဇော​န​မင်း​တို့​သည် အ​ရူး​ဖြစ်​ကြ၏။ ဖာ​ရော​ဘု​ရင်၏ တိုင်​ပင်​မှူး​မတ်​တို့​သည် မိုက်​သော​အ​ကြံ​ကို ပေး​ကြ၏။ ကျွန်​တော်​သည် ပ​ညာ​ရှိ​အ​မျိုး၊ ရှေး​ဘု​ရင်​တို့​အ​နွယ်​ဖြစ်​ပါ​သည်​ဟု ဖာ​ရော​ဘု​ရင်​အား အ​ဘယ်​ကြောင့် လျှောက်​ကြ​သ​နည်း။ 12သူ​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။ သင်၏​ပ​ညာ​ရှိ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ အဲ​ဂု​တ္တု​ပြည်​တစ်​ဖက်၌ အ​ဘယ်​သို့​ကြံ​စည်​တော်​မူ​သည်​ကို ယ​ခု​ပြော​ကြ​ပါ​စေ။ ဖော်​ပြ​ကြ​ပါ​စေ။ 13ဇော​န​မင်း​တို့​သည် အ​ရူး​ဖြစ်​ကြ​ပြီ။ နော​ဗ​မင်း​တို့​သည် မှား​ယွင်း​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၏ အ​မျိုး​အ​နွယ်​များ​ကို​အုပ်​သော အ​ကြီး​အ​ကဲ​တို့​ကို​လည်း မှား​ယွင်း​စေ​ကြ​ပြီ။ 14ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်၏​အ​လယ်၌ ယစ်​မူး​သော​သ​ဘော​ကို ပြင်​ဆင်​တော်​မူ​သ​ဖြင့်၊ ယစ်​မူး​သော​သူ​သည် မိ​မိ​အန်​ဖတ်၌ လဲ​သ​ကဲ့​သို့၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မှား​ယွင်း​ကြ​ပြီ။ 15အဲ​ဂု​တ္တု​ပြည်၏ ဦး​ခေါင်း​ဖြစ်​စေ၊ အ​မြီး​ဖြစ်​စေ၊ စွန်​ပ​လွံ​လက်​ဖြစ်​စေ၊ ကိုင်း​ပင်​ဖြစ်​စေ၊ ပြီး​စီး​နိုင်​သော​အ​မှု အ​လျှင်း​မ​ရှိ​ရ။
16ထို​ကာ​လ၌ အဲ​ဂု​တ္တု​လူ​တို့​သည်​မိန်း​မ​ကဲ့​သို့​ဖြစ်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ လက်​တော်​ကို လှုပ်​ရှား​တော်​မူ​သော​ကြောင့်၊ ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။ 17ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် အဲ​ဂု​တ္တု​ပြည်​တစ်​ဖက်၌ ကြံ​စည်​တော်​မူ​သော​အ​ကြံ​အ​စည်​ကြောင့်၊ ယု​ဒ​ပြည်​သည်​လည်း အဲ​ဂု​တ္တု​ပြည်၌ ကြောက်​မက်​ဖွယ်​ဖြစ်​လိမ့်​မည်။ ယု​ဒ​ပြည်​ဟူ၍​ပြော​ကာ​မျှ​နှင့် လူ​တိုင်း ကြောက်​ရွံ့​ကြ​လိမ့်​မည်။
18ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​တွင်၊ မြို့​ငါး​မြို့​တို့​သည် ခါ​နာန်​ဘာ​သာ​စ​ကား​ကို​ပြော၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ သ​စ္စာ​တော်​ကို​ခံ​ကြ​လိမ့်​မည်။ ထို​မြို့​တို့​တွင်၊ တစ်​မြို့​ကို သူ​ရိ​ယာ​မြို့​ဟူ၍​ခေါ်​ဝေါ်​ကြ​လိမ့်​မည်။ 19ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​အ​လယ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပူ​ဇော်​ရာ​ယဇ်​ပ​လ္လင်​ရှိ​လိမ့်​မည်။ ပြည်​စွန်း​နား​တွင်​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မှတ်​တိုင်​ရှိ​လိမ့်​မည်။ 20ထို​မှတ်​တိုင်​သည် အဲ​ဂု​တ္တု​ပြည်​တွင် နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​သက်​သေ​လည်း ဖြစ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ​သည်​ရှိ​သော်၊ ကယ်​တင်​သော​အ​ရှင်၊ အ​မှု​စောင့်​သ​ခင်​ကို သူ​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ၍၊ ထို​သ​ခင်​သည် ကယ်​တင်​တော်​မူ၏။ 21အဲ​ဂု​တ္တု​ပြည်​တွင် ထာ​ဝ​ရ​ဘု​ရား​ကို​သိ​ရ​ကြ​သည်​ဖြစ်၍ ထို​ကာ​လ၌ အဲ​ဂု​တ္တု​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​သော​ကြောင့်၊ ပူ​ဇော်​သ​ကာ အ​လှူ​ဒါ​န​ကို​ဆက်​ကပ်၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သ​စ္စာ​က​တိ​ထား၍၊ ထား​သည်​အ​တိုင်း ပြု​ကြ​လိမ့်​မည်။ 22ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အဲ​ဂု​တ္တု​ပြည်​ကို ဒဏ်​ခတ်၍၊ ခတ်​ပြီး​သော​ဒဏ်​ရာ​ကို ပျောက်​စေ​တော်​မူ​မည်။ သူ​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ​သည်​ကာ​လ၊ သူ​တို့​တောင်း​ပန်​ခြင်း​ကို နား​ထောင်၍ ဒဏ်​ရာ​ကို ပျောက်​စေ​တော်​မူ​မည်။
23ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​သည် အာ​ရှု​ရိ​ပြည်​တိုင်​အောင်၊ လမ်း​တွင်​လိမ့်​မည်။ အာ​ရှု​ရိ​လူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​သည်၊ အာ​ရှု​ရိ​ပြည်​သို့​လည်း​ကောင်း​သွား​လာ၍ အဲ​ဂု​တ္တု​လူ​နှင့် အာ​ရှု​ရိ​လူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ဝတ်​ပြု​ကြ​လိမ့်​မည်။ 24ထို​ကာ​လ၌ ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​အ​မျိုး​နှင့်​လည်း​ကောင်း၊ အာ​ရှု​ရိ​အ​မျိုး​နှင့်​လည်း​ကောင်း​ပေါင်း၍၊ တ​တိ​ယ​အ​မျိုး​တည်း​ဟူ​သော မြေ​ကြီး​အ​လယ်၌ မင်္ဂ​လာ​ပြု​သော​အ​မျိုး​ဖြစ်​လိမ့်​မည်။ 25ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ၏​လူ​အဲ​ဂု​တ္တု​အ​မျိုး၊ ငါ​ပြု​ပြင်​သော အာ​ရှု​ရိ​အ​မျိုး၊ ငါ၏​အ​မွေ​ဥ​စ္စာ​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ