YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 18

18
အဲ​သ​ယော​ပိ​ပြည်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်
1အဲ​သ​ယော​ပိ မြစ်​များ​အ​နား​မှာ အ​သံ​မြည်​တတ်​သော အ​တောင်​ရှိ၍၊#ဇေ၊ ၂:၁၂။ 2ပင်​လယ်​လမ်း​ဖြင့်​လည်း​ကောင်း၊ ရေ​ပေါ်၌ ဂ​မာ​လှေ​ဖြင့်​လည်း​ကောင်း၊ သံ​တ​မန်​တို့​ကို လွှတ်​တတ်​သော​ပြည်၊ နား​ထောင်​လော့။ ခိုင်​မာ​ပြင်း​ထန်​လျက် ရှေ့​ဦး​စွာ​မှ​စ၍ ယ​ခု​တိုင်​အောင်၊ ကြောက်​မက်​ဖွယ်​ဖြစ်​ထ​သော၊ ခွန်​အား​ကြီး၍ နှိပ်​နင်း​တတ်​ထ​သော၊ မြစ်​ကွဲ​ပြား​သော​မြေ၌​နေ​သော လူ​မျိုး​ထံ​သို့၊ လျင်​မြန်​သော​တ​မန်​တို့၊ သွား​ကြ​လော့။ 3လော​ကီ​နိုင်​ငံ၌​နေ​သော မြေ​ကြီး​သား​အ​ပေါင်း​တို့၊ တောင်​ပေါ်​မှာ အ​လံ​ကို ထူ​သော​အ​ခါ ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​မှုတ်​သော​အ​ခါ နား​ထောင်​ကြ​လော့။ 4ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ နေ​အ​ရောင်​ထဲ​မှာ ကြည်​လင်​သော အ​ရှိန်​ကဲ့​သို့​လည်း​ကောင်း၊ အ​သီး​အ​နှံ​ကို သိမ်း​ယူ​ရာ ပူ​သော​ကာ​လ၌ နှင်း​နှင့်​ပြည့်​စုံ​သော မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ ငါ​သည်​ကျိန်း​ဝပ်၍ ငါ့​နေ​ရာ​အ​ရပ်​မှာ ကြည့်​ရှု​မည်။ 5စ​ပျစ်​သီး​ကို သိမ်း​ယူ​ရာ​ကာ​လ​မ​တိုင်​မီ အ​ငုံ​စေ့​စုံ၍၊ အ​ပွင့်​လည်း လုံး​သော​အ​သီး ဖြစ်​စဉ်​အ​ခါ၊ အ​ညွန့်​များ​ကို တံ​စဉ်​နှင့်​ဖြတ်၍၊ အ​ခက်​အ​လက်​များ​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်။ 6သူ​တို့​သည် တောင်​ပေါ်​မှာ​နေ​တတ်​သော​ငှက်​များ၊ တော​သား​ရဲ​များ​တို့၏​အ​ဖို့​ဖြစ်၍၊ ငှက်​တို့​သည် နွေ​ကာ​လ၌​လည်း​ကောင်း၊ သား​ရဲ​အ​ပေါင်း​တို့​သည် ဆောင်း​ကာ​လ၌​လည်း​ကောင်း၊ သူ​တို့​အ​ပေါ်​မှာ နေ​ကြ​လိမ့်​မည်။ 7ထို​အ​ခါ ခိုင်​မာ​ပြင်း​ထန်​လျက် ရှေ့​ဦး​စွာ​မှ​စ၍ ယ​ခု​တိုင်​အောင် ကြောက်​မက်​ဖွယ်​ဖြစ်​ထ​သော၊ ခွန်​အား​ကြီး၍ နှိပ်​နင်း​တတ်​ထ​သော၊ မြစ်​များ​ကွဲ​ပြား​သော မြေ၌​နေ​သော​လူ​မျိုး​သည်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​တည်​ရာ ဇိ​အုန်​တောင်​သို့၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖို့ လက်​ဆောင်​ပ​ဏ္ဏာ​ကို ဆောင်​ခဲ့​ကြ​လိမ့်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 18: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ