အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနား၍ ဣသရေလအမျိုးကို တစ်ဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌ နေရာချတော်မူလိမ့်မည်။ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူတို့နှင့်ပေါင်းဖော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြလိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သူတို့ကို နေရင်းအရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် တစ်ပါးအမျိုးသားတို့ကို ထာဝရဘုရား၏ပြည်တော်တွင်၊ ကျွန်နှင့် ကျွန်မအရာ၌ထား၍ စေစားကြလိမ့်မည်။ အထက်က သိမ်းသွားဖူးသော သူတို့ကို တစ်ဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဖူးသောသူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။ ထိုအခါ ထာဝရဘုရားသည် သင့်ကိုငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတစ်ပါးစေစား၍ ဆင်းရဲစွာ အစေကျွန်ခံရခြင်းထဲကနုတ်၍၊ ချမ်းသာပေးတော်မူလျှင်၊ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့ မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသောသူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေပြီကား။
ဟေရှာယ 14 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေရှာယ 14:1-4
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ