YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 11:6-9

ဟေရှာယ 11:6-9 JBMLE

တော​ခွေး​သည် သိုး​သ​ငယ်​နှင့်​အ​တူ နေ​လိမ့်​မည်။ ကျား​သစ်​သည် ဆိတ်​သ​ငယ်​နှင့်​အ​တူ အိပ်​လိမ့်​မည်။ နွား​သ​ငယ်၊ ခြင်္သေ့​သ​ငယ်၊ ဆူ​အောင်​ကျွေး​သော အ​ကောင်​တို့​သည် အ​တူ​သွား​လာ​ကြ၍၊ လူ​သူ​ငယ်​သည် သူ​တို့​ကို ပို့​ဆောင်​လိမ့်​မည်။ နွား​မ​နှင့် ဝံ​မ​သည် အ​တူ​ကျက်​စား၍၊ သူ​တို့ သား​ငယ်​များ​သည် အ​တူ​အိပ်​ကြ​လိမ့်​မည်။ ခြင်္သေ့​သည်​လည်း နွား​ကဲ့​သို့ မြက်​ကို​စား​လိမ့်​မည်။ နို့​စို့​သူ​ငယ်​သည်​လည်း မြွေ​ဆိုး​တွင်း​ပေါ်​မှာ က​စား​လိမ့်​မည်။ နို့​ကွာ​သော သူ​ငယ်​သည်​လည်း၊ မြွေ​ဟောက်​တွင်း​ဝ၌ မိ​မိ​လက်​ကို သွင်း​လိမ့်​မည်။ ငါ၏​သန့်​ရှင်း​သော တောင်​တစ်​ပြင်​လုံး၌ အ​ချင်း​ချင်း​ညှဉ်း​ဆဲ​ခြင်း၊ ဖျက်​ဆီး​ခြင်း​ကို မ​ပြု​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ပင်​လယ်​ရေ​သည် မိ​မိ​နေ​ရာ​ကို လွှမ်း​မိုး​သ​ကဲ့​သို့၊ မြေ​ကြီး​သည် ထာ​ဝ​ရ​ဘု​ရား​ကို သိ​ကျွမ်း​ခြင်း​ပ​ညာ​နှင့် ပြည့်​စုံ​လိမ့်​မည်။