YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 9:1-17

ဟောရှေ 9:1-17 JBMLE

အို ဣ​သ​ရေ​လ​အ​မျိုး၊ တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့ ဝမ်း​မြောက်​ရွှင်​မြူး​သော​စိတ်​ရှိ၍ မ​ခုန်​နှင့်။ ကိုယ်​ဘု​ရား​သ​ခင်၌ မ​ဆည်း​ကပ်၊ အ​ခြား​သော​ဘု​ရား​နှင့် မှား​ယွင်း​ပြီ။ ကောက်​နယ်​တ​လင်း​ရှိ​သ​မျှ​တို့၌ မှား​ယွင်း​ခ​ကို နှစ်​သက်​တတ်၏။ ကောက်​နယ်​တ​လင်း​အား​ဖြင့် အ​သက်​မ​မွေး​ရ။ စ​ပျစ်​သီး​နယ်​ရာ ကျင်း​အား​ဖြင့်​လည်း အ​သက်​မ​မွေး​ရ။ စ​ပျစ်​ရည်​သစ်​လည်း သူ​တို့ မျှော်​လင့်​သည်​အ​တိုင်း မ​ထွက်​ရ။ ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​မြေ​တော်၌​မ​နေ​ရ​ဘဲ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား၍၊ အာ​ရှု​ရိ​ပြည်၌ မ​စင်​ကြယ်​သော​အ​စာ​ကို စား​ရ​ကြ​မည်။ စ​ပျစ်​ရည်​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား မ​ပြု​ရ​ကြ။ ပူ​ဇော်​သော​ယဇ်​တို့​ကို နှစ်​သက်​တော်​မ​မူ​ရ။ ထို​ယဇ်​အ​သား​သည် မ​သာ​လိုက်၍ ငို​ကြွေး​မြည်​တမ်း​သော သူ​တို့၏​အ​စာ​ကဲ့​သို့​ဖြစ်၍၊ စား​သော​သူ​အ​ပေါင်း​တို့​သည် ညစ်​ညူး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့​အ​စာ​ကို ကိုယ်​တိုင်​စား​ကြ​စေ။ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ မ​သွင်း​စေ​နှင့်။ ဓ​မ္မ​ပွဲ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ဆောင်​သော ပွဲ​နေ့​တို့၌ သင်​တို့​သည် အ​ဘယ်​သို့ ပြု​ကြ​လိမ့်​မည်​နည်း။ ပျက်​စီး​ရာ​ထဲ​က သူ​တို့​သည် ထွက်​သွား​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၌​စု၍ မင်​ဖိ​မြို့၌ သင်္ဂြိုဟ်​ကြ​လိမ့်​မည်။ ငွေ​တန်​ဆာ​ဆင်​သော နေ​ရာ​ဘုံ​ဗိ​မာန်​များ​ကို ဆူး​အ​မျိုး​မျိုး​တို့​သည် လွှမ်း​မိုး​ကြ​လိမ့်​မည်။ စစ်​ကြော​ရ​သော အ​ချိန်​ရောက်​လေ​ပြီ။ အ​ပြစ်​ပေး​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး သိ​ရ​လိမ့်​မည်။ ပ​ရော​ဖက်​သည် အ​မိုက်​ဖြစ်၏။ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ခံ​သော​သူ​သည် အ​ရူး​ဖြစ်၏။ သင်၌ အ​ပြစ်​ကြီး​သည်​အ​တိုင်း ကြီး​စွာ​သော ဖျက်​ဆီး​ခြင်း​ကို ခံ​ရ၏။ ဧ​ဖ​ရိမ်​ကင်း​စောင့်​သည် မိ​မိ​ဘု​ရား​ဘက်​မှာ နေ၏။ ပ​ရော​ဖက်​သည် ပြု​လေ​သ​မျှ​တို့၌ မု​ဆိုး​ကျော့​ကွင်း ဖြစ်၏။ သူ၏​ဘု​ရား​အိမ်​တွင် ဘေး​ပြု​သော​သူ ဖြစ်၏။ ဂိ​ဗာ​မြို့ လက်​ထက်​ကဲ့​သို့ သူ​တို့​သည် ကိုယ်​ကို အ​လွန်​ညစ်​ညူး​စေ​ကြ​ပြီ။ သူ​တို့​အ​ပြစ်​ကို အောက်​မေ့၍ ဒု​စ​ရိုက်​များ​ကို စစ်​ကြော​တော်​မူ​မည်။ တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။ ဧ​ဖ​ရိမ်၏​ဘုန်း​သည် ငှက်​ကဲ့​သို့ ပျံ​သွား​လိမ့်​မည်။ သား​ဖွား​ခြင်း၊ ကိုယ်​ဝန်​ဆောင်​ခြင်း၊ ပ​ဋိ​သ​န္ဓေ​ယူ​ခြင်း မ​ရှိ​ရ။ သား​သ​မီး​တို့​ကို ကျွေး​မွေး​သော်​လည်း၊ တစ်​ယောက်​ကို​မျှ မ​ကျန်​စေ​ခြင်း​ငှာ ငါ​လု​ယူ​မည်။ အ​ကယ်၍ သူ​တို့​ကို ငါ​စွန့်​ပစ်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် တု​ရု​မြို့​ကဲ့​သို့ ငြိမ်​ဝပ်​ရာ​အ​ရပ်၌ တည်​ဟန်​ရှိ​သော်​လည်း၊ မိ​မိ​သား​သ​မီး​တို့​ကို လူ​သတ်​လက်​သို့ အပ်​ရ​လိမ့်​မည်။ အို ထာ​ဝ​ရ​ဘု​ရား၊ ပေး​သ​နား​တော်​မူ​ပါ။ အ​ဘယ်​သို့ ပေး​တော်​မူ​ရ​မည်​နည်း။ ကိုယ်​ဝန်​မ​ဆောင်​သော ဝမ်း၊ နို့​မ​ထွက်​သော သား​မြတ်​ကို ပေး​တော်​မူ​ပါ။ ဂိ​လ​ဂါ​လ​မြို့၌ သူ​တို့​ပြု​သ​မျှ​သော​ဒု​စ​ရိုက်​ရှိ၍၊ ထို​အ​ရပ်၌ သူ​တို့​ကို ငါ​မုန်း၏။ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် ငါ့​အိမ်​မှ ငါ​နှင်​ထုတ်​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို​မ​ချစ်။ သူ​တို့ မင်း​အ​ပေါင်း​တို့​သည် ပုန်​ကန်​တတ်​သော​သူ ဖြစ်​ကြ၏။ ဧ​ဖ​ရိမ်​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊ အ​မြစ်​သွေ့​ခြောက်​လျက်​ရှိ၍ အ​သီး​ကို မ​သီး​နိုင်​ရာ။ သား​ဖွား​သော်​လည်း၊ အ​ချစ်​ဆုံး​သော​သား​တို့​ကို ငါ​သတ်​မည်။ ငါ့​ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့် စွန့်​ပစ်​တော်​မူ၍၊ သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ရပ်​ရပ်​သို့ လှည့်​လည်​ရ​ကြ​မည်။

​ဟောရှေ 9:1-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။