YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 14:1-9

ဟောရှေ 14:1-9 JBMLE

အို ဣ​သ​ရေ​လ၊ သင်​သည် ကိုယ်​ပြု​သော​ဒု​စ​ရိုက်​အ​ပြစ်​အား​ဖြင့် အ​ကျိုး​နည်း​ရှိ​သော​ကြောင့် သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လော့။ ပ​တ္ထ​နာ​စ​ကား​ကို ပြင်​ဆင်၍ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လျက်၊ အ​ကျွန်ုပ်​တို့၌ ရှိ​သ​မျှ​သော​အ​ပြစ်​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။ ကျေး​ဇူး​ပြု၍ လက်​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​နှုတ်​ခမ်း​တည်း​ဟူ​သော နွား​သ​ငယ်​တို့​ကို ပူ​ဇော်​ပါ​မည်။ အာ​ရှု​ရိ​မင်း​သည် အ​ကျွန်ုပ်​တို့​ကို မ​ကယ်​တင်​ရ။ အ​ကျွန်ုပ်​တို့​သည် မြင်း​စီး​သူ​ရဲ​မ​လုပ်​ပါ။ ကိုယ်​လက်​ဖြင့် လုပ်​သော​အ​ရာ​တို့​အား၊ ကိုယ်​တော်​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ပါ၏​ဟု နောက်​တစ်​ဖန်​မ​ဆို​ပါ။ အ​ကြောင်း​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ၌ က​ရု​ဏာ​ကျေး​ဇူး​ကို ခံ​တတ်​ကြ​ပါ၏​ဟု လျှောက်​ကြ​လော့။ ငါ​သည် အ​မျက်​ပြေ​သော​ကြောင့် သူ​တို့​ဖောက်​ပြန်​ခြင်း​ကို ပြု​ပြင်​မည်။ ကိုယ်​အ​လို​အ​လျောက် စုံ​မက်​မည်။ ငါ​သည် နှင်း​ကဲ့​သို့ ဣ​သ​ရေ​လ​အ​ပေါ်​မှာ နေ​မည်။ သူ​သည် နှင်း​ပွင့်​ကဲ့​သို့ ပွင့်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ အ​မြစ်​စွဲ​လိမ့်​မည်။ အ​ညွန့်​တို့​သည် ပြန့်​ပွား၍၊ သံ​လွင်​ပင်​ကဲ့​သို့ အ​သ​ရေ တင့်​တယ်​လိမ့်​မည်။ လေ​ဗ​နုန်​တော​ကဲ့​သို့ မွှေး​ကြိုင်​လိမ့်​မည်။ ထို​အ​ပင်၏ အ​ရိပ်​အောက်၌​နေ​သော​သူ​တို့​သည် အ​သစ်​ပြု​ပြင်​ခြင်း​ရှိ၍ စ​ပါး​ကို ပြု​စု​ကြ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ တိုး​ပွား၍ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့ ကျော်​စော​ကြ​လိမ့်​မည်။ ငါ​သည် နောက်​တစ်​ဖန် ရုပ်​တု​ဆင်း​တု​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​ရ​သ​နည်း​ဟု ဧ​ဖ​ရိမ်​သည် ပြော​လိမ့်​မည်။ သူ၏​စ​ကား​ကို​လည်း ငါ​နား​ထောင်၍ သူ့​ကို ကြည့်​ရှု​မည်။ စိမ်း​သော​ထင်း​ရှူး​ပင်​ကဲ့​သို့ ဖြစ်၍၊ သင်​သည် ငါ့​ကျေး​ဇူး​ကြောင့် အ​သီး​နှင့် ပြည့်​စုံ​လိမ့်​မည်။ အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို နား​လည်​လိမ့်​မည်။ အ​ဘယ်​သူ​သည် ဉာဏ်​ကောင်း​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​တို့​သည် ဖြောင့်​ကြ၏။ ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ထို​လမ်း​တို့၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။