YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 9:24-28

ဟေဗြဲ 9:24-28 JBMLE

ထို​သို့​နှင့်​အ​ညီ၊ မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တို့၏ ပုံ​ဖြစ်​သော၊ လူ​တို့​လက်​ဖြင့်​လုပ်​သော သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ခ​ရစ်​တော်​သည်​မ​ဝင်​ဘဲ၊ ငါ​တို့​အ​တွက်​ကြောင့် ယ​ခု ဘု​ရား​သ​ခင်၏ ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ၊ ကောင်း​ကင်​ကိုယ်​ထဲ​သို့ ဝင်​တော်​မူ​ပြီ၊- သို့​သော်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သူ​တစ်​ပါး​အ​သွေး​နှင့် နှစ်​တိုင်း အ​စဉ်​ဝင်​ရ​သ​ကဲ့​သို့ ခ​ရစ်​တော်​သည် အ​ဖန်​များ​စွာ ကိုယ်​ကို ပူ​ဇော်​ရ​သည်​မ​ဟုတ်။- ထို​သို့​ပူ​ဇော်​ရ​သည်​မှန်​လျှင်၊ က​မ္ဘာ​ဦး​မှ​စ၍ အ​ဖန်​များ​စွာ အ​သေ​ခံ​တော်​မူ​ရ၏။ ယ​ခု​မူ​ကား၊ ဤ​ကပ်​ကာ​လ​အ​ဆုံး၌ တစ်​ခါ​တည်း ကိုယ်​ကို ပူ​ဇော်​သော​အား​ဖြင့် အ​ပြစ်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ပေါ်​ထွန်း​တော်​မူ၏။- လူ​သည် တစ်​ခါ​တည်း​သေ၍ ထို​နောက်​မှ တ​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊- ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် လူ​များ​အ​ပြစ်​တို့​ကို ခံ​ခြင်း​ငှာ တစ်​ခါ​တည်း ကိုယ်​ကို​ပူ​ဇော်​ပြီး​မှ၊ နောက်​တစ်​ဖန် ထို​သ​ခင်​ကို မျှော်​လ​င့်​လျက်​နေ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ၊ အ​ပြစ်​နှင့်​မ​ဆိုင်​ဘဲ ပေါ်​ထွန်း​တော်​မူ​လ​တ္တံ့။