YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 5:11-14

ဟေဗြဲ 5:11-14 JBMLE

ထို​မေ​လ​ခိ​ဇေ​ဒက်၏​အ​ကြောင်း​ကို ငါ​တို့ ပြော​စ​ရာ​စ​ကား​အ​များ​ရှိ၏။ သို့​သော်​လည်း၊ သင်​တို့​သည် ဉာဏ်​နုံ့​သော​ကြောင့် အ​ပြော​ခက်​လှ၏။- သင်​တို့​သည် ကာ​လ​ကြာ​သော​ကြောင့် ဆ​ရာ​အ​ဖြစ်​သို့ ရောက်​သင့်​သော်​လည်း၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်၌ ရှေ့​ဦး​စွာ သင်​ရ​သော​တ​ရား​နု​တို့​ကို သူ​တစ်​ပါး​ထံ၌ တစ်​ဖန် သင်​ရ​သော အ​ကြောင်း​ရှိ​သည်​ဖြစ်၍၊ ကြေ​ခဲ​သော​အ​စာ​ကို မ​သုံး​ဆောင်၊ နို့​ကို​သာ သုံး​ဆောင်​ရ​သော​သူ ဖြစ်​ကြ၏။- နို့​ကို​သာ သုံး​ဆောင်​သော​သူ​မည်​သည်​ကား၊ သူ​ငယ်​ဖြစ်​သော​ကြောင့် ဖြောင့်​မတ်​ခြင်း​တ​ရား၌ လေ့​လာ​ခြင်း​မ​ရှိ။- ကောင်း​ကျိုး​မ​ကောင်း​ကျိုး​ကို ပိုင်း​ခြား၍ သိ​နိုင်​သော​ဉာဏ်​ပေး​တတ်​သော၊ အ​ကြား​အ​မြင် အ​တွေ့​အ​စမ်း​များ​သော သူ​တည်း​ဟူ​သော၊ စုံ​လင်​သော အ​ရွယ်​ရှိ​သော သူ​တို့​မူ​ကား၊ ကြေ​ခဲ​သော အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ရ​ကြ၏။