YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 5:1-10

ဟေဗြဲ 5:1-10 JBMLE

လူ​တို့​တွင်​ရွေး​ကောက်​သော ယဇ်​ပု​ရော​ဟိတ်​မင်း မည်​သည်​ကား၊ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​လည်း​ကောင်း ပူ​ဇော်၍၊ လူ​တို့​အ​တွက် ဘု​ရား​ဝတ်​ပြု​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော​သူ ဖြစ်၏။- သူ​သည် ကိုယ်​တိုင်​နွမ်း​ရိ​အား​နည်း​ခြင်း​ရှိ​သည်​ဖြစ်၍၊ မိုက်​သော​သူ၊ မှား​ယွင်း​သော​သူ​တို့​ကို သည်း​ခံ​ခြင်း​ငှာ တတ်​နိုင်၏။- ထို​အ​ကြောင်း​ကြောင့်​လည်း၊ လူ​များ​အ​ပြစ်​နှင့် မိ​မိ​အ​ပြစ်​ကို ဖြေ​ခြင်း​ငှာ ပူ​ဇော်​ရ၏။- ဘု​ရား​သ​ခင်​သည် အာ​ရုန်​ကို​ခေါ်​တော်​မူ​သ​ကဲ့​သို့ ခေါ်​တော်​မူ​သော​သူ​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​အ​ရာ​မြတ်​ကို မ​သိမ်း​မ​ယူ​ရ။- ထို​နည်း​တူ၊ ခ​ရစ်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ၌ မိ​မိ​ကို မိ​မိ​ချီး​မြှောက်​သည်​မ​ဟုတ်။ သင်​သည် ငါ့​သား​ဖြစ်၏။ ယ​နေ့​ပင် သင့်​ကို ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟု မိန့်​တော်​မူ​သော​သူ​သည် ခ​ရစ်​တော်​ကို ချီး​မြှောက်​တော်​မူ၏။- ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​တစ်​ချက်​လာ​သည်​ကား၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု လာ​သ​တည်း။ ထို​ခ​ရစ်​တော်​သည် လူ​ဇာ​တိ​အ​ဖြစ်၌ နေ​စဉ်​ကာ​လ၊ သေ​ခြင်း​မှ ကယ်​လွှတ်​နိုင်​တော်​မူ​သော​သူ​ကို၊ ကြီး​စွာ​သော ကြွေး​ကြော်​ခြင်း၊ မျက်​ရည်​ကျ​ခြင်း​နှင့် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သ​ဖြင့်၊ ကြောက်​ရွံ့​ရာ​အ​မှု၌ ချမ်း​သာ​ရ​သည်​ဖြစ်၍၊- ဘု​ရား​သ​ခင်၏ သား​တော်​မှန်​သော်​လည်း၊ ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​သော​အား​ဖြင့် နား​ထောင်​ခြင်း အ​ကျိုး​အ​ကြောင်း​ကို သင်​တော်​မူ၏။- ထို​သို့ စုံ​လင်​ခြင်း​သို့​ရောက်​ပြီး​မှ၊ ယုံ​ကြည်​နား​ထောင်​သော သူ​အ​ပေါင်း​တို့​အား ထာ​ဝ​ရ​ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြု​သော​သူ​ဖြစ်​တော်​မူ၍။- မေ​လ​ခိ​ဇေ​ဒက်​ကဲ့​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု ဘု​ရား​သ​ခင်​သ​မုတ်​တော်​မူ​ခြင်း​ကို ခံ​ရ၏။