YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 2:1-4

ဟေဗြဲ 2:1-4 JBMLE

ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သော ဒေ​သ​နာ​တော်​ကို မ​မေ့​မ​လျော့​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး၌​သာ၍​မှတ်​မိ​စွဲ​လမ်း​ခြင်း ရှိ​ရ​ကြ​မည်။- ကောင်း​ကင်​တ​မန်​များ​အား​ဖြင့် ထား​တော်​မူ​သော ဗျာ​ဒိတ်​တော်​သည်​တည်၍ ပြစ်​မှား​လွန်​ကျူး​ခြင်း​အ​မှု အ​မျိုး​မျိုး​တို့​သည် ခံ​ထိုက်​သော အ​ပြစ်​ဒဏ်​ကို ခံ​ရ​သည်​မှန်​လျှင်၊- အ​စ​အ​ဦး၌ သ​ခင်​ဘု​ရား​ဟော​တော်​မူ၍ ဒေ​သ​နာ​စ​ကား​တော်​ကို ကြား​ရ​သော​သူ​တို့​သည်၊ ယုံ​လောက်​သော သက်​သေ​အား​ဖြင့် ငါ​တို့​အား​ဆင့်​ဆို၍ ဟော​ပြော​သော၊ ဤ​မျှ​လောက် ကြီး​စွာ​သော ကယ်​တင်​တော်​မူ​ခြင်း​တ​ရား​ကို ငါ​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်၊ အ​ပြစ်​ဒဏ်​နှင့် အ​ဘယ်​သို့ လွတ်​ကြ​လိမ့်​မည်​နည်း။- ထို​သက်​သေ​ခံ​သော​သူ​တို့​နှင့်​အ​တူ ဘု​ရား​သ​ခင်​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော အ​မှု​အား​ဖြင့်​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး အ​ထူး​ထူး အ​ပြား​ပြား​အား​ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မိ​မိ​အ​လို​တော်​အ​တိုင်း ဝေ​ငှ​သော ဆု​ကျေး​ဇူး​အား​ဖြင့်​လည်း​ကောင်း သက်​သေ​ခံ​တော်​မူ​ပြီ။