သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့လည်းကောင်း၊- ကောင်းကင်စာရင်း၌ဝင်သော သားဦးတို့၏ အသင်းတော်သို့လည်းကောင်း၊ ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူသော ဘုရားသခင် အထံတော်သို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သော သူတော်ကောင်းတို့၏ စိတ်ဝိညာဉ်တို့ ထံသို့လည်းကောင်း၊- ပဋိညာဉ်တရားသစ်၏ အာမခံတည်းဟူသော ယေရှုထံတော်သို့လည်းကောင်း၊ အာဗေလ၏အသွေး ပြောဆိုသောအရာထက် သာ၍ မြတ်သောအရာကို ပြောဆိုသော ဖျန်းဆွတ်ခြင်း၏ အသွေးထံသို့လည်းကောင်း ရောက်ကြ၏။ သင်တို့သည် မိန့်တော်မူသောသူ၏ စကားတော်ကို မငြင်းမပယ်မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော်ကို ဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ်မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံက မိန့်တော်မူသောသူ၏ စကားကို ငါတို့သည် နားမထောင်ဘဲနေလျှင်၊ သာ၍ကြီးစွာသောအပြစ်နှင့် အဘယ်သို့ ကင်းလွတ်နိုင်မည်နည်း။- အထက်က ဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည် ဖြစ်၍၊ ယခုတစ်ဖန် ငါသည် မြေကြီးနှင့် ကောင်းကင်ကို လှုပ်ဦးမည်ဟု ကတိတော်ရှိ၏။- တစ်ဖန် ဟူသောစကား၏အဓိပ္ပာယ်ကား၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှာ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။- ထိုကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင်မည်အကြောင်း၊ ကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။- ငါတို့ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏။
ဟေဗြဲ 12 ကိုဖတ်ပါ။
နားထောင်ပါ။ ဟေဗြဲ 12
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 12:22-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ