YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:18-24

ဟေဗြဲ 12:18-24 JBMLE

ထို​မှ​တစ်​ပါး၊ သင်​တို့​သည် လက်​နှင့်​တွေ့​နိုင်​သော တောင်​သို့​လည်း​ကောင်း၊ လောင်​သော​မီး​သို့​လည်း​ကောင်း၊ မည်း​သော​တိမ်​တိုက်၊ မှောင်​မိုက်၊ မိုး​သက်​မုန်​တိုင်း​သို့ လည်း​ကောင်း၊- တံ​ပိုး​မှုတ်​ခြင်း အ​သံ​သို့​လည်း​ကောင်း၊ နှုတ်​က​ပတ်​တော် အ​သံ​သို့​လည်း​ကောင်း၊ ရောက်​ကြ​သည်​မ​ဟုတ်။ ထို​အ​သံ​တော်​ကို ကြား​သော​သူ​တို့​သည်၊ ထပ်၍ မိန့်​တော်​မ​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ တိ​ရ​စ္ဆာန်​သော်​လည်း ထို​တောင်​ကို ထိ​မိ​လျှင်၊ ကျောက်​ခဲ​နှင့် ပစ်၍ သေ​စေ​ဟု ပ​ညတ်​တော်​မူ​သံ​ကို လူ​တို့​သည် နား​မ​ခံ​နိုင်​ကြ။- ထို​သို့ ထင်​ရှား​သော​အ​ရာ​သည် အ​လွန် ကြောက်​မက်​ဖွယ်​ဖြစ်၍၊ မော​ရှေ​က၊ ငါ​သည် ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​ရှိ​သည်​ဟု ဆို၏။- သင်​တို့​သည် ဇိ​အုန်​တောင်​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ မြို့​တော်​တည်း​ဟူ​သော ကောင်း​ကင်​ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ အ​တိုင်း​မ​သိ များ​စွာ​သော ကောင်း​ကင်​တ​မန်​တို့၏ စည်း​ဝေး​ခြင်း​သို့​လည်း​ကောင်း၊- ကောင်း​ကင်​စာ​ရင်း၌​ဝင်​သော သား​ဦး​တို့၏ အ​သင်း​တော်​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင် အ​ထံ​တော်​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သော သူ​တော်​ကောင်း​တို့၏ စိတ်​ဝိ​ညာဉ်​တို့ ထံ​သို့​လည်း​ကောင်း၊- ပ​ဋိ​ညာဉ်​တ​ရား​သစ်၏ အာ​မ​ခံ​တည်း​ဟူ​သော ယေ​ရှု​ထံ​တော်​သို့​လည်း​ကောင်း၊ အာ​ဗေ​လ၏​အ​သွေး ပြော​ဆို​သော​အ​ရာ​ထက် သာ၍ မြတ်​သော​အ​ရာ​ကို ပြော​ဆို​သော ဖျန်း​ဆွတ်​ခြင်း၏ အ​သွေး​ထံ​သို့​လည်း​ကောင်း ရောက်​ကြ၏။