YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 12:1-6

ဟေဗြဲ 12:1-6 JBMLE

ထို​ကြောင့်၊ ဤ​မျှ​လောက် များ​စွာ​သော သက်​သေ​အ​ပေါင်း​တို့​သည် ငါ​တို့​ကို ဝိုင်း​ရံ​လျက်​ရှိ​ကြ​သည်​ဖြစ်၍၊ ငါ​တို့​သည် ခပ်​သိမ်း​သော ဝန်​တို့​ကို​လည်း​ကောင်း၊ နှောင့်​ယှက်​တတ်​သော ဒု​စ​ရိုက်​ကို​လည်း​ကောင်း ပယ်​ရှား၍၊ ငါ​တို့​မျက်​မှောက်၌ ထား​သော ပန်း​တုံး​တိုင်​သို့​ရောက်​ခြင်း​ငှာ၊ အား​မ​လျော့​ဘဲ ပြေး​ကြ​ကုန်​အံ့။- ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။- အ​ပြစ်​ရှိ​သော​သူ​တို့​လက်​တွင်၊ ထို​မျှ​လောက်​ကြီး​စွာ​သော ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို ခံ​တော်​မူ​သော​သ​ခင်​ကို ထောက်​ရှု​ဆင်​ခြင်​သော​အား​ဖြင့်၊ အား​လျော့​စိတ်​ပျက်​ခြင်း​နှင့် ကင်း​လွတ်​အံ့​သော​ငှာ ကြိုး​စား​ကြ​လော့။ သင်​တို့​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ဆိုင်​ပြိုင်​တိုက်​လှန်၍ ကိုယ်​အ​သွေး ထွက်​သည်​တိုင်​အောင် မ​ခံ​ရ​ကြ​သေး။- ထို​မှ​တစ်​ပါး၊ ငါ့​သား၊ ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မ​နေ​နှင့်။ သင်၏​အ​ပြစ်​ကို စစ်​ဆေး​တော်​မူ​သော​အ​ခါ စိတ်​မ​ပျက်​နှင့်။- ထာ​ဝ​ရ​ဘု​ရား​သည် ချစ်​တော်​မူ​သော​သူ​ကို ဆုံး​မ​တော်​မူ​တတ်၏။ လက်​ခံ​တော်​မူ​သ​မျှ​သော သား​တို့​ကို ဒဏ်​ခတ်​တော်​မူ​တတ်၏​ဟု သူ​ငယ်​တို့​ကို ဆို​သ​ကဲ့​သို့၊ သင်​တို့​ကို ပြော​ဆို​သော ဩ​ဝါ​ဒ​စ​ကား​ကို မေ့​လျော့​ကြ​သ​လော။