YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:7-28

ဟေဗြဲ 11:7-28 JBMLE

နော​ဧ​သည် မ​မြင်​သေး​သော အ​မှု​အ​ရာ​တို့​ကို ဖော်​ပြ​သော ဗျာ​ဒိတ်​တော်​ကို​ခံ​ရ​ပြီး​မှ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ကြောက်​ရွံ့​သော​စိတ်​ရှိ၍၊ မိ​မိ​အိမ်​သူ​အိမ်​သား​တို့​ကို ကယ်​တင်​ခြင်း​ငှာ သင်္ဘော​ကို​တည်​လေ၏။ ထို​ယုံ​ကြည်​ခြင်း​အား​ဖြင့် လော​ကီ​သား​တို့​ကို အ​ပြစ်​တင်၍ ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ခြင်း​ကို​လည်း အ​မွေ​ခံ​ရ၏။ အာ​ဗြ​ဟံ​သည် အ​မွေ​ခံ​ရ​လ​တ္တံ့​သော​ပြည်​သို့ ထွက်​သွား​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​ခေါ်​တော်​မူ​သော​အ​ခါ၊ သူ​သည် အ​ဘယ်​အ​ရပ်​သို့​သွား​သည်​ကို ကိုယ်​တိုင်​မ​သိ​ဘဲ​လျက်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် နား​ထောင်၍ ထွက်​သွား​လေ၏။- သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​နေ​သ​ကဲ့​သို့၊ က​တိ​တော်​နှင့် စပ်​ဆိုင်​သော​ပြည်၌ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဧည့်​သည်​ဖြစ်၍​နေ၏။ ထို​က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော အ​ဖော်​အ​ဖက်​တည်း​ဟူ​သော ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ တဲ၌​နေ​လေ၏။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် တည်​ထောင်​ပြု​စု​တော်​မူ​သော၊ ခိုင်​ခံ့​မြဲ​မြံ​သော​မြို့​ကို မျှော်​လ​င့်​သ​တည်း။- သူ၏​ခင်​ပွန်း​စာ​ရာ​သည်​လည်း အ​ရွယ်​လွန်​သော​အ​ခါ၊ ပ​ဋိ​သ​န္ဓေ​ယူ​နိုင်​သော အ​ခွင့်​တန်​ခိုး​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​လေ၏။ အ​ကြောင်း​မူ​ကား၊ က​တိ​ထား​တော်​မူ​သော​သူ​သည် သ​စ္စာ​ရှိ​သည်​ဟု စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။- သို့​ဖြစ်၍၊ ထို​အ​မှု​အ​ရာ၌ လူ​သေ​နှင့်​တူ​သော သူ​တစ်​ယောက်​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​ကမ်း​နား၌ မ​ရေ​တွက်​နိုင်​သော သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ များ​စွာ​သော​သူ​တို့၏​အ​ဘ ဖြစ်​သ​တည်း။- ယ​ခု​ဆို​ခဲ့​ပြီး​သော သူ​အ​ပေါင်း​တို့​သည်၊ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ဘဲ၊ အ​ဝေး​က​မြော်​မြင်​လျက်၊ စိတ်​နှ​လုံး​နှင့် ဖက်​ယမ်း​လျက်၊ မိ​မိ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တစ်​ကျွန်း​သူ​တစ်​နိုင်​ငံ​သား၊ ဧည့်​သည် အာ​ဂ​န္တု​ဖြစ်​သည်​ကို ထင်​ရှား​စွာ​ဝန်​ခံ​လျက်၊ ယုံ​ကြည်​ခြင်း​စိတ်​နှင့် သေ​လွန်​ကြ၏။- ထို​သို့ ဝန်​ခံ​သော​သူ​တို့​သည် မိ​မိ​တို့​အ​ဘ​ပြည်​ကို ရှာ​ကြ​သည်​ဟု အ​တည့်​အ​လင်း​ပြော​ဆို​ကြ၏။- ထို​သူ​တို့​သည် အ​ထက်​က​ထွက်​သွား​သော ပြည်​ကို အောက်​မေ့​သည်​မှန်​လျှင်၊ ထို​ပြည်​သို့ ပြန်​ရ​သော​အ​ခွင့် ရှိ​ကြ၏။- ထို​ပြည်​ကို​မ​အောက်​မေ့​ဘဲ၊ ကောင်း​ကင်​ပြည် တည်း​ဟူ​သော သာ၍​မြတ်​သော​ပြည်​ကို တောင့်​တ​ခြင်း​ရှိ​ကြ၏။ ထို​ကြောင့်၊ ဘု​ရား​သ​ခင်​သည် သူ​တို့၏​ဘု​ရား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​ကို​ရှက်​တော်​မ​မူ၊ သူ​တို့​နေ​စ​ရာ​ဖို့ မြို့​ကို တည်​ထောင်​တော်​မူ​ပြီ။ အာ​ဗြ​ဟံ​သည် စုံ​စမ်း​တော်​မူ​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​ဇာက်​ကို​ပူ​ဇော်၏။- ဣ​ဇာက်၌​သာ သင်၏​အ​မျိုး​တည်​လိမ့်​မည်​ဟူ​သော ဗျာ​ဒိတ်​တော်​မှ​စ၍ က​တိ​တော်​များ​ကို ခံ​ရ​သော​သူ​သည်၊ မိ​မိ၌ တစ်​ယောက်​တည်း​သော ထို​သား​ကို ပူ​ဇော်၏။- ထို​သို့​ပူ​ဇော်​သော​အ​ခါ သေ​ခြင်း​မှ ထ​မြောက်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ​သည်​ကို သူ​သည်​အောက်​မေ့၏။ ထို​သား​ကို ပုံ​စ​ကား​အား​ဖြင့် သေ​ခြင်း​ထဲ​က​ရ၏။- ဣ​ဇာက်​သည်​လည်း၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​နာ​ဂတ်​အ​ရာ​တို့​ကို အ​မှတ်​ပြု၍ ယာ​ကုပ်​နှင့် ဧ​သော​ကို ကောင်း​ချီး​ပေး၏။- ယာ​ကုပ်​သည်​လည်း၊ သေ​ချိန်​နီး​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ယော​သပ်၏ သား​နှစ်​ယောက်​ကို ကောင်း​ချီး​ပေး၍၊ တောင်​ဝှေး​ထိပ်​အ​ပေါ်​မှာ ကိုး​ကွယ်​လေ၏။- ယော​သပ်​သည် သေ​ဆဲ​ရှိ​သော​အ​ခါ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ထွက်​မြောက်​ခြင်း​အ​ရာ​ကို ပြ၍၊ မိ​မိ​အ​ရိုး​တို့၏ အ​ကြောင်း​ကို မှာ​ထား​လေ၏။ မော​ရှေ​ကို ဖွား​မြင်​ပြီး​မှ အ​ဆင်း​လှ​သော သူ​ငယ်​ဖြစ်​သည်​ကို မိ​ဘ​တို့​သည်​မြင်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို မ​ကြောက်​ဘဲ သုံး​လ​ပတ်​လုံး သူ့​ကို ဝှက်​ထား​လေ၏။- မော​ရှေ​သည် အ​သက်​အ​ရွယ်​ကြီး​သော​အ​ခါ အ​ပြစ်​ရှိ​သော ကာ​မ​ဂုဏ်​ကို ခ​ဏ​ခံ​စား​ခြင်း​ထက်၊ ဘု​ရား​သ​ခင်၏​လူ​တို့​နှင့် အ​တူ​ညှဉ်း​ဆဲ​ခံ​ရ​ခြင်း​ကို သာ၍ အ​လို​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၏ စည်း​စိမ်​ထက် ခ​ရစ်​တော်​ကြောင့် ကဲ့​ရဲ့​ခြင်း​ဒု​က္ခ​သည် သာ၍​မြတ်​သော စည်း​စိမ်​ဖြစ်​သည်​ကို စိတ်​ထင်​သ​ဖြင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​စိတ်​ရှိ၍ ဖာ​ရော​ဘု​ရင်​သ​မီး၏​သား​ဟူ၍ ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ပယ်၏။ အ​ကြောင်း​မူ​ကား၊ နောက်​ရ​လ​တ္တံ့​သော​အ​ကျိုး​ကို ထောက်​စာ​မျှော်​လ​င့်​လျက်​နေ၏။- ယုံ​ကြည်​ခြင်း​အား​ဖြင့် ရှင်​ဘု​ရင်​အ​မျက်​ကို မ​ကြောက်​ဘဲ၊ အဲ​ဂု​တ္တု​ပြည်​ကို စွန့်​သွား၏။ အ​ကြောင်း​မူ​ကား၊ မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်​ကို မြင်​ရ​ဘိ​သ​ကဲ့​သို့ တည်​ကြည်​ခြင်း​ရှိ၏။- သား​ဦး​များ​ကို ဖျက်​ဆီး​သော​သူ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို ဒဏ်​မ​ခတ်​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ပ​သ​ခါ​ပွဲ​ကို​လည်း​ကောင်း၊ အ​သွေး​ဖျန်း​ဆွတ်​ခြင်း​ကို​လည်း​ကောင်း စောင့်​လေ၏။

​ဟေဗြဲ 11:7-28 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။