YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 11:32-40

ဟေဗြဲ 11:32-40 JBMLE

ထို​မှ​တစ်​ပါး၊ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သေး​သ​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​မှ​စ၍ ပ​ရော​ဖက်​တို့​အ​ကြောင်း​များ​ကို ပြော၍​မ​ကုန်​နိုင်။- ထို​သူ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ခြား​သော​တိုင်း​နိုင်​ငံ​ကို အောင်​ခြင်း၊ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ က​တိ​တော်​ကို ဝင်​စား​ခြင်း၊ ခြင်္သေ့​နှုတ်​ကို ပိတ်​ခြင်း၊- မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။- မိန်း​မ​တို့​သည်​လည်း၊ သေ​ခြင်း​မှ ထ​မြောက်​သော မိ​မိ​တို့​သား​ကို ရ​ပြန်​ကြ၏။ အ​ချို့​သော​သူ​တို့​သည်၊ သာ၍​မြတ်​သော ထ​မြောက်​ခြင်း​သို့ ရောက်​လို​သော​ငှာ၊ လွှတ်​ခြင်း​ကို​မ​ခံ​မ​ယူ​ဘဲ ပြင်း​စွာ​သော ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ၏။- အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ရိုက်​ပုတ်​ခြင်း၊ ချည်​နှောင်​ခြင်း​ကို​ခံ၍ ထောင်​ထဲ​မှာ​နေ​ရ​သ​ဖြင့်၊ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ၏။- ကျောက်​ခဲ​နှင့် ပစ်​ခြင်း၊ လွှ​နှင့် အ​ပိုင်း​ပိုင်း​တိုက်​ဖြတ်​ခြင်း၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း၊ ဓား​လက်​နက်​နှင့် ကွပ်​မျက်​ခြင်း​ကို ခံ​ရ​ကြ၏။ အ​လွန်​ဆင်း​ရဲ​လျက် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို ခံ​လျက်၊ သိုး​ရေ၊ ဆိတ်​ရေ​ကို​ဝတ်၍ လှည့်​လည်​ရ​ကြ၏။- ဤ​လော​က​သည် ထို​သူ​တို့​နှင့် မ​ထိုက်​မ​တန်။ သူ​တို့​သည် တော​ကြို​တောင်​ကြား၊ ဥ​မင်​မြေ​တွင်း​ထဲ​မှာ အ​ပြောင်း​ပြောင်း အ​လည်​လည် နေ​ရ​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် ချီး​မွမ်း​ခြင်း​သို့ ရောက်​သော်​လည်း၊ က​တိ​တော်​အ​တိုင်း အ​ကျိုး​ကျေး​ဇူး​ကို မ​ခံ​ရ​ကြ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် ငါ​တို့​မ​ပါ​ဘဲ စုံ​လင်​ခြင်း​သို့ မ​ရောက်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အ​ဖို့ အ​လို​ငှာ သာ၍​မြတ်​သော ကျေး​ဇူး​ကို ကြံ​စည်​တော်​မူ၏။

​ဟေဗြဲ 11:32-40 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။