သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်လည်းကောင်း၊ ထိုသို့ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဖော် ဖြစ်သဖြင့်လည်းကောင်း၊ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာများကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။- ထိုအခါ သင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသောစိတ် ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတစ်ပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဖို့ ကောင်းကင်ဘုံ၌ သာ၍မြတ်သော အမြဲတည်သော ဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။- ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။- ဘုရားသခင်၏အလိုတော်ကို ဆောင်ပြီးမှ၊ ကတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်းစိတ်ရှိရမည်။- အဘယ်ကြောင့်နည်း ဟူမူကား၊ ကြွလာလတ္တံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မီ ရောက်တော်မူလိမ့်မည်။- ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ၏။- ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှာ ရွေ့လျော့သောသူ မဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ ယုံကြည်သောသူ ဖြစ်ကြ၏။
ဟေဗြဲ 10 ကို ဖတ်ရှုရန်
နားထောင်ရန် ဟေဗြဲ 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဟေဗြဲ 10:32-39
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ