YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 10:32-35

ဟေဗြဲ 10:32-35 JBMLE

သင်​တို့​သည် အ​လင်း​သို့​ရောက်​ပြီး​သည်​နောက်၊ လူ​များ​ရှေ့​မှာ ကဲ့​ရဲ့​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သို့​ခံ​ရ​သော​သူ​တို့​နှင့် ဆက်​ဆံ​သော အ​ပေါင်း​အ​ဖော် ဖြစ်​သ​ဖြင့်​လည်း​ကောင်း၊ ကြီး​စွာ​သော ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​များ​ကို ဆိုင်​ပြိုင်​တိုက်​လှန်​ခြင်း​နှင့် တွေ့​ကြုံ​သော အ​ထက်​ကာ​လ​အ​ချိန်​ကို အောက်​မေ့​ကြ​လော့။- ထို​အ​ခါ သင်​တို့​သည် အ​ကျဉ်း​ခံ​ရ​သော သူ​တို့​အ​တွက်​ကြောင့် ကြင်​နာ​သော​စိတ် ရှိ​ရ​သည်​သာ​မ​က၊ ကိုယ်​ပ​စ္စည်း​ဥ​စ္စာ​များ​ကို သူ​တစ်​ပါး​လု​ယူ​ဖျက်​ဆီး​သော်​လည်း၊ ကိုယ်​သုံး​စ​ရာ​ဖို့ ကောင်း​ကင်​ဘုံ၌ သာ၍​မြတ်​သော အ​မြဲ​တည်​သော ဘ​ဏ္ဍာ​ရှိ​သည်​ကို​သိ၍၊ လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝန်​ခံ​ကြ၏။- ထို​ကြောင့်၊ ကြီး​စွာ​သော​အ​ကျိုး​နှင့်​ယှဉ်​သော သင်​တို့၏ ရဲ​ရင့်​ခြင်း​စိတ်​ကို မ​စွန့်​ကြ​နှင့်။