YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 49:1-28

ကမ္ဘာဦး 49:1-28 JBMLE

ထို​ရော​အ​ခါ၊ ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို​ခေါ်၍၊ သင်​တို့​သည် စည်း​ဝေး​ကြ​လော့။ နောင်​ကာ​လ​အ​ခါ၊ သင်​တို့​၌ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​များ​ကို ငါ​ဟော​ပြော​မည်။ ယာ​ကုပ်၏​သား​တို့၊ စည်း​ဝေး၍​ကြား​ကြ​လော့။ အ​ဘ​ဣ​သ​ရေ​လ၏​စ​ကား​ကို နား​ထောင်​ကြ​လော့။ အို​ရု​ဗင်၊ သင်​သည် ငါ့​သား​ဦး၊ ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ့​ခွန်​အား​အ​စ​အ​ဦး၊ ဘုန်း​အ​ထွတ်၊ တန်​ခိုး​အ​ထွတ်​ဖြစ်​၏။ သို့​သော်​လည်း ရေ​ကဲ့​သို့ ပွက်​ထ​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ ထူး​မြတ်​ခြင်း​သို့ မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​ဘ၏​အိပ်​ရာ​ကို​တက်​၍ ညစ်​ညူး​စေ၏။ ငါ့​ခု​တင်​ထက်​သို့ တက်​လေ​ပြီ​တ​ကား။ ရှိ​မောင်​နှင့် လေ​ဝိ​သည်​ညီ​အစ်​ကို​ဖြစ်​၏။ အ​ဓ​မ္မ​အ​မှု​ကို​ကြံ​သည်​အ​တိုင်း ပြီး​စီး​ကြ​ပြီ။ ငါ့​ဝိ​ညာဉ်​သည် သူ​တို့​လျှို့​ဝှက်​ခြင်း​အ​မှု​ထဲ​သို့ မ​ဝင်​ရ။ ငါ့​ဘုန်း​သည် သူ​တို့​စည်း​ဝေး​ရာ​နှင့်​အ​သင်း​မ​ဖွဲ့​ရ။ သူ​တို့​သည်​အ​မျက်​ထွက်၍ လူ​အ​သက်​ကို သတ်​ကြ​ပြီ။ ကိုယ်​အ​လို​သို့​လိုက်၍​မြို့​ကို​ဖြို​ဖျက်​ကြ​ပြီ။ သူ​တို့​ပြင်း​စွာ​ထွက်​သော​အ​မျက်၊ ကြမ်း​တမ်း​စွာ​သော​ဒေါ​သ​သည် ကျိန်​ခြင်း​ကို ခံ​ပါ​စေ​သော။ ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်​သား​တို့​တွင် သူ​တို့​ကို ငါ​ကွဲ​ပြား ပြန့်​လွင့်​စေ​မည်။ အို​ယု​ဒ၊ သင်​သည်​ညီ​အစ်​ကို​တို့ ချီး​မွမ်း​ရ​သော​သူ​ဖြစ်​၏။ သင်၏​လက်​သည် သင်၏​ရန်​သူ​လည်​ပင်း​ပေါ်​မှာ ရှိ​လိမ့်​မည်။ အ​ဘ၏​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ချ​ကြ​လိမ့်​မည်။ ယု​ဒ​သည် ခြင်္သေ့​ပျို​ဖြစ်​၏။ ငါ့​သား၊ သင်​သည်​ဖမ်း​ယူ​ကိုက်​စား​ရာ​မှ တက်​လာ​တတ်၏။ ဝပ်​လျက်​နေ၏။ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ခြင်္သေ့​မ​ကဲ့​သို့​လည်း​ကောင်း ဝပ်​တွား​တတ်​၏။ အ​ဘယ်​သူ​နှိုး​ဆော်​ဝံ့​မည်​နည်း။ ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ မိ​မိ​မြည်း​ကို​စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း၊ မြည်း​က​လေး​ကို​အ​မြတ်​ဆုံး​သော စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း ချည်​နှောင်​၍၊ မိ​မိ​အ​ဝတ်​ပု​ဆိုး​များ​ကို စ​ပျစ်​သီး​အ​သွေး​တည်း​ဟူ​သော​စ​ပျစ်​ရည်​ဖြင့် လျှော်​လိမ့်​မည်။ သူ၏​မျက်​စိ​သည် စ​ပျစ်​ရည်​နှင့်​နီ​လိမ့်​မည်။ သွား​သည်​လည်း နို့​နှင့်​ဖြူ​လိမ့်​မည်။ ဇာ​ဗု​လုန်​သည် ပင်လယ်ကမ်း​နား​မှာ​နေ၍၊ သင်္ဘော​ဆိပ်​ဖြစ်​လိမ့်​မည်။ သူ၏​နယ်​သည် ဇိ​ဒုန်​မြို့​တိုင်​အောင် ကျယ်​ဝန်း​လိမ့်​မည်။ ဣ​သ​ခါ​သည်​တောင်​ကြား​မှာ​ဝပ်​လျက် အား​ကြီး​သော​မြည်း​ဖြစ်​၏။ ငြိမ်​ဝပ်​ရာ​အ​ရပ်​ကောင်း၍ မြေ​သာ​ယာ​သည်​ကို​မြင်​သ​ဖြင့်၊ မိ​မိ​ပ​ခုံး​ပေါ်​မှာ ထမ်း​ပိုး​ကို​တင်​ထမ်း၍၊ အ​ခွန်​ပေး​သော​ကျွန်​ဖြစ်​လေ​၏။ ဒန်​သည် ဣ​သ​ရေ​လ​အ​နွယ်​တစ်​စုံ​တစ်​ပါး​ကဲ့​သို့၊ မိ​မိ​လူ​တို့​ကို​စီ​ရင်​လိမ့်​မည်။ ဒန်​သည် လမ်း​၌​နေ​သော​မြွေ​ဖြစ်​လိမ့်​မည်။ မြင်း​စီး​သော​သူ​ကို နောက်​သို့ လဲ​စေ​ခြင်း​ငှာ လမ်း​ကြား​မှာ​နေ၍၊ မြင်း​ခြေ​ကို​ကိုက်​တတ်​သော မြွေ​ဆိုး​ဖြစ်​လိမ့်​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မျှော်​လင့်​လျက်​နေ​ပါ​ပြီ။ ဂဒ်​မူ​ကား၊ စစ်​သူ​ရဲ​တို့​သည် သူ့​ကို​တိုက်​ကြ၍၊ သူ​သည် ပြန်​တိုက်​လိမ့်​မည်။ အာ​ရှာ၌​ဖြစ်​သော​အ​စာ​သည် အ​ရ​သာ​နှင့်​ပြည့်​စုံ​၍၊ မင်း၏​ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို ထုတ်​ပေး​လိမ့်​မည်။ နဿ​လိ​သည်​လှ​သော​အ​ခက်​အ​လက်​နှင့်​ပြည့်​စုံ၍၊ ကျယ်​ဝန်း​သော သ​ပိတ်​ပင်​ဖြစ်၏။ ယော​သပ်​သည်​သန်​သော​ပျိုး​ပင်၊ ရေ​တွင်း​နား​မှာ သန်​သော​ပျိုး​ပင်​ဖြစ်၏။ အ​ခက်​အ​လက်​တို့​သည် အုတ်​ရိုး​ပေါ်​မှာ​ကျော်​သွား​ကြ​၏။ လေး​သ​မား​တို့​သည် သူ့​ကို​အ​ငြိုး​ထား၍၊ အ​လွန်​ညှဉ်း​ဆဲ​ပစ်​ခတ်​ကြ၏။ သို့​သော်​လည်း သူ၏​လေး​သည်​အား​မ​လျော့။ သူ​ကိုင်​သော လက်​နက်​တို့​သည်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား၏​လက်​ဖြင့်​လည်း​ကောင်း၊ သိုး​ထိန်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်​ဖြင့်​လည်း​ကောင်း၊ သင့်​ကို​မ​စ​တော်​မူ​သော သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​သော အ​န​န္တ​တန်​ခိုး​ရှင်​အား​ဖြင့်​လည်း​ကောင်း ခိုင်​မာ​လျက်​ရှိ၏။ ထို​ဘု​ရား​သည် အ​ထက်​မိုး​ကောင်း​ကင်၏​မင်္ဂ​လာ၊ အောက်​နက်​နဲ​သော​အ​ရပ်၏​မင်္ဂ​လာ၊ သား​မြတ်​နှင့်​ဆိုင်​သော​မင်္ဂ​လာ၊ ဝမ်း​နှင့်​ဆိုင်​သော​မင်္ဂ​လာ​တို့​ဖြင့် သင့်​ကို​ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်၏​အ​ဘ​ပေး​သော​ကောင်း​ချီး​မင်္ဂ​လာ​သည်၊ ထာ​ဝ​ရ​တောင်​တို့၌​ဖြစ်​သော ကောင်း​ချီး​မင်္ဂ​လာ၊ ထာ​ဝ​ရ​ကုန်း​တို့၌ နှစ်​သက်​ဖွယ်​သော​အ​ရာ​တို့​ထက် သာ၍​မြတ်၏။ ထို​မင်္ဂ​လာ​သည် ယော​သပ်​ခေါင်း​ပေါ်၊ မိ​မိ​အစ်​ကို​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ၏​ခေါင်း​ထိပ်​ပေါ်​မှာ သက်​ရောက်​ပါ​စေ​သော။ ဗင်္ယာ​မိန်​သည် လု​ယူ​ကိုက်​စား​တတ်​သော​တော​ခွေး​ဖြစ်​လိမ့်​မည်။ ဖမ်း​ရ​သော​အ​ရာ​ကို နံ​နက်​အ​ချိန်၌​ကိုက်​စား၍၊ လု​ယူ​သော​အ​ရာ​ကို​လည်း ည​အ​ချိန်၌​ဝေ​ဖန်​လိမ့်​မည်​ဟု မြွက်​ဆို၏။ ဤ​သူ​တို့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဆယ်​နှစ်​မျိုး​ဖြစ်၏။ ဤ​စ​ကား​သည်​လည်း သူ​တို့​အ​ဘ​မြွက်​ဆို၍၊ သူ​တို့​အ​သီး​အ​သီး​ခံ​ရ​သော​မင်္ဂ​လာ​ရှိ​သည်​အ​တိုင်း၊ ကောင်း​ချီး​ပေး​သော​စ​ကား​ပေ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။