YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 49:1-12

ကမ္ဘာဦး 49:1-12 JBMLE

ထို​ရော​အ​ခါ၊ ယာ​ကုပ်​သည် မိ​မိ​သား​တို့​ကို​ခေါ်၍၊ သင်​တို့​သည် စည်း​ဝေး​ကြ​လော့။ နောင်​ကာ​လ​အ​ခါ၊ သင်​တို့​၌ ဖြစ်​လ​တ္တံ့​သော​အ​မှု​အ​ရာ​များ​ကို ငါ​ဟော​ပြော​မည်။ ယာ​ကုပ်၏​သား​တို့၊ စည်း​ဝေး၍​ကြား​ကြ​လော့။ အ​ဘ​ဣ​သ​ရေ​လ၏​စ​ကား​ကို နား​ထောင်​ကြ​လော့။ အို​ရု​ဗင်၊ သင်​သည် ငါ့​သား​ဦး၊ ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ့​ခွန်​အား​အ​စ​အ​ဦး၊ ဘုန်း​အ​ထွတ်၊ တန်​ခိုး​အ​ထွတ်​ဖြစ်​၏။ သို့​သော်​လည်း ရေ​ကဲ့​သို့ ပွက်​ထ​သော​သ​ဘော​ရှိ​သည်​ဖြစ်၍၊ ထူး​မြတ်​ခြင်း​သို့ မ​ရောက်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​သည် အ​ဘ၏​အိပ်​ရာ​ကို​တက်​၍ ညစ်​ညူး​စေ၏။ ငါ့​ခု​တင်​ထက်​သို့ တက်​လေ​ပြီ​တ​ကား။ ရှိ​မောင်​နှင့် လေ​ဝိ​သည်​ညီ​အစ်​ကို​ဖြစ်​၏။ အ​ဓ​မ္မ​အ​မှု​ကို​ကြံ​သည်​အ​တိုင်း ပြီး​စီး​ကြ​ပြီ။ ငါ့​ဝိ​ညာဉ်​သည် သူ​တို့​လျှို့​ဝှက်​ခြင်း​အ​မှု​ထဲ​သို့ မ​ဝင်​ရ။ ငါ့​ဘုန်း​သည် သူ​တို့​စည်း​ဝေး​ရာ​နှင့်​အ​သင်း​မ​ဖွဲ့​ရ။ သူ​တို့​သည်​အ​မျက်​ထွက်၍ လူ​အ​သက်​ကို သတ်​ကြ​ပြီ။ ကိုယ်​အ​လို​သို့​လိုက်၍​မြို့​ကို​ဖြို​ဖျက်​ကြ​ပြီ။ သူ​တို့​ပြင်း​စွာ​ထွက်​သော​အ​မျက်၊ ကြမ်း​တမ်း​စွာ​သော​ဒေါ​သ​သည် ကျိန်​ခြင်း​ကို ခံ​ပါ​စေ​သော။ ယာ​ကုပ်​အ​မျိုး၊ ဣ​သ​ရေ​လ​အ​နွယ်​သား​တို့​တွင် သူ​တို့​ကို ငါ​ကွဲ​ပြား ပြန့်​လွင့်​စေ​မည်။ အို​ယု​ဒ၊ သင်​သည်​ညီ​အစ်​ကို​တို့ ချီး​မွမ်း​ရ​သော​သူ​ဖြစ်​၏။ သင်၏​လက်​သည် သင်၏​ရန်​သူ​လည်​ပင်း​ပေါ်​မှာ ရှိ​လိမ့်​မည်။ အ​ဘ၏​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ချ​ကြ​လိမ့်​မည်။ ယု​ဒ​သည် ခြင်္သေ့​ပျို​ဖြစ်​၏။ ငါ့​သား၊ သင်​သည်​ဖမ်း​ယူ​ကိုက်​စား​ရာ​မှ တက်​လာ​တတ်၏။ ဝပ်​လျက်​နေ၏။ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ခြင်္သေ့​မ​ကဲ့​သို့​လည်း​ကောင်း ဝပ်​တွား​တတ်​၏။ အ​ဘယ်​သူ​နှိုး​ဆော်​ဝံ့​မည်​နည်း။ ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ မိ​မိ​မြည်း​ကို​စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း၊ မြည်း​က​လေး​ကို​အ​မြတ်​ဆုံး​သော စ​ပျစ်​နွယ်​ပင်၌​လည်း​ကောင်း ချည်​နှောင်​၍၊ မိ​မိ​အ​ဝတ်​ပု​ဆိုး​များ​ကို စ​ပျစ်​သီး​အ​သွေး​တည်း​ဟူ​သော​စ​ပျစ်​ရည်​ဖြင့် လျှော်​လိမ့်​မည်။ သူ၏​မျက်​စိ​သည် စ​ပျစ်​ရည်​နှင့်​နီ​လိမ့်​မည်။ သွား​သည်​လည်း နို့​နှင့်​ဖြူ​လိမ့်​မည်။