YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 45:8-15

ကမ္ဘာဦး 45:8-15 JBMLE

သို့​ဖြစ်၍ သင်​တို့​သည် ကျွန်ုပ်​ကို​ဤ​အ​ရပ်​သို့ စေ​လွှတ်​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သ​တည်း။ ကျွန်ုပ်​ကို​ဖာ​ရော​ဘု​ရင်၏​အ​ဘ​အ​ရာ၌​လည်း​ကောင်း၊ နန်း​တော်​အုပ်​အ​ရာ၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​လုံး​ကို အုပ်​စိုး​သော​သ​ခင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ပြီ။ အ​လျင်​အ​မြန်​ထ၍ အ​ဘ​ထံ​သို့​သွား​ကြ​လော့။ အ​ဘ​အား​လည်း၊ သား​ယော​သပ်​က၊ ဘု​ရား​သ​ခင်​သည် ကျွန်ုပ်​ကို အဲ​ဂု​တ္တု​ပြည်​လုံး​သ​ခင်​ဖြစ်​စေ​တော်​မူ​ပြီ။ ကျွန်ုပ်​ထံ​သို့​လာ​ပါ၊ မ​ဆိုင်း​ပါ​နှင့်။ အ​ဘ​သည် ဂေါ​ရှင်​အ​ရပ်၌​နေ​ရ​မည်။ ကျွန်ုပ်​အ​နား​မှာ​ရှိ​ရ​မည်။ အ​ဘ​မှ​စ၍ သား​မြေး၊ သိုး၊ နွား​နှင့်​တ​ကွ ရှိ​သ​မျှ​ပါ​ရ​မည်။ ထို​အ​ရပ်၌ ကျွန်ုပ်​ကျွေး​မွေး​ပါ​မည်။ သို့​မ​ဟုတ် အ​ဘ​မှ​စ၍ အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ရှိ​သ​မျှ​တို့​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​သည်​ဟု ပြော​ကြ​လော့။ ကျွန်ုပ်​သည် ကိုယ်​တိုင်​သင်​တို့​နှင့်​နှုတ်​ဆက်​သည်​ကို၊ သင်​တို့​မျက်​စိ၊ ကျွန်ုပ်​ညီ​ဗင်္ယာ​မိန်​မျက်​စိ အ​မြင်​သား​ဖြစ်၏။ အဲ​ဂု​တ္တု​ပြည်၌ ကျွန်ုပ်​ရ​သော ဘုန်း​စည်း​စိမ်​မှ​စ၍ သင်​တို့​မြင်​သ​မျှ​တို့​ကို အ​ဘ​အား​ပြော​ရ​မည်။ အ​လျင်​အ​မြန်​ပြု၍ အ​ဘ​ကို ဤ​ပြည်​သို့​ဆောင်​ခဲ့​ရ​မည်​ဟု ဆို​ပြီး​လျှင်၊ ညီ​ဗင်္ယာ​မိန်​လည်​ပင်း​ကို​ဖက်၍ ငို​လေ၏။ ဗင်္ယာ​မိန်​သည်​လည်း သူ၏​လည်​ပင်း၌​ငို​လေ၏။ တစ်​ဖန် အစ်​ကို​ရှိ​သ​မျှ​တို့​ကို​နမ်း၍ သူ​တို့​နှင့်​ငို​သော​နောက် အ​ချင်း​ချင်း​နှုတ်​ဆက်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။