YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 45:4-9

ကမ္ဘာဦး 45:4-9 JBMLE

ယော​သပ်​က​လည်း၊ ကျွန်ုပ်​အ​နီး​အ​ပါး​သို့​လာ​ကြ​ပါ​လော့​ဟု အစ်​ကို​တို့​အား​ဆို​လျှင်၊ သူ​တို့​သည် အ​နီး​အ​ပါး​သို့​ချဉ်း​လာ​ကြ၏။ သူ​က​လည်း ကျွန်ုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောင်း​လိုက်​သော သင်​တို့​ညီ​ဖြစ်​ပါ၏။ သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ မြေ​ပေါ်​မှာ နှစ်​နှစ်​အ​စာ​ခေါင်း​ပါး​ခဲ့​ပြီ။ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း​ကို မ​ပြု​ရ​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏။ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ကျွန်ုပ်​ကို​ဤ​အ​ရပ်​သို့ စေ​လွှတ်​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သ​တည်း။ ကျွန်ုပ်​ကို​ဖာ​ရော​ဘု​ရင်၏​အ​ဘ​အ​ရာ၌​လည်း​ကောင်း၊ နန်း​တော်​အုပ်​အ​ရာ၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​လုံး​ကို အုပ်​စိုး​သော​သ​ခင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ပြီ။ အ​လျင်​အ​မြန်​ထ၍ အ​ဘ​ထံ​သို့​သွား​ကြ​လော့။ အ​ဘ​အား​လည်း၊ သား​ယော​သပ်​က၊ ဘု​ရား​သ​ခင်​သည် ကျွန်ုပ်​ကို အဲ​ဂု​တ္တု​ပြည်​လုံး​သ​ခင်​ဖြစ်​စေ​တော်​မူ​ပြီ။ ကျွန်ုပ်​ထံ​သို့​လာ​ပါ၊ မ​ဆိုင်း​ပါ​နှင့်။