YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 45:16-28

ကမ္ဘာဦး 45:16-28 JBMLE

ယော​သပ်​အစ်​ကို​တို့​သည်​ရောက်​လာ​ကြ​ပြီ​ဟု နန်း​တော်၌​သ​တင်း​ကြား၍၊ ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော ကျွန်​တော်​မျိုး​တို့​သည်​နှစ်​သက်​ကြ၏။ ဖာ​ရော​ဘု​ရင်​သည်​လည်း​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​အား အ​ဘယ်​သို့​ပြော​ရ​မည်​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ဤ​သို့​ပြု​ကြ​လော့။ မြည်း​တို့​ကို​ဝန်​တင်၍ ခါ​နာန်​ပြည်​သို့​ပြန်​သွား​သ​ဖြင့်၊ သင်​တို့​အ​ဘ​နှင့် အိမ်​သူ​အိမ်​သား​တို့​ကို​ယူ၍ ကျွန်ုပ်​ထံ​သို့​လာ​ကြ​လော့။ အဲ​ဂု​တ္တု​ပြည်၏​စည်း​စိမ်​ကို​ငါ​ပေး၍၊ သင်​တို့​သည် မြေ​ဩ​ဇာ​ကို​သာ​စား​ရ​ကြ​လိမ့်​မည်။ အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍ ဤ​သို့​ပြု​ကြ​လော့။ သင်​တို့​မိန်း​မ​များ၊ သူ​ငယ်​များ​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က​လှည်း​တို့​ကို​ယူ​ပြီး​လျှင် အ​ဘ​ကို​ဆောင်၍​လာ​ခဲ့​ကြ​လော့။ သင်​တို့​ဥ​စ္စာ​များ​ကို မ​နှ​မြော​ကြ​နှင့်။ အဲ​ဂု​တ္တု​ပြည်၏​စည်း​စိမ်​ရှိ​သ​မျှ​သည် သင်​တို့​ဥ​စ္စာ​ဖြစ်၏​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ၏​သား​တို့​သည်​ပြု၍၊ ယော​သပ်​သည်​လှည်း​တို့​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး၌ စား​စ​ရိတ်​များ​ကို​လည်း​ကောင်း​ပေး၏။ အစ်​ကို​ရှိ​သ​မျှ​တို့​အား​လည်း​အ​ဝတ်​လဲ​စ​ရာ​ဖို့​ပေး၏။ ဗင်္ယာ​မိန်​အား​လည်း၊ ငွေ​အ​ကျပ်​သုံး​ရာ​နှင့် အ​ဝတ်​လဲ​စ​ရာ​ဖို့ အ​ဝတ်​ငါး​စုံ​ကို ထပ်၍​ပေး၏။ အ​ဘ​အား​လည်း အဲ​ဂု​တ္တု​ပြည်၏​ကောင်း​သော​အ​ရာ​တို့​ကို​ဆောင်​သော မြည်း​တစ်​ဆယ်၊ လမ်း​ခ​ရီး၌​အ​ဘ​စား​စ​ရာ​ဖို့ စ​ပါး၊ မုန့်၊ ခဲ​ဖွယ်​စား​ဖွယ်​များ​ကို ဆောင်​သော​မြည်း​တစ်​ဆယ်​ကို​ပေး​လိုက်၏။ သင်​တို့​သည် လမ်း၌​ရန်​မ​တွေ့​ကြ​နှင့်​ဟု​မှာ​ထား​လျက် အစ်​ကို​တို့​ကို လွှတ်​လိုက်၍ သူ​တို့​သည်​သွား​ကြ၏။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား၍၊ ခါ​နာန်​ပြည် အ​ဘ​ယာ​ကုပ်​ထံ​သို့ ရောက်​ကြ​လျှင်၊ ယော​သပ်​သည် အ​သက်​ရှင်​သေး၏။ အဲ​ဂု​တ္တု​ပြည်​လုံး​ကို​အုပ်​စိုး​ရ၏​ဟု ကြား​ပြော​ကြ​သည်​ရှိ​သော်၊ ယာ​ကုပ်​သည်​စိတ်​နှ​လုံး​လျော့၏။ သူ​တို့​စ​ကား​ကို မ​ယုံ​နိုင်။ သူ​တို့​သည်​လည်း ယော​သပ်​ပြော​သ​မျှ​သော​စ​ကား​တို့​ကို ပြန်​ပြော​ကြ၏။ အ​ဘ​ယာ​ကုပ်​သည် မိ​မိ​စီး​စ​ရာ​ဖို့ ယော​သပ်​ပေး​လိုက်​သော​လှည်း​တို့​ကို မြင်​သော​အ​ခါ စိတ်​နှ​လုံး​အား​ဖြည့်​ပြန်၏။ ဣ​သ​ရေ​လ​က​လည်း၊ တန်​တော့။ ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး၏။ ငါ​မ​သေ​မီ သူ့​ကို​သွား၍​ကြည့်​မည်​ဟု​ဆို၏။