YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 45:1-28

ကမ္ဘာဦး 45:1-28 JBMLE

ထို​အ​ခါ ယော​သပ်​သည် မိ​မိ​ထံ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ရှေ့​တွင်၊ ဣ​န္ဒြေ​ကို​မ​ချုပ်​တည်း​နိုင်​သော​ကြောင့်၊ လူ​အ​ပေါင်း​တို့​ငါ့​ထံ​မှ ထွက်​သွား​ကြ​ဟု​ဟစ်​၍ မိ​မိ​ဇာ​တိ​အ​ဖြစ်​ကို အစ်​ကို​တို့​အား​ပြ​သော​အ​ခါ၊ အ​ခြား​သော​သူ​တစ်​ယောက်​မျှ မ​ရှိ​ရ။ သူ​သည်​လည်း ကျယ်​သော​အ​သံ​နှင့်​ငို​ကြွေး​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် နန်း​တော်​တိုင်​အောင်​ကြား​ကြ​၏။ အစ်​ကို​တို့​အား​လည်း၊ ကျွန်ုပ်​သည်​ယော​သပ်​ဖြစ်၏။ ကျွန်ုပ်​အ​ဘ​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ဆို၏။ အစ်​ကို​တို့​သည်​စ​ကား​တုံ့​ပြန်၍ မ​ပြော​နိုင်​အောင် သူ့​ရှေ့​မှာ မိန်း​မော​တွေ​ဝေ​လျက်​နေ​ကြ​၏။ ယော​သပ်​က​လည်း၊ ကျွန်ုပ်​အ​နီး​အ​ပါး​သို့​လာ​ကြ​ပါ​လော့​ဟု အစ်​ကို​တို့​အား​ဆို​လျှင်၊ သူ​တို့​သည် အ​နီး​အ​ပါး​သို့​ချဉ်း​လာ​ကြ၏။ သူ​က​လည်း ကျွန်ုပ်​သည် အဲ​ဂု​တ္တု​ပြည်​သို့​ရောင်း​လိုက်​သော သင်​တို့​ညီ​ဖြစ်​ပါ၏။ သို့​ရာ​တွင် သင်​တို့​သည် ကျွန်ုပ်​ကို ဤ​အ​ရပ်​သို့​ရောင်း​လိုက်​မိ​သော​ကြောင့် စိတ်​မ​ညှိုး​ငယ်​ကြ​နှင့်။ ကိုယ်​ကို​အ​မျက်​မ​ထွက်​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဘု​ရား သ​ခင်​သည် လူ​တို့​အ​သက်​ကို​စောင့်​မ​စေ​ခြင်း​ငှာ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ မြေ​ပေါ်​မှာ နှစ်​နှစ်​အ​စာ​ခေါင်း​ပါး​ခဲ့​ပြီ။ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း​ကို မ​ပြု​ရ​သော​နှစ် ငါး​နှစ်​ရှိ​သေး​၏။ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​မြေ​ကြီး​ပေါ်​မှာ ကျန်​ကြွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကြီး​စွာ​သော ကယ်​တင်​ခြင်း​အား​ဖြင့် သင်​တို့​အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ရှေ့​မှာ ကျွန်ုပ်​ကို​စေ​လွှတ်​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သည် ကျွန်ုပ်​ကို​ဤ​အ​ရပ်​သို့ စေ​လွှတ်​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​သ​တည်း။ ကျွန်ုပ်​ကို​ဖာ​ရော​ဘု​ရင်၏​အ​ဘ​အ​ရာ၌​လည်း​ကောင်း၊ နန်း​တော်​အုပ်​အ​ရာ၌​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​လုံး​ကို အုပ်​စိုး​သော​သ​ခင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​ပြီ။ အ​လျင်​အ​မြန်​ထ၍ အ​ဘ​ထံ​သို့​သွား​ကြ​လော့။ အ​ဘ​အား​လည်း၊ သား​ယော​သပ်​က၊ ဘု​ရား​သ​ခင်​သည် ကျွန်ုပ်​ကို အဲ​ဂု​တ္တု​ပြည်​လုံး​သ​ခင်​ဖြစ်​စေ​တော်​မူ​ပြီ။ ကျွန်ုပ်​ထံ​သို့​လာ​ပါ၊ မ​ဆိုင်း​ပါ​နှင့်။ အ​ဘ​သည် ဂေါ​ရှင်​အ​ရပ်၌​နေ​ရ​မည်။ ကျွန်ုပ်​အ​နား​မှာ​ရှိ​ရ​မည်။ အ​ဘ​မှ​စ၍ သား​မြေး၊ သိုး၊ နွား​နှင့်​တ​ကွ ရှိ​သ​မျှ​ပါ​ရ​မည်။ ထို​အ​ရပ်၌ ကျွန်ုပ်​ကျွေး​မွေး​ပါ​မည်။ သို့​မ​ဟုတ် အ​ဘ​မှ​စ၍ အိမ်​သူ​အိမ်​သား​နှင့်​တ​ကွ ရှိ​သ​မျှ​တို့​သည် ဆင်း​ရဲ​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​သော​နှစ် ငါး​နှစ်​ရှိ​သေး​သည်​ဟု ပြော​ကြ​လော့။ ကျွန်ုပ်​သည် ကိုယ်​တိုင်​သင်​တို့​နှင့်​နှုတ်​ဆက်​သည်​ကို၊ သင်​တို့​မျက်​စိ၊ ကျွန်ုပ်​ညီ​ဗင်္ယာ​မိန်​မျက်​စိ အ​မြင်​သား​ဖြစ်၏။ အဲ​ဂု​တ္တု​ပြည်၌ ကျွန်ုပ်​ရ​သော ဘုန်း​စည်း​စိမ်​မှ​စ၍ သင်​တို့​မြင်​သ​မျှ​တို့​ကို အ​ဘ​အား​ပြော​ရ​မည်။ အ​လျင်​အ​မြန်​ပြု၍ အ​ဘ​ကို ဤ​ပြည်​သို့​ဆောင်​ခဲ့​ရ​မည်​ဟု ဆို​ပြီး​လျှင်၊ ညီ​ဗင်္ယာ​မိန်​လည်​ပင်း​ကို​ဖက်၍ ငို​လေ၏။ ဗင်္ယာ​မိန်​သည်​လည်း သူ၏​လည်​ပင်း၌​ငို​လေ၏။ တစ်​ဖန် အစ်​ကို​ရှိ​သ​မျှ​တို့​ကို​နမ်း၍ သူ​တို့​နှင့်​ငို​သော​နောက် အ​ချင်း​ချင်း​နှုတ်​ဆက်​ကြ၏။ ယော​သပ်​အစ်​ကို​တို့​သည်​ရောက်​လာ​ကြ​ပြီ​ဟု နန်း​တော်၌​သ​တင်း​ကြား၍၊ ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော ကျွန်​တော်​မျိုး​တို့​သည်​နှစ်​သက်​ကြ၏။ ဖာ​ရော​ဘု​ရင်​သည်​လည်း​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​အား အ​ဘယ်​သို့​ပြော​ရ​မည်​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ဤ​သို့​ပြု​ကြ​လော့။ မြည်း​တို့​ကို​ဝန်​တင်၍ ခါ​နာန်​ပြည်​သို့​ပြန်​သွား​သ​ဖြင့်၊ သင်​တို့​အ​ဘ​နှင့် အိမ်​သူ​အိမ်​သား​တို့​ကို​ယူ၍ ကျွန်ုပ်​ထံ​သို့​လာ​ကြ​လော့။ အဲ​ဂု​တ္တု​ပြည်၏​စည်း​စိမ်​ကို​ငါ​ပေး၍၊ သင်​တို့​သည် မြေ​ဩ​ဇာ​ကို​သာ​စား​ရ​ကြ​လိမ့်​မည်။ အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍ ဤ​သို့​ပြု​ကြ​လော့။ သင်​တို့​မိန်း​မ​များ၊ သူ​ငယ်​များ​ဖို့၊ အဲ​ဂု​တ္တု​ပြည်​ထဲ​က​လှည်း​တို့​ကို​ယူ​ပြီး​လျှင် အ​ဘ​ကို​ဆောင်၍​လာ​ခဲ့​ကြ​လော့။ သင်​တို့​ဥ​စ္စာ​များ​ကို မ​နှ​မြော​ကြ​နှင့်။ အဲ​ဂု​တ္တု​ပြည်၏​စည်း​စိမ်​ရှိ​သ​မျှ​သည် သင်​တို့​ဥ​စ္စာ​ဖြစ်၏​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ၏​သား​တို့​သည်​ပြု၍၊ ယော​သပ်​သည်​လှည်း​တို့​ကို​လည်း​ကောင်း၊ လမ်း​ခ​ရီး၌ စား​စ​ရိတ်​များ​ကို​လည်း​ကောင်း​ပေး၏။ အစ်​ကို​ရှိ​သ​မျှ​တို့​အား​လည်း​အ​ဝတ်​လဲ​စ​ရာ​ဖို့​ပေး၏။ ဗင်္ယာ​မိန်​အား​လည်း၊ ငွေ​အ​ကျပ်​သုံး​ရာ​နှင့် အ​ဝတ်​လဲ​စ​ရာ​ဖို့ အ​ဝတ်​ငါး​စုံ​ကို ထပ်၍​ပေး၏။ အ​ဘ​အား​လည်း အဲ​ဂု​တ္တု​ပြည်၏​ကောင်း​သော​အ​ရာ​တို့​ကို​ဆောင်​သော မြည်း​တစ်​ဆယ်၊ လမ်း​ခ​ရီး၌​အ​ဘ​စား​စ​ရာ​ဖို့ စ​ပါး၊ မုန့်၊ ခဲ​ဖွယ်​စား​ဖွယ်​များ​ကို ဆောင်​သော​မြည်း​တစ်​ဆယ်​ကို​ပေး​လိုက်၏။ သင်​တို့​သည် လမ်း၌​ရန်​မ​တွေ့​ကြ​နှင့်​ဟု​မှာ​ထား​လျက် အစ်​ကို​တို့​ကို လွှတ်​လိုက်၍ သူ​တို့​သည်​သွား​ကြ၏။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား၍၊ ခါ​နာန်​ပြည် အ​ဘ​ယာ​ကုပ်​ထံ​သို့ ရောက်​ကြ​လျှင်၊ ယော​သပ်​သည် အ​သက်​ရှင်​သေး၏။ အဲ​ဂု​တ္တု​ပြည်​လုံး​ကို​အုပ်​စိုး​ရ၏​ဟု ကြား​ပြော​ကြ​သည်​ရှိ​သော်၊ ယာ​ကုပ်​သည်​စိတ်​နှ​လုံး​လျော့၏။ သူ​တို့​စ​ကား​ကို မ​ယုံ​နိုင်။ သူ​တို့​သည်​လည်း ယော​သပ်​ပြော​သ​မျှ​သော​စ​ကား​တို့​ကို ပြန်​ပြော​ကြ၏။ အ​ဘ​ယာ​ကုပ်​သည် မိ​မိ​စီး​စ​ရာ​ဖို့ ယော​သပ်​ပေး​လိုက်​သော​လှည်း​တို့​ကို မြင်​သော​အ​ခါ စိတ်​နှ​လုံး​အား​ဖြည့်​ပြန်၏။ ဣ​သ​ရေ​လ​က​လည်း၊ တန်​တော့။ ငါ့​သား​ယော​သပ်​အ​သက်​ရှင်​သေး၏။ ငါ​မ​သေ​မီ သူ့​ကို​သွား၍​ကြည့်​မည်​ဟု​ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။