YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 43:15-34

ကမ္ဘာဦး 43:15-34 JBMLE

သူ​တို့​သည် ထို​လက်​ဆောင်​ကို​လည်း​ကောင်း၊ မိ​မိ​လက်၌​ငွေ​နှစ်​ဆ​ကို​လည်း​ကောင်း၊ ဗင်္ယာ​မိန်​ကို​လည်း​ကောင်း၊ ယူ၍​ထ​ပြီး​လျှင်၊ အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ယော​သပ်​ရှေ့​မှာ ရပ်​နေ​ကြ​၏။ သူ​တို့​နှင့်​အ​တူ ဗင်္ယာ​မိန်​ပါ​လာ​သည်​ကို ယော​သပ်​မြင်​လျှင်၊ ဝန်​စာ​ရေး​ကို​ခေါ်၍၊ ဤ​သူ​တို့​ကို​အိမ်​သို့​ခေါ်​သွား​လော့။ အ​ကောင်​များ​ကို​သတ်​၍ စား​စ​ရာ​ကို​ပြင်​ဆင်​လော့။ သူ​တို့​သည် ငါ​နှင့်​အ​တူ​မွန်း​တည့်​စာ​ကို စား​ရ​ကြ​လိမ့်​မည်​ဟု မှာ​ထား​သည်​အ​တိုင်း၊ ဝန်​စာ​ရေး​ပြု​၍၊ သူ​တို့​ကို ယော​သပ်​အိမ်​သို့​ခေါ်​သွား​၏။ ယော​သပ်​အိမ်​သို့ ခေါ်​သွား​သော​အ​ခါ၊ သူ​တို့​သည် ငါ​တို့​အိတ်၌ ယ​ခင်​ပြန်​ပေး​သော​ငွေ​ကြောင့် ခေါ်​သွင်း​ပြီ။ သူ​သည်​အ​မှု​ရှာ​လိမ့်​မည်။ ငါ​တို့​ကို အ​ပြစ်​ပြု​သ​ဖြင့် ကျွန်​ခံ​စေ၍၊ မြည်း​တို့​ကို​သိမ်း​လိမ့်​မည်​ဟု ဆို​ကြ​ပြီး​လျှင်၊ ယော​သပ်​၏​ဝန်​စာ​ရေး​အ​နီး​သို့ ချဉ်း​ကပ်၍ အိမ်​တံ​ခါး​နား​မှာ​နှုတ်​ဆက်​လျက်၊ သ​ခင်၊ ယ​မန်​က အ​ကျွန်ုပ်​တို့​သည် အ​စာ​ကို​ဝယ်​ခြင်း​ငှာ အ​မှန်​လာ​ပါ​၏။ စ​ခန်း​သို့​ရောက်၍ အိတ်​များ​ကို​ဖွင့်​သော​အ​ခါ၊ လူ​တိုင်း​ဆိုင်​သော​ငွေ​သည် အ​လျှင်း​မ​လျော့​ဘဲ အိတ်​ဝ​တွင် ရှိ​ပါ၏။ ထို​ငွေ​ကို တစ်​ဖန်​ဆောင်​ခဲ့​ကြ​ပါ​ပြီ။ ယ​ခု​လည်း​အ​စာ​ကို​ဝယ်​ခြင်း​ငှာ အ​ခြား​သော​ငွေ​ကို ကိုယ်​၌​ဆောင်​ခဲ့​ကြ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​တို့​အိတ်​များ၌ အ​ဘယ်​သူ​ထား​သည်​ကို မ​သိ​နိုင်​ပါ​ဟု​ဆို​ကြ​သော်၊ ဝန်​စာ​ရေး​က၊ ချမ်း​သာ​ပါ​စေ၊ မ​စိုး​ရိမ်​ကြ​နှင့်။ သင်​တို့​ဘု​ရား​သ​ခင်၊ သင်​တို့​အ​ဘ​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​အိတ်​များ၌ ဘ​ဏ္ဍာ​ကို​သ​နား​တော်​မူ​ပြီ။ သင်​တို့ ငွေ​ကို​ငါ​ခံ​ရ​ပြီ​ဟု​ဆို​သ​ဖြင့်၊ ရှိ​မောင်​ကို​ထုတ်၍ အပ်​လိုက်​လေ​၏။ ယော​သပ်​အိမ်​သို့​သွင်း​ပြီး​မှ၊ ဝန်​စာ​ရေး​သည် ရေ​ကို​ပေး၍​ခြေ​ဆေး​စေ​၏။ မြည်း​တို့​ကို​လည်း​ကျွေး​လေ​၏။ မွန်း​တည့်​ချိန်၌ ယော​သပ်​လာ​လိမ့်​မည်​ဟု သူ​တို့​သည်​မျှော်​လင့်၍ လက်​ဆောင်​ကို​ပြင်​နှင့်​ကြ​၏။ ထို​အိမ်​၌​သူ​တို့​သည် အ​စာ​ကို​စား​ရ​လိမ့်​မည်​ဟု သူ​တို့​သည်​ကြား​လေ​သ​တည်း။ ယော​သပ်​သည်​အိမ်​သို့​ရောက်​သော​အ​ခါ၊ သူ​တို့​သည် ကိုယ်​၌​ပါ​သော​လက်​ဆောင်​ကို အိမ်​ထဲ​ယော​သပ်​ထံ​သို့​သွင်း၍ သူ့​ရှေ့​မှာ​ဦး​ညွှတ်​ချ​လျက် နေ​ကြ​၏။ ယော​သပ်​သည်​နှုတ်​ဆက်​ပြီး​လျှင်၊ သင်​တို့​အ​ဘ​တည်း​ဟူ​သော သင်​တို့​အ​ရင်​ပြော​သော အ​သက်​ကြီး​သူ​သည် ကျန်း​မာ​ပါ၏​လော။ အ​သက်​ရှင်​သေး၏​လော​ဟု​မေး​လျှင်၊ သူ​တို့​က၊ ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​တို့​အ​ဘ​သည် ကျန်း​မာ​ပါ​၏၊ အ​သက်​ရှင်​ပါ​သေး​၏​ဟု​လျှောက်​လျက်၊ ဦး​ညွှတ်​ချ၍ ရှိ​ခိုး​လျက်​နေ​ကြ​၏။ ထို​အ​ခါ ယော​သပ်​သည်​မျှော်​ကြည့်​၍ မိ​မိ​အ​မိ၏​သား၊ မိ​မိ​ညီ​ရင်း​ဗင်္ယာ​မိန်​ကို​မြင်​လျှင်၊ ဤ​သူ​ကား သင်​တို့​အ​ရင်​ပြော​သော သင်​တို့​ညီ​ဖြစ်​သ​လော​ဟု​မေး​လျက်၊ သင့်​ကို ဘု​ရား​သ​ခင်​ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော​ငါ့​သား​ဟု ဆို​ပြီး​မှ၊ ညီ​ရင်း​ကို​မြင်​ရ​၍ ကြင်​နာ​သော​စိတ်​ရှိ​သော​ကြောင့် အ​လျင်​အ​မြန်​ထ​သွား​လေ၏။ ငို​ရာ​အ​ရပ်​ကို​ရှာ​သ​ဖြင့်၊ အိပ်​ခန်း​ထဲ​သို့​ဝင်၍ ငို​လေ​၏။ တစ်​ဖန်​မျက်​နှာ​ကို​သစ်၍ ဣ​န္ဒြေ​ချုပ်​တည်း​လျက် ပြင်​သို့​ထွက်​ပြီး​လျှင်၊ စား​ပွဲ​ကို​ပြင်​ကြ​ဟု အ​မိန့်​ရှိ​၏။ ယော​သပ်​ဖို့​တစ်​ပွဲ၊ အစ်​ကို​တို့​ဖို့​တစ်​ပွဲ၊ ယော​သပ်​နှင့်​စား​သော အဲ​ဂု​တ္တု​လူ​တို့​ဖို့​တစ်​ပွဲ အ​သီး​အ​သီး​တို့​ကို​ပြင်​ကြ​၏။ အဲ​ဂု​တ္တု​လူ​တို့​သည် ဟေ​ဗြဲ​လူ​တို့​နှင့်​အ​တူ မ​စား​ရ၊ ထို​အ​မှု​ကို​အဲ​ဂု​တ္တု​လူ​တို့​သည် ရွံ​တတ်​ကြ​၏။ ညီ​အစ်​ကို​တို့​သည် အ​ကြီး​မှ​စ၍​အ​ငယ်​တိုင်​အောင် အ​ရွယ်​အ​လိုက် ယော​သပ်​ရှေ့​မှာ​ထိုင်​နေ​ကြ​၏။ သူ​တို့​သည် အ​ချင်း​ချင်း​ကြည့်​ရှု​၍ အံ့​ဩ​ခြင်း​ရှိ​ကြ​၏။ ယော​သပ်​သည်​လည်း သူ​တို့​စား​ရန်​အ​ဖို့ အ​သီး​အ​သီး​တို့​ကို မိ​မိ​ထံ​မှ​ပေး​လိုက်၏။ ဗင်္ယာ​မိန်​ရ​သော​အ​ဖို့​သည် အစ်​ကို​တို့​ရ​သော​အ​ဖို့​ထက် ငါး​ဆ​များ​သ​တည်း။ သူ​တို့​သည်​သောက်၍​ပျော်​မွေ့​ခြင်း​သို့ ရောက်​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။