YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 43:1-14

ကမ္ဘာဦး 43:1-14 JBMLE

ခါ​နာန်​ပြည်​၌ အ​လွန်​အ​စာ​ခေါင်း​ပါး​သည်​ဖြစ်​၍၊ အဲ​ဂု​တ္တု​ပြည်​မှ​ဆောင်​ခဲ့​သော​စ​ပါး​ကို စား​ကုန်​ပြီး​မှ၊ အ​ဘ​က၊ တစ်​ဖန်​သွား၍ ငါ​တို့​စား​စ​ရာ​အ​နည်း​ငယ်​ကို ဝယ်​ကြ​ပါ​ဦး​ဟု​ဆို​၏။ ယု​ဒ​က​လည်း၊ ထို​သူ​သည် ကျွန်ုပ်​တို့​ကို​ကျပ်​ကျပ်​ခြိမ်း​ခြောက်​လျက်၊ သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ။ ကျွန်ုပ်​တို့​ညီ​ကို​ထည့်​လျှင်​သွား၍ အ​ဘ​စား​ဖို့​ရာ​ဝယ်​ပါ​မည်။ ညီ​ကို​မ​ထည့်​လျှင် မ​သွား​ပါ။ အ​ကြောင်း​မူ​ကား၊ ထို​သူ​က​သင်​တို့​ညီ​မ​ပါ​လျှင် ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟု ပြော​ထား​ပြီ​ဟု အ​ဘ​အား​ပြန်​ဆို​လေ​၏။ ဣ​သ​ရေ​လ​က​လည်း၊ သင်​တို့၌​ညီ​ရှိ​မှန်း​ကို ထို​သူ​အား​ပြော၍ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု​ဆို​သော်၊ သူ​တို့​က၊ ထို​သူ​သည် ကျွန်ုပ်​တို့၏​အ​ကြောင်း​အ​ရာ​အ​မျိုး​အ​နွယ်​တို့​ကို ကျပ်​ကျပ်​မေး​လျက်၊ သင်​တို့​အ​ဘ​အ​သက်​ရှင်​သေး​သ​လော၊ ညီ​ရှိ​သေး​သ​လော​ဟု မေး​သော​အ​ခါ၊ ကျွန်ုပ်​တို့​သည် သူ၏​စ​ကား​သ​ဘော​သို့​လိုက်၍ ပြန်​ပြော​ရ​ပါ၏။ သင်​တို့​ညီ​ကို​ဆောင်​ခဲ့​ကြ​ဟု သူ​ပြော​မည်​ကို ကျွန်ုပ်​တို့​သည် အ​မှန်​သိ​နိုင်​ပါ​သ​လော​ဟု ဆို​ကြ​၏။ ယု​ဒ​က​လည်း၊ သူ​ငယ်​ကို ကျွန်ုပ်​နှင့်​အ​တူ​လွှတ်​ပါ။ သို့​ပြု​လျှင် အ​ဘ​မှ​စ၍ ကျွန်ုပ်​တို့​နှင့် သူ​ငယ်​များ​တို့​သည်​မ​သေ၊ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ကျွန်ုပ်​တို့​ထ၍ သွား​ကြ​ပါ​မည်။ ကျွန်ုပ်​သည် သူ၏​အာ​မ​ခံ​ဖြစ်​ပါ​မည်။ ကျွန်ုပ်​တွင် သူ့​ကို​တောင်း​ပါ။ သူ့​ကို​ပြန်၍​မ​ဆောင်၊ အ​ဘ​ရှေ့​မှာ​မ​ထား​လျှင်၊ အ​စဉ်​မ​ပြတ် အ​ပြစ်​ကို​ခံ​ပါ​စေ။ ဤ​မျှ​လောက်​မ​ဖင့်​နွှဲ​လျှင်၊ အ​ကယ်၍ ဒု​တိ​ယ​အ​ကြိမ်​တွင် ပြန်​ရောက်​ပါ​ပြီ​ဟု အ​ဘ​ဣ​သ​ရေ​လ​အား ဆို​၏။ အ​ဘ​ဣ​သ​ရေ​လ​က​လည်း၊ သို့​ဖြစ်​လျှင် ဤ​သို့​ပြု​ကြ​လော့။ ထို​သူ​အား ဆက်​စ​ရာ​ဖို့ သင်​တို့​အိတ်​ဝ​တို့​တွင် ခါ​နာန်​ပြည်​၏​အ​သီး​မျိုး အ​ကောင်း​ဆုံး​တည်း​ဟူ​သော ဗာ​လ​စံ​စေး​အ​နည်း​ငယ်၊ ပျား​ရည်​အ​နည်း​ငယ်၊ နံ့​သာ​မျိုး၊ မု​ရန်​စေး၊ သစ်​အယ်​သီး၊ ဗာ​တံ​သီး​တို့​ကို​ယူ​ကြ​လော့။ သင်​တို့​လက်၌ ငွေ​နှစ်​ဆ​ကို​လည်း​ယူ​ကြ​လော့။ အိတ်​ဝ​တွင် ဆောင်​ခဲ့​သော​ငွေ​ကို တစ်​ဖန်​လက်၌​ဆောင်​သွား​ကြ​ဦး​လော့။ ထို​အ​မှု​သည် သ​တိ​လစ်​သော​အ​မှု​ဖြစ်​ဟန်​ရှိ​၏။ သင်​တို့​ညီ​ကို​လည်း​ယူ၍ တစ်​ဖန်​ထို​သူ​ထံ​သို့ ထ​သွား​ကြ​လော့။ ထို​သူ​သည် သင်​တို့​အစ်​ကို​တစ်​ယောက်​နှင့် ဗင်္ယာ​မိန်​ကို လွှတ်​လိုက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သူ့​စိတ်​နှင့်​တွေ့​ရ​သော​အ​ခွင့်​ကို အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ငါ​သည် သား​ဆုံး​ခြင်း​ကို​ခံ​ရ​လျှင် ခံ​ရ​တော့​မည်​ဟု သား​တို့​အား​ဆို​သည်​အ​တိုင်း၊

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။