YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 42:29-38

ကမ္ဘာဦး 42:29-38 JBMLE

ခါ​နာန်​ပြည် အ​ဘ​ယာ​ကုပ်​ထံ​သို့​ရောက်​လျှင်၊ မိ​မိ​တို့၌​ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​သည်​ကား၊ ထို​ပြည်​ကို​အုပ်​စိုး​သော​သူ​သည် ကြမ်း​တမ်း​စွာ​ပြော​လျက်၊ ကျွန်ုပ်​တို့​ကို ထို​ပြည်၌ သူ​လျှို​လုပ်​သူ​ဟူ၍ မှတ်​လေ၏။ ကျွန်ုပ်​တို့​က​လည်း၊ ကျွန်​တော်​တို့​သည် ဖြောင့်​မတ်​သော​သူ​ဖြစ်​ကြ​ပါ၏။ သူ​လျှို​မ​ဟုတ်​ပါ။ တစ်​ဘ​တည်း​သား၊ ညီ​အစ်​ကို​ချင်း တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ၏။ တစ်​ယောက်​ကား​မ​ရှိ​ပါ။ အ​ငယ်​ဆုံး​သော​သူ​ကား ခါ​နာန်​ပြည်၌ အ​ဘ​နှင့်​အ​တူ ယ​ခု​ရှိ​ရစ်​ပါ​သည်​ဟု လျှောက်​သော​အ​ခါ၊ ထို​ပြည်​ကို အုပ်​စိုး​သော​သ​ခင်​က၊ သင်​တို့​သည် ဖြောင့်​မတ်​သော​သူ​မှန်​သည်​ကို အ​ဘယ်​သို့ ငါ​သိ​နိုင်​မည်​နည်း​ဆို​သော်၊ သင်​တို့​ညီ​အစ်​ကို​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို ငါ့​ထံ၌​ထား​ရစ်​ကြ​လော့။ သင်​တို့​အိမ်​သူ​အိမ်​သား​တို့၌ အ​စာ​ခေါင်း​ပါး​သော​ကြောင့် အ​စာ​ကို​ယူ၍ သွား​ကြ​လော့၊ အ​ငယ်​ဆုံး​သော​ညီ​ကို ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​လော့။ သို့​ပြု​လျှင် သင်​တို့​သည် သူ​လျှို​မ​ဟုတ်၊ ဖြောင့်​မတ်​သော​သူ​ဖြစ်​သည်​ကို ငါ​သိ​လိမ့်​မည်။ သင်​တို့​ညီ​အစ်​ကို ကို​လည်း ငါ​ပြန်၍​အပ်​မည်။ သင်​တို့​သည် ပြည်​တော်၌ ဖောက်​ကား​ရောင်း​ဝယ်​ရ​ကြ​မည်​ဟု​ဆို​ကြောင်း​ကို ကြား​ပြော​ကြ​ပြီး​မှ၊ မိ​မိ​တို့​အိတ်​များ​အ​ထဲ​က စ​ပါး​ကို​ထုတ်​သော​အ​ခါ၊ အ​သီး​အ​သီး​ဆိုင်​သော ငွေ​ထုပ်​တို့​သည် မိ​မိ​တို့​အိတ်၌​ရှိ​ကြ၏။ ငွေ​ထုပ်​များ​ကို သူ​တို့​နှင့်​အ​ဘ​သည် မြင်​သော​အ​ခါ ကြောက်​လန့်​ကြ​၏။ အ​ဘ​ယာ​ကုပ်​က​လည်း၊ သင်​တို့​သည် ငါ့​သား​တို့​ကို​လု​ယူ​ကြ​ပြီ။ ယော​သပ်​မ​ရှိ၊ ရှိ​မောင်​မ​ရှိ၊ ဗင်္ယာ​မိန်​ကို​လည်း ယူ​သွား​ချင်​သည်​တ​ကား။ ဤ​အ​မှု​အ​လုံး​စုံ​တို့​သည် ငါ​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သည်​တ​ကား​ဟု သူ​တို့​အား​ဆို၏။ ရု​ဗင်​က​လည်း၊ ကျွန်ုပ်​သည်​ဗင်္ယာ​မိန်​ကို အ​ဘ​ထံ​သို့ ပြန်၍​မ​ဆောင်​ခဲ့​လျှင်၊ ကျွန်ုပ်​သား​နှစ်​ယောက်​တို့​ကို သတ်​ပါ​လော့။ သူ့​ကို​ကျွန်ုပ်​လက်၌​အပ်​ပါ။ ကျွန်ုပ်​တစ်​ဖန် အ​ဘ​ထံ​သို့​ပြန်၍ ဆောင်​ခဲ့​ပါ​မည်​ဟု အ​ဘ​အား​ဆို၏။ အ​ဘ​က​လည်း၊ သင်​တို့​နှင့်​အ​တူ​ငါ့​သား​မ​သွား​ရ။ သူ၏​အစ်​ကို​သေ​ပြီ။ သူ​သည် တစ်​ယောက်​တည်း​ကျန်​ရစ်၏။ သင်​တို့​သွား​ရာ​လမ်း​ခ​ရီး​တွင် သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။