YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 4:1-16

ကမ္ဘာဦး 4:1-16 JBMLE

ထို​နောက်၊ လူ​အာ​ဒံ​သည် မ​ယား​ဧ​ဝ​နှင့်​ဆက်​ဆံ​သ​ဖြင့်၊ ဧ​ဝ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​၍၊ ကာ​ဣ​န​ကို​ဖွား​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​၏​လူ​ကို​ငါ​ရ​ပြီ​ဟု ဆို​လေ​၏။ တစ်​ဖန် သူ့​ညီ​အာ​ဗေ​လ​ကို ဖွား​မြင်​လေ၏။ အာ​ဗေ​လ​ကား သိုး​ထိန်း​ဖြစ်၏။ ကာ​ဣ​န​ကား လယ်​လုပ်​သော​သူ​ဖြစ်​၏။ အ​ချိန်​စေ့​သော​အ​ခါ၊ ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​ပူ​ဇော်​သ​ကာ​ဖို့၊ မြေ​အ​သီး​ကို​ဆောင်​ခဲ့​၏။ အာ​ဗေ​လ​သည်​လည်း၊ မိ​မိ​သိုး​စု​တွင် အ​ဦး​ဖွား​သော​သား​အ​ချို့​နှင့်၊ သိုး​ဆီ​ဥ​ကို​ဆောင်​ခဲ့၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗေ​လ​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို​ပ​မာ​ဏ ပြု​တော်​မူ၏။ ကာ​ဣ​န​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ။ ထို​ကြောင့် ကာ​ဣ​န​သည်​အ​လွန်​စိတ်​ဆိုး၍ မျက်​နှာ​ပျက်​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​ကြောင့်​စိတ်​ဆိုး​သ​နည်း။ အ​ဘယ်​ကြောင့် မျက်​နှာ​ပျက်​သ​နည်း။ သင်​သည်​ကောင်း​မွန်​စွာ​ပြု​လျှင် အ​ခွင့်​မ​ရ​လော။ ကောင်း​မွန်​စွာ​မ​ပြု​လျှင်၊ အ​ပြစ်​ဖြေ​သော​ယဇ်​ကောင်​သည် တံ​ခါး​နား​မှာ​ဝပ်​လျက်​ရှိ၏။ သူ​သည်​သင်၏​အ​လို​သို့​လိုက်၍၊ သင်​သည်​သူ့​ကို​အုပ်​စိုး​ရ၏​ဟု ကာ​ဣ​န​ကို​မိန့်​တော်​မူ၏။ ကာ​ဣ​န​က​လည်း လယ်​သို့​သွား​ကြ​ကုန်​အံ့​ဟု ညီ​အာ​ဗေ​လ​ကို​ခေါ်​၍၊ လယ်​သို့​ရောက်​သော​အ​ခါ၊ ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု၍​သတ်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း သင့်​ညီ​အာ​ဗေ​လ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ကာ​ဣ​န​ကို​မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​မ​သိ​ပါ။ အ​ကျွန်ုပ်​သည် ညီ​ကို​စောင့်​ရ​သော​သူ​ဖြစ်​ပါ​သ​လော​ဟု လျှောက်​ဆို၏။ ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​ပြီး​သ​နည်း။ သင်​ညီ​အ​သွေး၏​အ​သံ​သည် မြေ​ထဲ​က ငါ့​ကို​အော်​ဟစ်​လျက်​ရှိ​သည်​တ​ကား။ သို့​ဖြစ်၍ သင့်​ညီ၏​အ​သွေး​ကို​ခံ​ယူ​ခြင်း​ငှာ၊ မိ​မိ​ပါး​စပ်​ကို​ဖွင့်​သော မြေ​ကြီး၏​ကျိန်​ခြင်း​ကို သင်​သည်​ခံ​ရ​သော​ကြောင့်၊ ယ​ခု​မှ​စ၍​မြေ၌​လုပ်​သော​အ​ခါ ပ​က​တိ​အ​တိုင်း အ​သီး​အ​နှံ​ကို​မ​ရ ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ ဖြစ်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​၏။ ကာ​ဣ​န​က​လည်း၊ အ​ကျွန်ုပ်​အ​ပြစ်​သည် မ​ဖြေ​နိုင်​အောင်​ကြီး​ပါ​သ​လော။ အ​ကျွန်ုပ်​ကို မြေ​ကြီး​ပြင်​မှ ယ​နေ့​နှင်​ထုတ်​တော်​မူ​ပြီ၊ မျက်​နှာ​တော်​ကို​လည်း မ​မြင်​ရ။ မြေ​ကြီး​ပေါ်​မှာ ပြေး​ရ​သော​သူ၊ အ​ရပ်​ရပ်​လည်​ရ​သော​သူ​ဖြစ်​ပါ​ရ​မည်။ တွေ့​သ​မျှ​သော​သူ​တို့​သည် အ​ကျွန်ုပ်​ကို​သတ်​ပါ​လိမ့်​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား​ကို လျှောက်​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ ကာ​ဣ​န​ကို​သတ်​သော​သူ​မည်​သည်​ကား၊ ခု​နစ်​ဆ​သော​အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ပြီး​လျှင်၊ ကာ​ဣ​န​ကို​တွေ့​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ မ​သတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ၌​အ​မှတ်​ပေး​တော်​မူ​၏။ ကာ​ဣ​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ထွက်​သွား၍၊ ဧ​ဒင်​ပြည်​အ​ရှေ့၊ နော​ဒ​ပြည်​တွင် နေ​လေ​၏။