YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 38:1-30

ကမ္ဘာဦး 38:1-30 JBMLE

ထို​ကာ​လ​အ​ခါ ယု​ဒ​သည် ညီ​အစ်​ကို​နေ​ရာ​မှ​သွား၍၊ ဟိ​ရ​အ​မည်​ရှိ​သော၊ အ​ဒု​လံ​အ​မျိုး​သား​ထံ​သို့​ဝင်​လေ​၏။ ထို​အ​ရပ်၌ ရှု​အာ​အ​မည်​ရှိ​သော၊ ခါ​နာန်​အ​မျိုး​သား၏​သ​မီး​ကို တွေ့​မြင်၍၊ အိမ်​ထောင်​ဖက်​ပြု​လျက်၊ ထို​မိန်း​မ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်၏။ ထို​သား​ကို ဧ​ရ​အ​မည်​ဖြင့် မှည့်​လေ​၏။ တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ ဖွား​မြင်​သော​သား​ကို ဩ​နန်​အ​မည်​ဖြင့်​မှည့်​လေ​၏။ တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်​၍ ဖွား​မြင်​သော​သား​ကို ရှေ​လ​အ​မည်​ဖြင့်​မှည့်​လေ၏။ ရှေ​လ​ဖွား​သော​အ​ခါ၊ အ​ဘ​သည်​ခေ​ဇိပ်​မြို့​မှာ​ရှိ​သ​တည်း။ ထို​နောက်​မှ ယု​ဒ​သည် မိ​မိ​သား​ဦး​ဧ​ရ​ကို တာ​မာ​အ​မည်​ရှိ​သော သ​တို့​သ​မီး​နှင့် စုံ​ဖက်​စေ​၏။ ယု​ဒ၏​သား​ဦး​ဧ​ရ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌​ဆိုး​သော​သူ​ဖြစ်၍၊ သူ့​ကို​ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ၏။ ထို​အ​ခါ ယု​ဒ​သည်​ဩ​နန်​ကို​ခေါ်​ပြီး​လျှင်၊ သင်၏​အစ်​ကို​မ​ယား​ထံ​သို့​ဝင်​၍ သူ​နှင့်​အိမ်​ထောင်​ဖက်​ပြု​သ​ဖြင့်၊ အစ်​ကို​အ​မျိုး​ကို​ဆက်​နွယ်​လော့​ဟု​ဆို​၏။ ဩ​နန်​သည်​သား​ကို​ရ​လျှင်​မူ​ကား၊ မိ​မိ​သား​မ​မှတ်​ရ​ဟု​သိ၍ အစ်​ကို​အား သား​ကို​မ​ပေး​လို​ဘဲ၊ အစ်​ကို​မ​ယား​ထံ​သို့​ဝင်​သော​အ​ခါ၊ သုက်​ရည်​ကို​ထုတ်၍ စွန့်​လေ၏။ ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ​သော​ကြောင့်၊ ဩ​နန်​ကို​လည်း ကွပ်​မျက်​တော်​မူ၏။ သား​ငယ်​ရှေ​လ​သည် အစ်​ကို​တို့​သေ​သ​ကဲ့​သို့​သေ​မည်​ဟု ယု​ဒ​သည်​စိုး​ရိမ်၍၊ မိ​မိ​ချွေး​မ​တာ​မာ​ကို​ခေါ်​ပြီး​လျှင်၊ ငါ့​သား​ရှေ​လ​မ​ကြီး​မီ သင်​သည် သင့်​အ​ဘ​၏အိမ်၌ မု​ဆိုး​မ​ပြု၍​နေ​ပါ​ဟု​ဆို​သည်​အ​တိုင်း၊ တာ​မာ​သွား၍ မိ​မိ​အ​ဘ၏​အိမ်၌​နေ​လေ၏။ ကာ​လ​အင်​တန်​ကြာ​လေသော်၊ ရှု​အာ​သ​မီး​ဖြစ်​သော ယု​ဒ​မ​ယား​လည်း​သေ​လေ၏။ ယု​ဒ​သည်​နှစ်​သိမ့်​ပြီး​မှ၊ မိ​မိ​သိုး​မွေး​ညှပ်​သော​သူ​တို့​ရှိ​ရာ​တိ​မ​နတ်​မြို့​သို့ မိ​မိ​အ​ဆွေ အ​ဒု​လံ​အ​မျိုး​ဟိ​ရ​နှင့်​အ​တူ သွား​လေ၏။ မိ​မိ​ယော​က္ခ​မ​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ တိ​မ​နတ်​မြို့​သို့​သွား​ကြောင်း​ကို၊ တာ​မာ​ကြား​လျှင်၊ မု​ဆိုး​မ​အ​ဝတ်​ကို​ချွတ်၍ မျက်​နှာ​ဖုံး​နှင့် မျက်​နှာ​ကို​ဖုံး​လျက်၊ ကိုယ်​ကို​လည်း​ခြုံ​ရုံ​လျက်၊ တိ​မ​နတ်​မြို့​သို့​သွား​သော​လမ်း​အ​နား၊ ဧ​နိမ်​မြို့​တံ​ခါး​ဝ၌ ထိုင်​နေ​လေ၏။ အ​ကြောင်း​မူ​ကား၊ ရှေ​လ​ကြီး​သော်​လည်း၊ မိ​မိ​နှင့် အိမ်​ထောင်​ဖက်​မ​ပြု​ရ​ဟု သိ​မြင်​သော​ကြောင့်​တည်း။ ယု​ဒ​သည်​ထို​မိန်း​မ​ကို​မြင်​သော​အ​ခါ၊ သူ​သည်​မိ​မိ​မျက်​နှာ​ကို​ဖုံး၍ နေ​သော​ကြောင့်၊ ပြည့်​တန်​ဆာ​ဖြစ်​သည်​ဟု ထင်​မှတ်​လျက်၊ လမ်း​ကို​လွှဲ၍​အ​နား​သို့​ချဉ်း​ပြီး​လျှင်၊ သင့်​ထံ​သို့ ငါ​ဝင်​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​လေ​သော်၊ မိန်း​မ​က၊ သင်​သည် ကျွန်​မ​ထံ​သို့​ဝင်​လို​သော​ငှာ အ​ဘယ်​ဆု​ကို​ပေး​မည်​နည်း​ဟု​မေး​လျှင်၊ ယု​ဒ​က၊ ဆိတ်​သ​ငယ်​ကို​ပေး​လိုက်​မည်​ဟု ဆို​လေ၏။ မိန်း​မ​က​လည်း၊ မ​ပေး​လိုက်​မီ တစ်​စုံ​တစ်​ခု​သော​အ​ရာ​ကို ပေါင်​ထား​မည်​လော​ဟု​မေး​လျှင်၊ ယု​ဒ​က အ​ဘယ်​အ​ရာ​ကို​ပေါင်​စေ​ချင်​သ​နည်း​ဟု ပြန်၍​မေး​လေ​သော်၊ မိန်း​မ​က၊ သင်၏​တံ​ဆိပ်၊ စ​လွယ်၊ လက်​စွဲ​တောင်​ဝှေး​တို့​ကို​ပေါင်​တော့​ဟု ဆို​သည်​အ​တိုင်း၊ ထို​ဥ​စ္စာ​ကို​အပ်၍ မိန်း​မ​ထံ​သို့​ဝင်​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ​လေ၏။ ထို​နောက်​မှ၊ မိန်း​မ​သည်​ထ​သွား၍ မျက်​နှာ​ဖုံး​ကို​ချွတ်​ပြီး​လျှင်၊ မု​ဆိုး​မ​အ​ဝတ်​ကို ဝတ်​မြဲ​ဝတ်​ပြန်​လေ၏။ ယု​ဒ​သည် မိန်း​မ၌​ပေါင်​သော​ဥ​စ္စာ​ကို​ရွေး​ယူ​ခြင်း​ငှာ၊ မိ​မိ​အ​ဆွေ​အ​ဒု​လံ​အ​မျိုး​သား​တွင် ဆိတ်​သ​ငယ်​ကို​ပေး​လိုက်၏။ အ​ဒု​လံ​အ​မျိုး​သား​သည် ထို​မိန်း​မ​ကို​မ​တွေ့​လျှင်၊ ဧ​နိမ်​မြို့​လမ်း​နား​မှာ ထိုင်​နေ​သော​ပြည့်​တန်​ဆာ​မ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ထို​အ​ရပ်​သား​တို့​ကို​မေး​လေ​သော်၊ အ​ရပ်​သား​တို့​က ဤ​အ​ရပ်၌​ပြည့်​တန်​ဆာ​မ မ​ရှိ​ဟု​ဆို​ကြ​လျှင်၊ ယု​ဒ​ထံ​သို့​ပြန်၍၊ ကျွန်ုပ်​သည် ထို​မိန်း​မ​ကို​ရှာ၍​မ​တွေ့။ အ​ရပ်​သား​တို့​က​လည်း၊ ဤ​အ​ရပ်၌​ပြည့်​တန်​ဆာ​မ မ​ရှိ​ဟု​ဆို​ကြောင်း​ကို ပြော​လေ၏။ ယု​ဒ​က​လည်း၊ ကျွန်ုပ်​တို့​သည် အ​ရှက်​မ​ကွဲ​မည်​အ​ကြောင်း၊ ယူ​ပါ​လေ​စေ။ ကြည့်​ပါ။ ဤ​ဆိတ်​သ​ငယ်​ကို​ကျွန်ုပ်​ပေး​လိုက်၍ သင်​သည်​မိန်း​မ​ကို​ရှာ၍ မ​တွေ့​ပါ​တ​ကား​ဟု​ဆို၏။ ထို​နောက်​သုံး​လ​ခန့်​လွန်​သည်​ရှိ​သော်၊ သူ​တစ်​ပါး​က၊ သင်၏​ချွေး​မ​တာ​မာ​သည် ပြည့်​တန်​ဆာ​လုပ်၍ မ​တ​ရား​သော​မေ​ထုန်​ပြု​သ​ဖြင့် ကိုယ်​ဝန်​ဆောင်​လျက်​နေ​ပြီ​တ​ကား​ဟု ယု​ဒ​အား​ပြော​ဆို​လျှင်၊ ယု​ဒ​က သူ့​ကို​ထုတ်၍​မီး​ရှို့​စေ​ဟု စီ​ရင်​လေ၏။ ထုတ်​သော​အ​ခါ၊ တာ​မာ​သည် တံ​ဆိပ်၊ စ​လွယ်၊ တောင်​ဝှေး​တို့​ကို ယော​က္ခ​မ​ထံ​သို့​ပို့​စေ၍၊ ဤ​ဥ​စ္စာ​ကို​ပိုင်​သော​သူ​အား​ဖြင့် ကျွန်​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​ပြီ။ ဤ​ဥ​စ္စာ​တို့​သည်​အ​ဘယ်​သူ၏​ဥ​စ္စာ​ဖြစ်​သည်​ကို ကြည့်​ပါ​လော့​ဟု​မှာ​လိုက်၏။ ထို​ဥ​စ္စာ​ကို​ယု​ဒ​မှတ်​မိ၍ သူ့၏အ​ပြစ်​ထက် ငါ့​အ​ပြစ်​သာ၍​ကြီး​ပေ၏။ သူ့​အား ငါ့​သား​ရှေ​လ​ကို ငါ​မ​ပေး​စား​ဘဲ​နေ​မိ​ပြီ​ဟု​ပြော​ဆို၏။ နောက်​တစ်​ဖန် သူ့​ကို​မ​ချဉ်း​ကပ်​ဘဲ​နေ​၏။ ထို​နောက်​တာ​မာ​သည် သား​ဖွား​ချိန်​ရောက်​လျှင်၊ ဝမ်း​ထဲ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ ဖွား​စဉ်​တွင် သား​တစ်​ယောက်​သည် လက်​ကို​ထုတ်​ဆန့်၍၊ ဝမ်း​ဆွဲ​က ဤ​သူ​သည်​အ​ရင်​ဖွား​လိမ့်​မည်​ဟု​ဆို​လျက် လက်​ကို​ကိုင်၍ နီ​သော​ကြိုး​နှင့်​စည်း​လေ​၏။ သို့​သော်​လည်း ထို​သူ​သည်​မိ​မိ​လက်​ကို​ရုပ်​ပြန်၍ သူ့​အစ်​ကို​ဖွား​သည်​ကို ဝမ်း​ဆွဲ​က၊ သင်​သည် အ​ဘယ်​ကြောင့်​အ​နိုင်​အ​ထက်​ပြု​ရ​သ​နည်း။ အ​နိုင်​အ​ထက်​ပြု​သော​ဤ​အ​မှု​သည် သင်၌​စွဲ​စေ​ဟု​ဆို​လျက် သူ့​ကို​ဖာ​ရက်​အ​မည်​ဖြင့် မှည့်​လေ​၏။ ထို​နောက်​မှ လက်၌​ကြိုး​နီ​စည်း​သော​ညီ​ဖွား၍၊ သူ့​ကို​ဇာ​ရ​အ​မည်​ဖြင့် မှည့်​သ​တည်း။