YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 38:1-12

ကမ္ဘာဦး 38:1-12 JBMLE

ထို​ကာ​လ​အ​ခါ ယု​ဒ​သည် ညီ​အစ်​ကို​နေ​ရာ​မှ​သွား၍၊ ဟိ​ရ​အ​မည်​ရှိ​သော၊ အ​ဒု​လံ​အ​မျိုး​သား​ထံ​သို့​ဝင်​လေ​၏။ ထို​အ​ရပ်၌ ရှု​အာ​အ​မည်​ရှိ​သော၊ ခါ​နာန်​အ​မျိုး​သား၏​သ​မီး​ကို တွေ့​မြင်၍၊ အိမ်​ထောင်​ဖက်​ပြု​လျက်၊ ထို​မိန်း​မ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်၏။ ထို​သား​ကို ဧ​ရ​အ​မည်​ဖြင့် မှည့်​လေ​၏။ တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ ဖွား​မြင်​သော​သား​ကို ဩ​နန်​အ​မည်​ဖြင့်​မှည့်​လေ​၏။ တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်​၍ ဖွား​မြင်​သော​သား​ကို ရှေ​လ​အ​မည်​ဖြင့်​မှည့်​လေ၏။ ရှေ​လ​ဖွား​သော​အ​ခါ၊ အ​ဘ​သည်​ခေ​ဇိပ်​မြို့​မှာ​ရှိ​သ​တည်း။ ထို​နောက်​မှ ယု​ဒ​သည် မိ​မိ​သား​ဦး​ဧ​ရ​ကို တာ​မာ​အ​မည်​ရှိ​သော သ​တို့​သ​မီး​နှင့် စုံ​ဖက်​စေ​၏။ ယု​ဒ၏​သား​ဦး​ဧ​ရ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌​ဆိုး​သော​သူ​ဖြစ်၍၊ သူ့​ကို​ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ၏။ ထို​အ​ခါ ယု​ဒ​သည်​ဩ​နန်​ကို​ခေါ်​ပြီး​လျှင်၊ သင်၏​အစ်​ကို​မ​ယား​ထံ​သို့​ဝင်​၍ သူ​နှင့်​အိမ်​ထောင်​ဖက်​ပြု​သ​ဖြင့်၊ အစ်​ကို​အ​မျိုး​ကို​ဆက်​နွယ်​လော့​ဟု​ဆို​၏။ ဩ​နန်​သည်​သား​ကို​ရ​လျှင်​မူ​ကား၊ မိ​မိ​သား​မ​မှတ်​ရ​ဟု​သိ၍ အစ်​ကို​အား သား​ကို​မ​ပေး​လို​ဘဲ၊ အစ်​ကို​မ​ယား​ထံ​သို့​ဝင်​သော​အ​ခါ၊ သုက်​ရည်​ကို​ထုတ်၍ စွန့်​လေ၏။ ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ​သော​ကြောင့်၊ ဩ​နန်​ကို​လည်း ကွပ်​မျက်​တော်​မူ၏။ သား​ငယ်​ရှေ​လ​သည် အစ်​ကို​တို့​သေ​သ​ကဲ့​သို့​သေ​မည်​ဟု ယု​ဒ​သည်​စိုး​ရိမ်၍၊ မိ​မိ​ချွေး​မ​တာ​မာ​ကို​ခေါ်​ပြီး​လျှင်၊ ငါ့​သား​ရှေ​လ​မ​ကြီး​မီ သင်​သည် သင့်​အ​ဘ​၏အိမ်၌ မု​ဆိုး​မ​ပြု၍​နေ​ပါ​ဟု​ဆို​သည်​အ​တိုင်း၊ တာ​မာ​သွား၍ မိ​မိ​အ​ဘ၏​အိမ်၌​နေ​လေ၏။ ကာ​လ​အင်​တန်​ကြာ​လေသော်၊ ရှု​အာ​သ​မီး​ဖြစ်​သော ယု​ဒ​မ​ယား​လည်း​သေ​လေ၏။ ယု​ဒ​သည်​နှစ်​သိမ့်​ပြီး​မှ၊ မိ​မိ​သိုး​မွေး​ညှပ်​သော​သူ​တို့​ရှိ​ရာ​တိ​မ​နတ်​မြို့​သို့ မိ​မိ​အ​ဆွေ အ​ဒု​လံ​အ​မျိုး​ဟိ​ရ​နှင့်​အ​တူ သွား​လေ၏။