YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 37:5-8

ကမ္ဘာဦး 37:5-8 JBMLE

ယော​သပ်​သည် အိပ်​မက်​ကို​မြင်၍၊ အစ်​ကို​တို့​အား​ပြန်​ပြော​သ​ဖြင့်၊ သူ​တို့​သည် သာ၍​မုန်း​ကြ၏။ အိပ်​မက်​ကို အ​ဘယ်​သို့​ပြန်​ပြော​သ​နည်း​ဟူ​မူ​ကား၊ ကျွန်ုပ်​မြင်​ရ​သော အိပ်​မက်​ကို​နား​ထောင်​ကြ​ပါ​လော့။ ကျွန်ုပ်​တို့​သည် လယ်၌​ကောက်​လှိုင်း​ကို​စည်း၍​နေ​ကြ​စဉ်​တွင်၊ ကျွန်ုပ်​ကောက်​လှိုင်း​သည်​ထ၍ မတ်​တတ်​နေ​သ​ဖြင့်၊ သင်​တို့၏​ကောက်​လှိုင်း​တို့​သည် ဝိုင်း၍​ရပ်​လျက်၊ ကျွန်ုပ်​ကောက်​လှိုင်း​ကို​ရှိ​ခိုး​ကြ​သည်​ဟု ပြော​ဆို​လေ၏။ အစ်​ကို​တို့​က​လည်း၊ သင်​သည် ငါ​တို့၌​မင်း​ပြု​ရ​လိမ့်​မည်​လော၊ ငါ​တို့​ကို အ​စိုး​ရ​လိမ့်​မည်​လော​ဟု ပြန်​ဆို၍၊ သူ၏​အိပ်​မက်​နှင့် သူ၏​စ​ကား​အ​ကြောင်း​ကြောင့် သာ၍​မုန်း​ကြ​၏။