ယောသပ်သည် အစ်ကိုတို့ထံသို့ရောက်သောအခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်းထူးခြားသောအင်္ကျီကိုချွတ်ပြီးမှ၊ သူ့ကိုကိုင်ယူ၍တွင်းထဲသို့ချကြ၏။ ထိုတွင်း၌ရေမရှိ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း။ ထိုနောက်အစာစားခြင်းငှာထိုင်ကြစဉ် မျှော်ကြည့်၍၊ ဣရှမေလအမျိုးသားအစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများကို ကုလားအုတ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊ ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကိုဝှက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။ ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလလူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုးဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့သည် ဝန်ခံကြ၏။ ထိုအခါ၊ မိဒျန်အမျိုးသားကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကိုတွင်းထဲကဆွဲတင်ပြီးလျှင်၊ ငွေအကျပ်နှစ်ဆယ်အဖိုးနှင့် ဣရှမေလလူတို့အားရောင်း၍၊ ထိုသူတို့သည် ယောသပ်ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
ကမ္ဘာဦး 37 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 37:23-28
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ