YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 37:12-20

ကမ္ဘာဦး 37:12-20 JBMLE

အစ်​ကို​တို့​သည် အ​ဘ​၏​သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ​ထိန်း​ခြင်း​ငှာ​သွား​ကြ၏။ ဣ​သ​ရေ​လ​သည်​ယော​သပ်​ကို​ခေါ်၍၊ သင်၏​အစ်​ကို​တို့​သည် သိုး​ဆိတ်​များ​ကို ရှေ​ခင်​မြို့​မှာ ထိန်း​ကြ​သည်​မ​ဟုတ်​လော။ လာ​ပါ။ သင့်​ကို သူ​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်​ဟု​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ​သည်​ဟု​ဆို​သော်၊ အ​ဘ​က​သွား​ပါ၊ အစ်​ကို​တို့​သည် ချမ်း​သာ​သ​လော၊ သိုး​ဆိတ်​တို့​လည်း ကောင်း​မွန်​စွာ​ရှိ​သ​လော​ဟူ၍ ကြည့်​ရှု​ပြီး​လျှင်၊ ငါ့​အား​သ​တင်း​ကြား​ပြော​ပါ​ဟု မှာ​လိုက်​လျက်၊ ဟေ​ဗြုန်​ချိုင့်​မှ​စေ​လွှတ်​သ​ဖြင့်၊ သူ​သည် ရှေ​ခင်​မြို့​သို့​ရောက်​လေ၏။ တော၌​လှည့်​လည်​စဉ်​တွင်၊ တစ်​စုံ​တစ်​ယောက်​သော​သူ​နှင့်​တွေ့၍ ထို​သူ​က၊ သင်​သည်​ဘာ​ကို​ရှာ​သ​နည်း​ဟု မေး​လျှင်၊ အစ်​ကို​များ​ကို​ရှာ၏။ အ​ဘယ်​မှာ​ထိန်း​ကြ​သည်​ကို ပြော​ပါ​ဟု​ဆို​သော်၊ ထို​သူ​က၊ ဤ​အ​ရပ်​မှ​ထွက်​သွား​ပြီ။ ဒေါ​သန်​မြို့​သို့​သွား​ကြ​စို့​ဟု သူ​တို့​ပြော​သံ​ကို ကျွန်ုပ်​ကြား​ခဲ့​ပြီ​ဟု​ဆို၏။ ယော​သပ်​သည်​လည်း၊ အစ်​ကို​တို့​ကို​လိုက်​ရှာ၍ ဒေါ​သန်​မြို့​မှာ​တွေ့​လေ၏။ အ​နီး​သို့​မ​ရောက်​မီ အ​ဝေး၌​ရှိ​စဉ်​ပင်၊ အစ်​ကို​တို့​သည်​မြင်​လျှင်၊ သတ်​ခြင်း​ငှာ​တိုင်​ပင်​လျက်၊ ကြည့်​လော့။ အိပ်​မက်​ဆ​ရာ​လာ​ပြီ။ ကိုင်​ကြ။ သူ့​ကို​သတ်၍ တစ်​စုံ​တစ်​ခု​သော​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​စို့။ ဆိုး​သော​သား​ရဲ​တစ်​စုံ​တစ်​ခု​ကိုက်​စား​ပြီ​ဟု ပြော​ကြ​စို့။ ထို​သို့​ပြု​လျှင်၊ သူ၏​အိပ်​မက်​တို့​သည် အ​ဘယ်​သို့​နေ​ရာ​ကျ​မည်​ကို​ကြည့်​ကြ​စို့​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။