ယာကုပ်သည် မိမိအဘတည်းခိုရာခါနာန်ပြည်၌နေ၏။ ယာကုပ်အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊ ယောသပ်သည် အသက်တစ်ဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကိုထိန်းလေ၏။ အဘ၏မယားဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူနေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။ ဣသရေလသည် အသက်ကြီးစဉ်အခါ သားယောသပ်ကိုရသောကြောင့်၊ အခြားသောသားအပေါင်းတို့ကိုချစ်သည်ထက် ယောသပ်ကိုသာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကိုချုပ်၍ပေး၏။ အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ်ကိုသာ၍ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သောအခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကိုသူ့အား မပြောနိုင်ကြ။ ယောသပ်သည် အိပ်မက်ကိုမြင်၍၊ အစ်ကိုတို့အားပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။ အိပ်မက်ကို အဘယ်သို့ပြန်ပြောသနည်းဟူမူကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကိုနားထောင်ကြပါလော့။ ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကိုစည်း၍နေကြစဉ်တွင်၊ ကျွန်ုပ်ကောက်လှိုင်းသည်ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကိုရှိခိုးကြသည်ဟု ပြောဆိုလေ၏။ အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌မင်းပြုရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။ တစ်ဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသောအိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တစ်လုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြားပြောလေ၏။ ထိုသို့အဘနှင့် အစ်ကိုတို့အားကြားပြောသောအခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့နည်း။ ငါနှင့်သင်၏အမိ၊ သင်၏အစ်ကိုတို့သည် သင့်ထံသို့စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကိုဆုံးမလေ၏။ အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကိုမှတ်လေ၏။
ကမ္ဘာဦး 37 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 37:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ