YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 35:2-10

ကမ္ဘာဦး 35:2-10 JBMLE

ထို​အ​ခါ​ယာ​ကုပ်​သည်​အိမ်​သူ​အိမ်​သား​များ​နှင့်၊ မိ​မိ၌​ရှိ​သော​သူ​အ​ပေါင်း​တို့​ကို​ခေါ်၍၊ သင်​တို့​တွင်​ပါ​သော၊ တစ်​ပါး​အ​မျိုး​သား​တို့၏​ဘု​ရား​တို့​ကို ပယ်​ပစ်​ကြ​လော့။ အ​ဝတ်​ကို​လဲ၍ သန့်​ရှင်း​ခြင်း​ရှိ​စေ​ကြ​လော့။ ယ​ခု​ထ၍ ဗေ​သ​လ​အ​ရပ်​သို့​သွား​ကြ​စို့။ ငါ​သည်​ဆင်း​ရဲ​ခံ​ရ​သော​ကာ​လ ငါ့​ကို​ထူး၍၊ ငါ​သွား​သော​လမ်း၌​ကြွ​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖို့ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​ငါ​တည်​မည်​ဟု ဆို​လေ၏။ သူ​တို့​သည်​လည်း၊ မိ​မိ​တို့၌​ပါ​သော​တစ်​ပါး​အ​မျိုး​သား​တို့၏ ဘု​ရား​အ​ပေါင်း​တို့​နှင့်၊ နား၌​ပန်​သော​နား​ပန်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ယာ​ကုပ်​အား​ပေး၍၊ ယာ​ကုပ်​လည်း၊ ရှေ​ခင်​မြို့​နား​တွင်​ရှိ​သော သ​ပိတ်​ပင်​အောက်၌ မြှုပ်​ထား​လေ၏။ သူ​တို့​ပြောင်း​သွား​ကြ​သော​အ​ခါ၊ ပတ်​ဝန်း​ကျင်​မြို့​သား​တို့​သည်၊ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယာ​ကုပ်​သား​တို့​ကို မ​လိုက်​ဝံ့​ဘဲ​နေ​ကြ၏။ ယာ​ကုပ်​သည် မိ​မိ၌​ပါ​သော​သူ​အ​ပေါင်း​နှင့်​တ​ကွ၊ ခါ​နာန်​ပြည် လု​ဇ​မြို့​တည်း​ဟူ​သော၊ ဗေ​သ​လ​အ​ရပ်​သို့​ရောက်​ကြ​သော်၊ ယဇ်​ပ​လ္လင်​ကို​တည်၍၊ ထို​အ​ရပ်​ကို ဗေ​သ​လ​အ​မည်​ဖြင့် တစ်​ဖန်​သ​မုတ်​ပြန်​လေ၏။ အ​ကြောင်း​မူ​ကား၊ အစ်​ကို​ထံ​မှ​ပြေး​သော​အ​ခါ၊ ထို​အ​ရပ်၌ ဘု​ရား​သ​ခင်​ထင်​ရှား​တော်​မူ​သ​တည်း။ ရေ​ဗ​က္က၏​အ​ထိန်း​ဒေ​ဗော​ရ​သေ၍၊ ဗေ​သ​လ​အ​ရပ်၌ သ​ပိတ်​ပင်​အောက်​တွင် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လေ၏။ ထို​အ​ပင်​ကို အာ​လု​မ္ဘာ​ကုတ်​ဟူ၍​တွင်​သ​တည်း။ ယာ​ကုပ်​သည် ပါ​ဒ​နာ​ရံ​အ​ရပ်​မှ ပြန်​လာ​သော​နောက်၊ တစ်​ဖန်​ဘု​ရား​သ​ခင်​ထင်​ရှား၍ ကောင်း​ကြီး​ပေး​တော်​မူ​ပြီး​လျှင်၊ သင်​သည် ယ​ခု​ယာ​ကုပ်​အ​မည်​ရှိ၏။ နောင်၌ သင်၏​အ​မည်​ကို ယာ​ကုပ်​ဟူ၍​မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်​ဟု မိန့်​တော်​မူ​လျက် ဣ​သ​ရေ​လ​အ​မည်​ဖြင့် သ​မုတ်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။