YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 34:1-4

ကမ္ဘာဦး 34:1-4 JBMLE

ယာ​ကုပ်​၏​မ​ယား၊ လေ​အာ​ဖွား​မြင်​သော​သ​မီး​ဒိ​န​သည်၊ ထို​ပြည်၏ အ​မျိုး​သ​မီး​တို့​ကို အ​ကြည့်​အ​ရှု​သွား​ရာ​တွင်၊ ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။ နောက်​မှ သူ့​ကို​ချစ်​သော​စိတ်​မ​ကုန်၊ အ​မြဲ​ချစ်၍၊ မေ​တ္တာ​စ​ကား​နှင့် ဖြား​ယောင်း​လျက်​နေ​၏။ ခ​မည်း​တော်​ဟာ​မော်​ထံ​သို့​လည်း​ဝင်၍၊ ဤ​မိန်း​မ​ကို အ​ကျွန်ုပ်​ကြင်​ဖက်​ဖြစ်​စေ​ခြင်း​ငှာ၊ တောင်း၍​ပေး​တော်​မူ​ပါ​ဟု လျှောက်​ဆို​၏။