YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 33:4-11

ကမ္ဘာဦး 33:4-11 JBMLE

ထို​အ​ခါ ဧ​သော​သည် ကြို​ဆို​ခြင်း​ငှာ​ပြေး​လာ၍၊ လည်​ချင်း​ယက်​လျက်၊ ပိုက်​ဖက်​နမ်း​ရှုတ်​ခြင်း​ကို​ပြု၍၊ နှစ်​ယောက်​စ​လုံး​တို့​သည် ငို​ကြွေး​ကြ၏။ ထို​နောက်၊ မျှော်​ကြည့်၍၊ မိန်း​မ​များ၊ သူ​ငယ်​များ​ကို​မြင်​လျှင်၊ သင်၌​ပါ​သော ဤ​သူ​တို့​သည်၊ အ​ဘယ်​သူ​နည်း​ဟု​မေး​သော်၊ ကိုယ်​တော်၏​ကျွန်​အား၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော သူ​ငယ်​ဖြစ်​ကြ​ပါ၏​ဟု​ပြန်​ပြော​ပြီး​မှ၊ ကျွန်​မ​တို့​သည်၊ မိ​မိ​တို့​သား​များ​နှင့်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ကြ၏။ ထို​နောက်၊ လေ​အာ​သည်​သူ၏​သား​များ​နှင့်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ကြ၏။ ထို​နောက်၊ ယော​သပ်​နှင့်​ရာ​ခေ​လ​သည်​ချဉ်း​ကပ်၍ ဦး​ညွှတ်​ခြင်း​ကို​ပြု​ကြ၏။ ဧ​သော​က​လည်း၊ ကျွန်ုပ်​တွေ့​သော တိ​ရ​စ္ဆာန်​စု​အ​ပေါင်း​တို့​သည်၊ အ​ဘယ်​သို့​သော​အ​ရာ​နည်း​ဟု​မေး​လျှင်၊ သ​ခင်၏​စိတ်​တော်​နှင့် တွေ့​စေ​ခြင်း​ငှာ​ဖြစ်​ပါ​သည်​ဟု ပြန်​ပြော၏။ ဧ​သော​က​လည်း၊ ငါ့​ညီ၊ ငါ၌​လုံ​လောက်​အောင်​ရှိ၏။ သင်၏​ဥ​စ္စာ​တို့​ကို ယူ​ထား​ဦး​လော့​ဟု​ဆို၏။ ယာ​ကုပ်​က​လည်း၊ ထို​သို့​မ​ဆို​ပါ​နှင့်။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင်၊ ကျွန်​တော်​ဆက်​သော​လက်​ဆောင်​ကို ခံ​ယူ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်၏​မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သ​ကဲ့​သို့၊ ကိုယ်​တော်၏​မျက်​နှာ​ကို ဖူး​မြင်​ရ​ပါ၏။ စိတ်​တော်​သည်​လည်း​နူး​ညွတ်​ပါ၏။ ကိုယ်​တော်​ထံ​သို့​ရောက်​သော ကျွန်​တော်၏​မင်္ဂ​လာ​ကို ခံ​ယူ​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်၊ ကျွန်​တော်၌​များ​စွာ​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​ပြီ။ ကျွန်​တော်၌​လုံ​လောက်​အောင်​ရှိ​ပါ၏​ဟူ၍ တိုက်​တွန်း​သော​ကြောင့် ခံ​ယူ​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။