YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 33:1-4

ကမ္ဘာဦး 33:1-4 JBMLE

ထို​အ​ခါ ယာ​ကုပ်​သည်​မျှော်​ကြည့်၍၊ အစ်​ကို​ဧ​သော​သည် လူ​လေး​ရာ​ပါ​လျက် ချီ​လာ​သည်​ကို​မြင်​လျှင်၊ လေ​အာ၊ ရာ​ခေ​လ၊ ကျွန်​မ​နှစ်​ယောက်​တို့​တွင် သား​များ​တို့​ကို​ဝေ​ပေး​လေ​၏။ ကျွန်​မ​နှစ်​ယောက်​ကို​ကား၊ သူ​တို့​သား​များ​နှင့်​ရှေ့​က​နေ​စေ၍၊ လေ​အာ​နှင့်​သူ၏​သား​တို့​ကို အ​လယ်၌​လည်း​ကောင်း၊ ရာ​ခေ​လ​နှင့် ယော​သပ်​ကို​နောက်၌​လည်း​ကောင်း ထား​လေ​၏။ သူ​တို့​ရှေ့​မှာ​ကိုယ်​တိုင်​လွန်​သွား၍၊ ခု​နစ်​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပျပ်​ဝပ်​လျက်၊ အစ်ကိုအနီးသို့ချဉ်း​ကပ်​လေ၏။ ထို​အ​ခါ ဧ​သော​သည် ကြို​ဆို​ခြင်း​ငှာ​ပြေး​လာ၍၊ လည်​ချင်း​ယက်​လျက်၊ ပိုက်​ဖက်​နမ်း​ရှုတ်​ခြင်း​ကို​ပြု၍၊ နှစ်​ယောက်​စ​လုံး​တို့​သည် ငို​ကြွေး​ကြ၏။