YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 32

32
ဧ​သော​နှင့် တွေ့​ဆုံ​ရန်​ပြင်​ဆင်​ခြင်း
1ယာ​ကုပ်​သည်​ခ​ရီး​သွား​ပြန်၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည် ကြို​ဆို​ခြင်း​ငှာ​လာ​ကြ​သည်​ကို၊ 2ယာ​ကုပ်​မြင်​လျှင် ဘု​ရား​သ​ခင်၏​တပ်​တော်​ဖြစ်​သည်​ဟု ဆို၍၊ ထို​အ​ရပ်​ကို မ​ဟာ​နိမ်​အ​မည်​ဖြင့် မှည့်​လေ၏။
3ထို​အ​ခါ ယာ​ကုပ်​သည်၊ အစ်​ကို​ဧ​သော​နေ​ရာ ဧ​ဒုံ​ပြည်​တည်း​ဟူ​သော စိ​ရ​ပြည်​သို့၊ တ​မန်​တို့​ကို မိ​မိ​ရှေ့​မှာ​စေ​လွှတ်၍ မှာ​လိုက်​သည်​ကား၊ 4ကိုယ်​တော်၏​ကျွန်​ယာ​ကုပ်​က၊ ကျွန်​တော်​သည် လာ​ဗန်​ထံ​မှာ​တည်း​ခို၍၊ ယ​ခု​တိုင်​အောင်​နေ​ပါ​ပြီ။ 5ကျွန်​တော်၌ နွား၊ မြည်း၊ သိုး၊ ဆိတ်၊ ကျွန်​ယောက်ျား မိန်း​မ​များ​ရှိ​ကြ​ပါ၏။ ကျွန်​တော်​သည် သ​ခင်၏​စိတ်​တော်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လျှောက်​ကြား​လိုက်​ပါ​သည်​ဟု၊ ငါ့​သ​ခင်​ဧ​သော​ကို​လျှောက်​ကြ​ဟု မှာ​လိုက်​လေ​၏။ 6တ​မန်​တို့​လည်း ယာ​ကုပ်​ထံ​သို့​ပြန်​လာ၍၊ ကျွန်​တော်​တို့​သည်၊ ကိုယ်​တော်၏​အစ်​ကို​ဧ​သော​ထံ​သို့ ရောက်​ခဲ့​ပါ​ပြီ။ သူ​သည်​ကိုယ်​တော်​ကို တွေ့​ခြင်း​ငှာ၊ လူ​လေး​ရာ​နှင့်​ချီ​လာ​ပါ​သည်​ဟု လျှောက်​ကြ​၏။ 7ထို​အ​ခါ​ယာ​ကုပ်​သည်၊ အ​လွန်​ကြောက်၍ စိတ်​ပူ​ပန်​လျှင်၊ မိ​မိ​တွင်​ပါ​သော လူ​စု၊ သိုး​ဆိတ်​စု၊ နွား​စု၊ ကု​လား​အုတ်​များ​တို့​ကို နှစ်​စု​ခွဲ၍​ထား​လေ​၏။ 8အ​ကြောင်း​မူ​ကား၊ တစ်​စု​ကို ဧ​သော​တွေ့၍​လုပ်​ကြံ​လျှင်၊ ကြွင်း​သော တစ်​စု​လွတ်​လိမ့်​မည်​ဟု​ဆို​၏။
9တစ်​ဖန်​ယာ​ကုပ်​က၊ အ​ကျွန်ုပ်​အ​ဘ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ ဣ​ဇာက်၏​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​က၊ သင်၏​ပြည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​ထံ​သို့ ပြန်​လော့။ ငါ​သည်​သင်၌​ကျေး​ဇူး​ပြု​မည်​ဟု မိန့်​တော်​မူ​ပါ​ပြီ။ 10ကိုယ်​တော်​ကျွန်၌​ပြ​တော်​မူ​သော က​ရု​ဏာ​သ​စ္စာ​တော်​အ​ငယ်​ဆုံး​ကို​မျှ အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။ အ​ကျွန်ုပ်​သည်​အ​ထက်​က၊ ဤ​ယော်​ဒန်​မြစ်​ကို လက်​စွဲ​တောင်​ဝှေး​နှင့်​သာ​ကူး​ပါ၏။ ယ​ခု​မူ​ကား၊ အ​ပေါင်း​အ​သင်း​နှစ်​စု​ဖြစ်​ပါ၏။ 11သို့​ဖြစ်၍၊ အ​ကျွန်ုပ်​ကို​အစ်​ကို​ဧ​သော​လက်​မှ ကယ်​လွှတ်​တော်​မူ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ သူ​သည်​လာ၍ အ​ကျွန်ုပ်​ကို​လည်း​ကောင်း၊ သား​မ​ယား​တို့​ကို​လည်း​ကောင်း သတ်​မည်​ဟု အ​လွန်​စိုး​ရိမ်​ပါ​၏။ 12ကိုယ်​တော်​က၊ ငါ​သည်​သင်၌ အ​မှန်​ကျေး​ဇူး​ပြု၍၊ မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သော သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ၊ သင်၏​အ​မျိုး​အ​နွယ်​ကို ငါ​ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ​ပါ​ပြီ​ဟု တောင်း​လျှောက်​လေ၏။#က၊ ၂၂:၁၇။
13ထို​အ​ရပ်၌ တစ်​ည​ပတ်​လုံး​နေ​ပြီး​မှ၊ မိ​မိ​လက်​ရှိ​ဥ​စ္စာ​စု​ထဲ​က အစ်​ကို​ဧ​သော​အား လက်​ဆောင်​ဆက်​စ​ရာ​ဖို့၊ 14ဆိတ်​မ​နှစ်​ရာ၊ ဆိတ်​ထီး​နှစ်​ဆယ်၊ သိုး​မ​နှစ်​ရာ၊ သိုး​ထီး​နှစ်​ဆယ်၊ 15နို့​စို့​သား​ငယ်​နှင့်​တ​ကွ၊ နို့​ညှစ်​ကု​လား​အုတ်​မ​သုံး​ဆယ်၊ နွား​မ​လေး​ဆယ်၊ နွား​ထီး​တစ်​ဆယ်၊ မြည်း​မ​နှစ်​ဆယ်​နှင့် မြည်း​က​လေး​တစ်​ဆယ်​တို့​ကို​ယူ​၍၊ 16အ​သီး​အ​သီး​တစ်​စု​တ​ခြား​စီ ခွဲ​သန့်​လျက်၊ ကျွန်​တို့ လက်​သို့​အပ်​ပြီး​လျှင်၊ သင်​တို့​သည် ငါ့​ရှေ့​မှာ​ကူး​သွား၍၊ တစ်​စု​နှင့်​တစ်​စု​ကို ခ​ရီး​ကွာ​စေ​လော့​ဟု၊ ကျွန်​တို့​အား​မှာ​ထား​လေ​၏။ 17ရှေ့​ဦး​စွာ​သွား​သော​သူ​ကို​လည်း၊ ငါ့​အစ်​ကို​ဧ​သော​သည် သင့်​ကို​တွေ့၍၊ သင်​ကား၊ အ​ဘယ်​သူ၏​လူ​ဖြစ်​သ​နည်း၊ အ​ဘယ်​အ​ရပ်​သို့​သွား​သ​နည်း။ သင့်​ရှေ့​မှာ​ရှိ​သော​တိ​ရ​စ္ဆာန်​များ​ကား အ​ဘယ်​သူ၏​ဥ​စ္စာ​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ 18ကိုယ်​တော်​ကျွန်​ယာ​ကုပ်၏​ဥ​စ္စာ​ဖြစ်​ပါ၏။ သ​ခင်​ဧ​သော​အား ဆက်​သ​လိုက်​သော လက်​ဆောင်​ဖြစ်​ပါ၏။ သူ​သည်​လည်း နောက်​မှာ​ရှိ​ပါ၏​ဟု၊ လျှောက်​ရ​မည်​ဟု မှာ​ထား​လေ၏။ 19ထို​နည်း​တူ၊ ဒု​တိ​ယ​သူ၊ တ​တိ​ယ​သူ​မှ​စ၍၊ အ​စု​စု​တို့​နှင့် လိုက်​သော​သူ​အ​ပေါင်း​ကို​လည်း၊ သင်​တို့​သည်​ဧ​သော​နှင့်​တွေ့​လျှင်၊ ဤ​သို့ လျှောက်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ 20ကိုယ်​တော်​ကျွန်​ယာ​ကုပ်​သည်​လည်း နောက်​မှာ​ရှိ​ပါ၏​ဟု၊ ကြား​လျှောက်​ရ​မည်​ဟူ၍​လည်း​ကောင်း မှာ​ထား​လေ၏။ ယာ​ကုပ်​က၊ ယ​ခု​ငါ့​ရှေ့​တွင် ထွက်​သွား​သော​လက်​ဆောင်​ဖြင့်၊ သူ၏​စိတ်​ကို​ငါ​ဖြေ​မည်။ နောက်​မှ မျက်​နှာ​ချင်း​ဆိုင်​တွေ့​သော​အ​ခါ၊ ငါ့​ကို​လက်​ခံ​ကောင်း လက်​ခံ​လိမ့်​မည်​ဟု အ​ကြံ​ရှိ​သ​တည်း။ 21ထို​သို့​ယာ​ကုပ်​ရှေ့​မှာ လက်​ဆောင်​သည် အ​ရင်​ကူး​သွား၍၊ သူ​ကိုယ်​တိုင် ထို​ည၌ လူ​အ​စု​အ​ဝေး​နှင့်​အ​တူ အိပ်၍​နေ၏။ 22ည​မ​ကုန်​မီ​ထ၍ မ​ယား​နှစ်​ယောက်၊ ကျွန်​မ​နှစ်​ယောက်၊ သား​တစ်​ဆယ်​နှင့်​တစ်​ယောက်​တို့​ကို ဆောင်​ယူ၍၊ ယ​ဗ္ဗုတ်​ချောင်း​ရေ​တိမ်​ရာ အ​ရပ်​ကို​ကူး​လေ၏။
ပေ​နွေ​လ​အ​ရပ်​တွင်​န​ပန်း​လုံး​ခြင်း
23ထို​သို့​သူ​တို့​ကို​ယူ၍ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​နှင့်​တ​ကွ ချောင်း​တစ်​ဖက်​သို့​ကူး​စေ​ပြီး​မှ၊ 24ယာ​ကုပ်​သည်​တစ်​ယောက်​တည်း​နေ​ရစ်၍၊ လူ​တစ်​ဦး​သည် မိုး​လင်း​သည်​တိုင်​အောင် သူ​နှင့်​လုံး​ထွေး​လေ၏။#ဟော၊ ၁၂:၃-၄။ 25ထို​သူ​သည် မိ​မိ​မ​နိုင်​မှန်း​ကို​သိ​လျှင်၊ ယာ​ကုပ်​ပေါင်​ခြံ​ကို​ထိုး၍၊ လုံး​ထွေး​စဉ်​တွင် ပေါင်​ဆစ်​ပြုတ်​လေ၏။ 26ထို​သူ​က​လည်း၊ ငါ့​ကို​လွှတ်​ပါ၊ မိုး​လင်း​ဆဲ​ရှိ​ပြီ​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ကောင်း​ချီး​မ​ပေး​လျှင်၊ မ​သွား​ရ​ဟု​ဆို၏။ 27ထို​သူ​က​လည်း၊ သင်၏​အ​မည်​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ယာ​ကုပ်​ဖြစ်​ပါ​သည်​ဟု ပြန်​ဆို၏။ 28နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။#က၊ ၃၅:၁၀။ 29ယာ​ကုပ်​က​လည်း၊ နာ​မ​တော်​ကား​အ​ဘယ်​သို့​နည်း။ အ​ကျွန်ုပ်​အား ဖော်​ပြ​တော်​မူ​ပါ​ဟု မေး​လျှောက်​လျှင်၊ ငါ့​နာ​မ​ကို​အ​ဘယ်​ကြောင့်​မေး​သ​နည်း​ဟု ဆို၍၊ ထို​အ​ရပ်၌ ကောင်း​ချီး​ပေး​တော်​မူ၏။#သူ​ကြီး၊ ၁၃:၁၇-၁၈။ 30ထို​အ​ရပ်​ကို​ပေ​ညေ​လ​ဟူ၍၊ ယာ​ကုပ်​သည် သ​မုတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ ဖူး​မြင်​ရ​သော်​လည်း၊ အ​သက်​ချမ်း​သာ​ပြီ​ဟု ဆို​သ​တည်း။ 31ပေ​နွေ​လ​အ​ရပ်​ကို ယာ​ကုပ်​လွန်​သွား​သော​အ​ခါ၊ နေ​ထွက်​ချိန်​ရှိ၍၊ သူ​သည် ထော့​နဲ့​သွား​လေ၏။ 32ထို​သို့​ယာ​ကုပ်၏​ပေါင်​ခြံ​အ​ကြော​ကြီး​ကို ထိုး​တော်​မူ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပေါင်​ချန်၌​ရှိ​သော​အ​ကြော​ကြီး​ကို ယ​နေ့​တိုင်​အောင်​မ​စား ရှောင်​လေ့​ရှိ​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 32: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ