ညမကုန်မီထ၍ မယားနှစ်ယောက်၊ ကျွန်မနှစ်ယောက်၊ သားတစ်ဆယ်နှင့်တစ်ယောက်တို့ကို ဆောင်ယူ၍၊ ယဗ္ဗုတ်ချောင်းရေတိမ်ရာ အရပ်ကိုကူးလေ၏။ ထိုသို့သူတို့ကိုယူ၍ မိမိဥစ္စာရှိသမျှနှင့်တကွ ချောင်းတစ်ဖက်သို့ကူးစေပြီးမှ၊ ယာကုပ်သည်တစ်ယောက်တည်းနေရစ်၍၊ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင် သူနှင့်လုံးထွေးလေ၏။ ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ်ပေါင်ခြံကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။ ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုးလင်းဆဲရှိပြီဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကောင်းချီးမပေးလျှင်၊ မသွားရဟုဆို၏။ ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့နည်းဟုမေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။ နောင်၌ သင်၏အမည်ကိုယာကုပ်ဟူ၍ မခေါ်ရ။ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည်ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း၊ မင်းကဲ့သို့ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။ ယာကုပ်ကလည်း၊ နာမတော်ကားအဘယ်သို့နည်း။ အကျွန်ုပ်အား ဖော်ပြတော်မူပါဟု မေးလျှောက်လျှင်၊ ငါ့နာမကိုအဘယ်ကြောင့်မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းချီးပေးတော်မူ၏။ ထိုအရပ်ကိုပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက်ချမ်းသာပြီဟု ဆိုသတည်း။
ကမ္ဘာဦး 32 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 32:22-30
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ