YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 32:22-30

ကမ္ဘာဦး 32:22-30 JBMLE

ည​မ​ကုန်​မီ​ထ၍ မ​ယား​နှစ်​ယောက်၊ ကျွန်​မ​နှစ်​ယောက်၊ သား​တစ်​ဆယ်​နှင့်​တစ်​ယောက်​တို့​ကို ဆောင်​ယူ၍၊ ယ​ဗ္ဗုတ်​ချောင်း​ရေ​တိမ်​ရာ အ​ရပ်​ကို​ကူး​လေ၏။ ထို​သို့​သူ​တို့​ကို​ယူ၍ မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​နှင့်​တ​ကွ ချောင်း​တစ်​ဖက်​သို့​ကူး​စေ​ပြီး​မှ၊ ယာ​ကုပ်​သည်​တစ်​ယောက်​တည်း​နေ​ရစ်၍၊ လူ​တစ်​ဦး​သည် မိုး​လင်း​သည်​တိုင်​အောင် သူ​နှင့်​လုံး​ထွေး​လေ၏။ ထို​သူ​သည် မိ​မိ​မ​နိုင်​မှန်း​ကို​သိ​လျှင်၊ ယာ​ကုပ်​ပေါင်​ခြံ​ကို​ထိုး၍၊ လုံး​ထွေး​စဉ်​တွင် ပေါင်​ဆစ်​ပြုတ်​လေ၏။ ထို​သူ​က​လည်း၊ ငါ့​ကို​လွှတ်​ပါ၊ မိုး​လင်း​ဆဲ​ရှိ​ပြီ​ဟု​ဆို​လျှင်၊ ယာ​ကုပ်​က၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ကောင်း​ချီး​မ​ပေး​လျှင်၊ မ​သွား​ရ​ဟု​ဆို၏။ ထို​သူ​က​လည်း၊ သင်၏​အ​မည်​ကား အ​ဘယ်​သို့​နည်း​ဟု​မေး​လျှင်၊ ယာ​ကုပ်​ဖြစ်​ပါ​သည်​ဟု ပြန်​ဆို၏။ နောင်၌ သင်၏​အ​မည်​ကို​ယာ​ကုပ်​ဟူ၍ မ​ခေါ်​ရ။ ဣ​သ​ရေ​လ​ဟူ၍​ခေါ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​ဘု​ရား​သ​ခင်​နှင့်​လည်း​ကောင်း၊ လူ​နှင့်​လည်း​ကောင်း၊ မင်း​ကဲ့​သို့​ပြိုင်၍ နိုင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။ ယာ​ကုပ်​က​လည်း၊ နာ​မ​တော်​ကား​အ​ဘယ်​သို့​နည်း။ အ​ကျွန်ုပ်​အား ဖော်​ပြ​တော်​မူ​ပါ​ဟု မေး​လျှောက်​လျှင်၊ ငါ့​နာ​မ​ကို​အ​ဘယ်​ကြောင့်​မေး​သ​နည်း​ဟု ဆို၍၊ ထို​အ​ရပ်၌ ကောင်း​ချီး​ပေး​တော်​မူ၏။ ထို​အ​ရပ်​ကို​ပေ​ညေ​လ​ဟူ၍၊ ယာ​ကုပ်​သည် သ​မုတ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင်​ကို မျက်​နှာ​ချင်း​ဆိုင်၍ ဖူး​မြင်​ရ​သော်​လည်း၊ အ​သက်​ချမ်း​သာ​ပြီ​ဟု ဆို​သ​တည်း။