YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 31:44-49

ကမ္ဘာဦး 31:44-49 JBMLE

သို့​ဖြစ်၍၊ ယ​ခု​သင်​နှင့် ငါ​စပ်​ကြား၌​သက်​သေ​ဖြစ်​စေ၍၊ ငါ​တို့​နှစ်​ယောက်​သည် ပ​ဋိ​ညာဉ်​ပြု​ကြ​စို့​ဟု ယာ​ကုပ်​အား​ပြန်​ပြော၏။ ယာ​ကုပ်​သည်​လည်း ကျောက်​ကို​ယူ၍၊ မှတ်​တိုင်​ဖို့​စိုက်​ထူ​ပြီး​လျှင်၊ ကျောက်​များ​ကို​စု​ထား​ကြ​ပါ​ဟု ညီ​အစ်​ကို​တို့​အား ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ကျောက်​များ​ကို​ယူ၍၊ ကျောက်​ပုံ​ကို​တည်​လုပ်​ပြီး​မှ၊ ထို​ကျောက်​ပုံ​အ​ပေါ်၌ စား​သောက်​ခြင်း​ကို ပြု​ကြ၏။ ထို​ကျောက်​ပုံ​ကို လာ​ဗန်​သည် ယေ​ဂါ​သ​ဟာ​ဒု​သ​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​သည် ဂိ​လဒ်​ဟူ၍​လည်း​ကောင်း သ​မုတ်​လေ၏။ လာ​ဗန်​က​လည်း၊ ယ​နေ့​ဤ​ကျောက်​ပုံ​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​သည်​ဟု​ဆို၏။ ထို​ကြောင့် ဂိ​လဒ်​ဟူ၍​သ​မုတ်​ကြ၏။ မိ​ဇ​ပါ​ဟူ၍ သ​မုတ်​ကြ​သေး၏။ အ​ကြောင်း​မူ​ကား၊ လာ​ဗန်​က၊ ငါ​တို့​သည် တစ်​ယောက်​နှင့်​တစ်​ယောက် ခွာ​သွား​ကြ​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​သင်၏ စပ်​ကြား၌​စောင့်​တော်​မူ​စေ​သ​တည်း။