YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 31:43-55

ကမ္ဘာဦး 31:43-55 JBMLE

လာ​ဗန်​က​လည်း၊ ဤ​သ​မီး​တို့​သည် ငါ့​သ​မီး​ဖြစ်​ကြ၏။ ဤ​သူ​ငယ်​တို့​သည်၊ ငါ့​သား​ဖြစ်​ကြ၏။ ဤ​တိ​ရ​စ္ဆာန်​တို့​လည်း၊ ငါ့​တိ​ရ​စ္ဆာန်​ဖြစ်​ကြ၏။ မြင်​သ​မျှ​သော ဥ​စ္စာ​သည်​ငါ့​ဥ​စ္စာ​ဖြစ်၏။ ငါ့​သ​မီး​တို့၌​လည်း​ကောင်း၊ သူ​တို့​ဖွား​မြင်​သော ငါ့​သူ​ငယ်​တို့၌​လည်း​ကောင်း၊ အ​ဘယ်​သို့​ငါ​ပြု​နိုင်​သ​နည်း။ သို့​ဖြစ်၍၊ ယ​ခု​သင်​နှင့် ငါ​စပ်​ကြား၌​သက်​သေ​ဖြစ်​စေ၍၊ ငါ​တို့​နှစ်​ယောက်​သည် ပ​ဋိ​ညာဉ်​ပြု​ကြ​စို့​ဟု ယာ​ကုပ်​အား​ပြန်​ပြော၏။ ယာ​ကုပ်​သည်​လည်း ကျောက်​ကို​ယူ၍၊ မှတ်​တိုင်​ဖို့​စိုက်​ထူ​ပြီး​လျှင်၊ ကျောက်​များ​ကို​စု​ထား​ကြ​ပါ​ဟု ညီ​အစ်​ကို​တို့​အား ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ကျောက်​များ​ကို​ယူ၍၊ ကျောက်​ပုံ​ကို​တည်​လုပ်​ပြီး​မှ၊ ထို​ကျောက်​ပုံ​အ​ပေါ်၌ စား​သောက်​ခြင်း​ကို ပြု​ကြ၏။ ထို​ကျောက်​ပုံ​ကို လာ​ဗန်​သည် ယေ​ဂါ​သ​ဟာ​ဒု​သ​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​သည် ဂိ​လဒ်​ဟူ၍​လည်း​ကောင်း သ​မုတ်​လေ၏။ လာ​ဗန်​က​လည်း၊ ယ​နေ့​ဤ​ကျောက်​ပုံ​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​သည်​ဟု​ဆို၏။ ထို​ကြောင့် ဂိ​လဒ်​ဟူ၍​သ​မုတ်​ကြ၏။ မိ​ဇ​ပါ​ဟူ၍ သ​မုတ်​ကြ​သေး၏။ အ​ကြောင်း​မူ​ကား၊ လာ​ဗန်​က၊ ငါ​တို့​သည် တစ်​ယောက်​နှင့်​တစ်​ယောက် ခွာ​သွား​ကြ​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​သင်၏ စပ်​ကြား၌​စောင့်​တော်​မူ​စေ​သ​တည်း။ သင်​သည် ငါ့​သ​မီး​တို့​ကို ညှဉ်း​ဆဲ​သည်​ဖြစ်​စေ၊ ငါ့​သ​မီး​တို့​မှ​တစ်​ပါး အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်​စေ၊ ငါ​တို့၌​လူ​သက်​သေ​မ​ရှိ၊ ဘု​ရား​သ​ခင်​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​စေ​တော်​မူ​သ​တည်း ဟူ၍​လည်း​ကောင်း၊ တစ်​ဖန်​လည်း၊ ငါ​နှင့်​သင်၏​စပ်​ကြား၌ သင်​သည်​တည်​လုပ်​ခဲ့​ပြီး​သော ဤ​ကျောက်​ပုံ​နှင့် ဤ​မှတ်​တိုင်​ကို​ကြည့်​ပါ​လော့။ ငါ​သည် သင့်​ကို​ခိုက်​ရန်​ပြု​ခြင်း​ငှာ၊ ဤ​ကျောက်​ပုံ၊ ဤ​မှတ်​တိုင်​ကို​မ​ကျော်​ရ။ သင်​သည် ငါ့​ကို​ခိုက်​ရန်​ပြု​ခြင်း​ငှာ၊ ဤ​ကျောက်​ပုံ၊ ဤ​မှတ်​တိုင်​ကို မ​ကျော်​ရ​ဟု ဤ​ကျောက်​ပုံ​နှင့် ဤ​မှတ်​တိုင်​သည် သက်​သေ​ဖြစ်​စေ​သ​တည်း။ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ နာ​ခေါ်၏​ဘု​ရား​သ​ခင်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​စပ်​ကြား၌ စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​အား​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ မိ​မိ​အ​ဘ​ကြောက်​ရွံ့​ရာ ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လေ၏။ ထို​အ​ခါ​ယာ​ကုပ်​သည် တောင်​ပေါ်​မှာ​ယဇ်​ပူ​ဇော်၍၊ ညီ​အစ်​ကို​များ​ကို အ​စာ​စား​စေ​ခြင်း​ငှာ ခေါ်​ဖိတ်​သ​ဖြင့်၊ သူ​တို့​သည်​စား​သောက်၍၊ တောင်​ပေါ်​မှာ​ည​ကို​လွန်​စေ​ကြ၏။ နံ​နက်​စော​စော လာ​ဗန်​ထ၍ မိ​မိ​သား​သ​မီး​များ​ကို​နမ်း​လျက် ကောင်း​ချီး​ပေး​ပြီး​မှ၊ မိ​မိ​နေ​ရာ​ပြည်​သို့ ပြန်​သွား​လေ၏။