YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 31:17-29

ကမ္ဘာဦး 31:17-29 JBMLE

ထို​အ​ခါ​ယာ​ကုပ်​သည်​ထ၍၊ မိ​မိ​သား​မ​ယား​တို့​ကို ကု​လား​အုတ်​ပေါ်​မှာ​စီး​စေ၏။ မိ​မိ​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော၊ ပါ​ဒ​နာ​ရံ​အ​ရပ်၌​ရ​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​နှင့်၊ ရ​တတ်​သ​မျှ​သော ဥ​စ္စာ​တို့​ကို​ဆောင်​ယူ၍၊ အ​ဘ​ဣ​ဇာက်​နေ​ရာ ခါ​နာန်​ပြည်​သို့ ခ​ရီး​သွား​လေ၏။ လာ​ဗန်​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သို့​သွား​ခိုက်​တွင်၊ ရာ​ခေ​လ​သည်၊ သူ၏​တေ​ရပ်​ရုပ်​တု​တို့​ကို ခိုး​ယူ​လေ၏။ ယာ​ကုပ်​သည် မိ​မိ​ပြေး​မည်​အ​ကြောင်း​ကို မ​ကြား​မ​ပြော​ဘဲ​နေ၍၊ ရှု​ရိ​လူ​ဖြစ်​သော​လာ​ဗန်​ကို ပ​ရိ​ယာယ်​အား​ဖြင့်​နိုင်​လေ၏။ ထို​သို့​မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ပါ​လျက် ပြေး​သွား၍၊ မြစ်​တစ်​ဖက်​သို့ အ​လျင်​အ​မြန်​ကူး​ပြီး​လျှင်၊ ဂိ​လဒ်​တောင်​ကို​ရှေ့​ရှု​ပြု​လျက် ခ​ရီး​သွား​လေ၏။ ယာ​ကုပ်​ပြေး​ကြောင်း​ကို၊ သုံး​ရက်​မြောက်​သော​နေ့၌ လာ​ဗန်​ကြား​သိ​လျှင်၊ ညီ​အစ်​ကို​တို့​ကို​ခေါ်၍၊ ခု​နစ်​ရက်​ခ​ရီး​လိုက်​သ​ဖြင့်၊ ဂိ​လဒ်​တောင်​ပေါ်​မှာ​မီ​လေ၏။ ဘု​ရား​သ​ခင်​သည် ရှု​ရိ​လူ​လာ​ဗန်​ဆီ​သို့ ည​အ​ချိန်​တွင် အိပ်​မက်၌​ကြွ​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အား ကောင်း​မ​ကောင်း​ကို​မ​ပြော​နှင့်၊ သ​တိ​ပြု​လော့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ​ယာ​ကုပ်​သည် မိ​မိ​တဲ​ကို ဂိ​လဒ်​တောင်​ပေါ်​မှာ​ဆောက်​နှင့်​ပြီ။ လာ​ဗန်​သည် လိုက်၍​မီ​သော​အ​ခါ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​တ​ကွ၊ ထို​တောင်​ပေါ်​မှာ​တဲ​ကို ဆောက်​လေ​၏။ လာ​ဗန်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း။ စစ်​တိုက်​ရာ​၌ ဖမ်း​မိ​သော​သူ​တို့​ကို သိမ်း​သွား​သ​ကဲ့​သို့၊ ငါ့​ကို​လှည့်​စား၍၊ ငါ့​သ​မီး​တို့​ကို သိမ်း​သွား​လေ​ပြီ​တ​ကား။ ငါ့​ကို​လှည့်​စား၍၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ​သည် ပျော်​မွေ့​ခြင်း​ကို​ပြု၍​သီ​ချင်း​ဆို​လျက်၊ ပတ်​သာ​နှင့်​စောင်း​တီး​လျက်၊ သင့်​ကို​လွှတ်​လိုက်​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ငါ့​ကို​မ​ကြား​မ​ပြော​ဘဲ​နေ​သ​နည်း။ ငါ့​သား​သ​မီး​တို့​ကို​ငါ​နမ်း​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့်​အ​ခွင့်​မ​ပေး​သ​နည်း။ သင်​သည် မိုက်​စွာ​ပြု​လေ​ပြီ​တ​ကား။ ယ​ခု​သင့်​ကို ငါ​ညှဉ်း​ဆဲ​နိုင်၏။ သို့​သော်​လည်း၊ မ​နေ့​ည​မှာ သင်၏​အ​ဘ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည်​ကြွ​လာ၍၊ ယာ​ကုပ်​အား ကောင်း​မ​ကောင်း​ကို​မ​ပြော​နှင့်။ သ​တိ​ပြု​လော့​ဟု ငါ့​အား​မိန့်​တော်​မူ​၏။