ထိုအခါယာကုပ်သည်ထ၍၊ မိမိသားမယားတို့ကို ကုလားအုတ်ပေါ်မှာစီးစေ၏။ မိမိတိရစ္ဆာန်တည်းဟူသော၊ ပါဒနာရံအရပ်၌ရသောတိရစ္ဆာန်ရှိသမျှတို့နှင့်၊ ရတတ်သမျှသော ဥစ္စာတို့ကိုဆောင်ယူ၍၊ အဘဣဇာက်နေရာ ခါနာန်ပြည်သို့ ခရီးသွားလေ၏။ လာဗန်သည် သိုးမွေးကိုညှပ်ခြင်းငှာ၊ အခြားတစ်ပါးသို့သွားခိုက်တွင်၊ ရာခေလသည်၊ သူ၏တေရပ်ရုပ်တုတို့ကို ခိုးယူလေ၏။ ယာကုပ်သည် မိမိပြေးမည်အကြောင်းကို မကြားမပြောဘဲနေ၍၊ ရှုရိလူဖြစ်သောလာဗန်ကို ပရိယာယ်အားဖြင့်နိုင်လေ၏။ ထိုသို့မိမိဥစ္စာရှိသမျှပါလျက် ပြေးသွား၍၊ မြစ်တစ်ဖက်သို့ အလျင်အမြန်ကူးပြီးလျှင်၊ ဂိလဒ်တောင်ကိုရှေ့ရှုပြုလျက် ခရီးသွားလေ၏။ ယာကုပ်ပြေးကြောင်းကို၊ သုံးရက်မြောက်သောနေ့၌ လာဗန်ကြားသိလျှင်၊ ညီအစ်ကိုတို့ကိုခေါ်၍၊ ခုနစ်ရက်ခရီးလိုက်သဖြင့်၊ ဂိလဒ်တောင်ပေါ်မှာမီလေ၏။ ဘုရားသခင်သည် ရှုရိလူလာဗန်ဆီသို့ ညအချိန်တွင် အိပ်မက်၌ကြွတော်မူ၍၊ သင်သည် ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်၊ သတိပြုလော့ဟု မိန့်တော်မူ၏။ ထိုအခါယာကုပ်သည် မိမိတဲကို ဂိလဒ်တောင်ပေါ်မှာဆောက်နှင့်ပြီ။ လာဗန်သည် လိုက်၍မီသောအခါ၊ မိမိညီအစ်ကိုတို့နှင့်တကွ၊ ထိုတောင်ပေါ်မှာတဲကို ဆောက်လေ၏။ လာဗန်ကလည်း၊ သင်သည် အဘယ်သို့ပြုသနည်း။ စစ်တိုက်ရာ၌ ဖမ်းမိသောသူတို့ကို သိမ်းသွားသကဲ့သို့၊ ငါ့ကိုလှည့်စား၍၊ ငါ့သမီးတို့ကို သိမ်းသွားလေပြီတကား။ ငါ့ကိုလှည့်စား၍၊ အဘယ်ကြောင့် တိတ်ဆိတ်စွာထွက်ပြေးသနည်း။ ငါသည် ပျော်မွေ့ခြင်းကိုပြု၍သီချင်းဆိုလျက်၊ ပတ်သာနှင့်စောင်းတီးလျက်၊ သင့်ကိုလွှတ်လိုက်စေခြင်းငှာ၊ အဘယ်ကြောင့် ငါ့ကိုမကြားမပြောဘဲနေသနည်း။ ငါ့သားသမီးတို့ကိုငါနမ်းစေခြင်းငှာ၊ အဘယ်ကြောင့်အခွင့်မပေးသနည်း။ သင်သည် မိုက်စွာပြုလေပြီတကား။ ယခုသင့်ကို ငါညှဉ်းဆဲနိုင်၏။ သို့သော်လည်း၊ မနေ့ညမှာ သင်၏အဘကိုးကွယ်သော ဘုရားသခင်သည်ကြွလာ၍၊ ယာကုပ်အား ကောင်းမကောင်းကိုမပြောနှင့်။ သတိပြုလော့ဟု ငါ့အားမိန့်တော်မူ၏။
ကမ္ဘာဦး 31 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 31:17-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ