YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 31:1-55

ကမ္ဘာဦး 31:1-55 JBMLE

ထို​အ​ခါ လာ​ဗန်​သား​တို့​က၊ ငါ​တို့​သ​ခင်၏​ဥ​စ္စာ​ရှိ​သ​မျှ​ကို ယာ​ကုပ်​သည် ယူ​သွား​လေ​ပြီ​တ​ကား၊ ငါ​တို့​အ​ဘ၏​ဥ​စ္စာ​အား​ဖြင့်၊ သူ၌​ဤ​မည်​သော​စည်း​စိမ်​ရှိ​သ​မျှ​သည် ဖြစ်​လေ​ပြီ​ဟု၊ ဆို​ကြ​သည်​ကို​ယာ​ကုပ်​ကြား၍၊ လာ​ဗန်၏ မျက်​နှာ​ကို​ကြည့်​သော​အ​ခါ၊ ရှေ့​က​ကဲ့​သို့​မ​ဟုတ်၊ ခြား​နား​သည်​ကို သိ​မြင်၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဘိုး​ဘေး​နေ​သော​ပြည်၊ သင်၏​အ​မျိုး​သား​ချင်း​ထံ​သို့ ပြန်​သွား​လော့။ ငါ​သည် သင့်​ဘက်၌​ရှိ​နေ​မည်​ဟု ယာ​ကုပ်​အား​မိန့်​တော်​မူ၏။ ယာ​ကုပ်​သည် လူ​ကို​စေ​လွှတ်၍၊ ရာ​ခေ​လ​နှင့် လေ​အာ​ကို၊ သိုး​စု​ရှိ​ရာ​တော​သို့​ခေါ်​ပြီး​လျှင်၊ သင်​တို့​အ​ဘ၏​မျက်​နှာ​သည် ငါ၌​ရှေ့​က​ကဲ့​သို့​မ​ဟုတ်၊ ခြား​နား​သည်​ကို ငါ​သိ​မြင်၏။ သို့​သော်​လည်း၊ ငါ့​အ​ဘ၏​ဘု​ရား​သ​ခင်​သည်၊ ငါ့​ဘက်၌​ရှိ​တော်​မူ၏။ သင်​တို့​အ​ဘ၏​အ​မှု​ကို၊ ငါ​တတ်​နိုင်​သ​မျှ​အ​တိုင်း၊ ငါ​စောင့်​သည်​ကို သင်​တို့​သိ​ကြ​၏။ သင်​တို့​အ​ဘ​သည်​လည်း ငါ့​ကို​လှည့်​စား၍၊ ငါ​ရ​ထိုက်​သော​အ​ခ​ကို ဆယ်​ကြိမ်​လဲ​ခဲ့​ပြီ။ သို့​သော်​လည်း၊ ငါ့​ကို​ညှဉ်း​ဆဲ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​အ​ခွင့်​ပေး​တော်​မ​မူ။ သူ​က၊ ပြောက်​သော​အ​ကောင်​တို့​သည်၊ သင်၏​အ​ခ​ဖြစ်​စေ​ဟု​ဆို​လျှင်၊ သိုး၊ ဆိတ်​ရှိ​သ​မျှ​တို့​သည် ပြောက်​သော​အ​ကောင်​တို့​ကို​မွေး​ကြ​၏။ ကျား​သော​အ​ကောင်​တို့​သည်၊ သင်၏​အ​ခ​ဖြစ်​စေ​ဟု​ဆို​လျှင်၊ သိုး၊ ဆိတ် ရှိ​သ​မျှ​တို့​သည် ကျား​သော​အ​ကောင်​တို့​ကို မွေး​ကြ​၏။ ထို​သို့​ဘု​ရား​သ​ခင်​သည်၊ သင်​တို့​အ​ဘ၏​တိ​ရ​စ္ဆာန်​တို့​ကို​နုတ်၍ ငါ့​အား​ပေး​တော်​မူ​ပြီ။ ထို​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ ယှက်​တင်​ကြ​သော​အ​ခါ၊ ငါ​မျှော်​ကြည့်၍၊ တိ​ရ​စ္ဆာန်​မ​တို့​နှင့်​ပေါင်း​ဖော်​သော တိ​ရ​စ္ဆာန်​အ​ထီး​တို့​သည်၊ အ​ပြောက်​အ​ကျား​မှ​စ၍၊ အ​ထွေ​ထွေ​သော​အ​ဆင်း​ရှိ​ကြောင်း​ကို အိပ်​မက်၌​ငါ​မြင်​ရ၏။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​က​လည်း၊ ယာ​ကုပ်​ဟု အိပ်​မက်၌ ငါ့​ကို​ခေါ်​လျှင်၊ ကျွန်ုပ်​ရှိ​ပါ၏​ဟု​ငါ​ထူး၏။ သူ​က​လည်း မျှော်၍​ကြည့်​လော့။ တိ​ရ​စ္ဆာန်​မ​နှင့်​ပေါင်း​ဖော်​သော တိ​ရ​စ္ဆာန်​အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ အ​ပြောက်​အ​ကျား​မှ​စ၍၊ အ​ထွေ​ထွေ​သော အ​ဆင်း​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်၌​လာ​ဗန်​ပြု​သ​မျှ​တို့​ကို​ငါ​မြင်၏။ ငါ​ကား၊ သင်​သည်​မှတ်​တိုင်​ကို​ဆီ​လောင်း၍၊ ငါ၌​သ​စ္စာ​ပြု​ရာ ဗေ​သ​လ​အ​ရပ်၏​ဘု​ရား​ဖြစ်၏။ ယ​ခု​ထ၍ ဤ​အ​ရပ်​မှ​ထွက်​သ​ဖြင့်၊ အ​မျိုး​သား​ချင်း​တို့​နေ​သော​ပြည်​သို့ ပြန်​သွား​လော့​ဟု ငါ့​အား​မိန့်​တော်​မူ၏​ဟု ယာ​ကုပ်​သည်​ကြား​ပြော​ပြီး​လျှင်၊ ရာ​ခေ​လ​နှင့် လေ​အာ​တို့​က၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​အ​ဘ၏​အိမ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ဘယ်​သို့ အ​မွေ​ခံ​ရ​သေး​သ​နည်း။ သူ​သည်​ကျွန်ုပ်​တို့​ကို တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​ကဲ့​သို့ မှတ်​တတ်​သည်​မ​ဟုတ်​လော။ ကျွန်ုပ်​တို့​ကို​ရောင်း​စား​ခဲ့​ပြီ​တ​ကား။ ကျွန်ုပ်​တို့​အ​ဘ​မှ ဘု​ရား​သ​ခင်​ရုပ်​သိမ်း​တော်​မူ​သော စည်း​စိမ်​ရှိ​သ​မျှ​သည် ငါ​တို့​ဥ​စ္စာ၊ ငါ​တို့​သား​သ​မီး​များ​ဥ​စ္စာ​ဖြစ်၏။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ယ​ခု​တွင်​ပြု​ပါ​လော့​ဟု​ပြန်​ပြော​ကြ၏။ ထို​အ​ခါ​ယာ​ကုပ်​သည်​ထ၍၊ မိ​မိ​သား​မ​ယား​တို့​ကို ကု​လား​အုတ်​ပေါ်​မှာ​စီး​စေ၏။ မိ​မိ​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော၊ ပါ​ဒ​နာ​ရံ​အ​ရပ်၌​ရ​သော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​နှင့်၊ ရ​တတ်​သ​မျှ​သော ဥ​စ္စာ​တို့​ကို​ဆောင်​ယူ၍၊ အ​ဘ​ဣ​ဇာက်​နေ​ရာ ခါ​နာန်​ပြည်​သို့ ခ​ရီး​သွား​လေ၏။ လာ​ဗန်​သည် သိုး​မွေး​ကို​ညှပ်​ခြင်း​ငှာ၊ အ​ခြား​တစ်​ပါး​သို့​သွား​ခိုက်​တွင်၊ ရာ​ခေ​လ​သည်၊ သူ၏​တေ​ရပ်​ရုပ်​တု​တို့​ကို ခိုး​ယူ​လေ၏။ ယာ​ကုပ်​သည် မိ​မိ​ပြေး​မည်​အ​ကြောင်း​ကို မ​ကြား​မ​ပြော​ဘဲ​နေ၍၊ ရှု​ရိ​လူ​ဖြစ်​သော​လာ​ဗန်​ကို ပ​ရိ​ယာယ်​အား​ဖြင့်​နိုင်​လေ၏။ ထို​သို့​မိ​မိ​ဥ​စ္စာ​ရှိ​သ​မျှ​ပါ​လျက် ပြေး​သွား၍၊ မြစ်​တစ်​ဖက်​သို့ အ​လျင်​အ​မြန်​ကူး​ပြီး​လျှင်၊ ဂိ​လဒ်​တောင်​ကို​ရှေ့​ရှု​ပြု​လျက် ခ​ရီး​သွား​လေ၏။ ယာ​ကုပ်​ပြေး​ကြောင်း​ကို၊ သုံး​ရက်​မြောက်​သော​နေ့၌ လာ​ဗန်​ကြား​သိ​လျှင်၊ ညီ​အစ်​ကို​တို့​ကို​ခေါ်၍၊ ခု​နစ်​ရက်​ခ​ရီး​လိုက်​သ​ဖြင့်၊ ဂိ​လဒ်​တောင်​ပေါ်​မှာ​မီ​လေ၏။ ဘု​ရား​သ​ခင်​သည် ရှု​ရိ​လူ​လာ​ဗန်​ဆီ​သို့ ည​အ​ချိန်​တွင် အိပ်​မက်၌​ကြွ​တော်​မူ၍၊ သင်​သည် ယာ​ကုပ်​အား ကောင်း​မ​ကောင်း​ကို​မ​ပြော​နှင့်၊ သ​တိ​ပြု​လော့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ​ယာ​ကုပ်​သည် မိ​မိ​တဲ​ကို ဂိ​လဒ်​တောင်​ပေါ်​မှာ​ဆောက်​နှင့်​ပြီ။ လာ​ဗန်​သည် လိုက်၍​မီ​သော​အ​ခါ၊ မိ​မိ​ညီ​အစ်​ကို​တို့​နှင့်​တ​ကွ၊ ထို​တောင်​ပေါ်​မှာ​တဲ​ကို ဆောက်​လေ​၏။ လာ​ဗန်​က​လည်း၊ သင်​သည် အ​ဘယ်​သို့​ပြု​သ​နည်း။ စစ်​တိုက်​ရာ​၌ ဖမ်း​မိ​သော​သူ​တို့​ကို သိမ်း​သွား​သ​ကဲ့​သို့၊ ငါ့​ကို​လှည့်​စား၍၊ ငါ့​သ​မီး​တို့​ကို သိမ်း​သွား​လေ​ပြီ​တ​ကား။ ငါ့​ကို​လှည့်​စား၍၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ​သည် ပျော်​မွေ့​ခြင်း​ကို​ပြု၍​သီ​ချင်း​ဆို​လျက်၊ ပတ်​သာ​နှင့်​စောင်း​တီး​လျက်၊ သင့်​ကို​လွှတ်​လိုက်​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ငါ့​ကို​မ​ကြား​မ​ပြော​ဘဲ​နေ​သ​နည်း။ ငါ့​သား​သ​မီး​တို့​ကို​ငါ​နမ်း​စေ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့်​အ​ခွင့်​မ​ပေး​သ​နည်း။ သင်​သည် မိုက်​စွာ​ပြု​လေ​ပြီ​တ​ကား။ ယ​ခု​သင့်​ကို ငါ​ညှဉ်း​ဆဲ​နိုင်၏။ သို့​သော်​လည်း၊ မ​နေ့​ည​မှာ သင်၏​အ​ဘ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည်​ကြွ​လာ၍၊ ယာ​ကုပ်​အား ကောင်း​မ​ကောင်း​ကို​မ​ပြော​နှင့်။ သ​တိ​ပြု​လော့​ဟု ငါ့​အား​မိန့်​တော်​မူ​၏။ ယ​ခု​မှာ၊ သင်​သည် မိ​ဘ​အိမ်​ကို အ​လွန်​အောက်​မေ့​သော​ကြောင့်၊ သွား​ရ​သည်​ဟုတ်​စေ​တော့။ ငါ၏​ဘု​ရား​တို့​ကို အ​ဘယ်​ကြောင့်​ခိုး​ယူ​ခဲ့​ရ​သ​နည်း​ဟု ယာ​ကုပ်​ကို ဆို​၏။ ယာ​ကုပ်​က​လည်း၊ သင်​သည်​ကိုယ်​သ​မီး​တို့​ကို အ​နိုင်​သိမ်း​ယူ​ကောင်း​သိမ်း​ယူ​လိမ့်​မည်​ဟု ကျွန်ုပ်​စိုး​ရိမ်​သော​ကြောင့် ထွက်​ပြေး​ရ၏။ သင်၏​ဘု​ရား​တို့​ကို​မူ​ကား၊ အ​ကြင်​သူ၌​တွေ့​လျှင်၊ ထို​သူ​ကို​သေ​စေ​လော့။ ကျွန်ုပ်​တို့ ညီ​အစ်​ကို​များ​ရှေ့​တွင်၊ သင်၏​ဥ​စ္စာ​ကို​ပြ​ညွှန်၍​ယူ​ပါ​လော့​ဟု၊ လာ​ဗန်​အား ပြန်​ပြော၏။ ရာ​ခေ​လ​ခိုး​ကြောင်း​ကို ယာ​ကုပ်​မ​သိ။ လာ​ဗန်​သည် ယာ​ကုပ်​တဲ၊ လေ​အာ​တဲ၊ ကျွန်​မ​နှစ်​ယောက်​တို့၏​တဲ​သို့​ဝင်၍ ရှာ​သော်​လည်း မ​တွေ့​လျှင်၊ လေ​အာ​တဲ​ထဲ​မှ​ထွက်၍၊ ရာ​ခေ​လ​တဲ​သို့​ဝင်​လေ​၏။ ရာ​ခေ​လ​သည်၊ ထို​ရုပ်​တု​တို့​ကို​ယူ၍ ကု​လား​အုတ်​ကုန်း​နှီး​တန်​ဆာ​ထဲ​သို့ သွင်း​ထား​ပြီး​လျှင်၊ ထို​တန်​ဆာ​ပေါ်​မှာ​ထိုင်​လျက်​နေ၏။ လာ​ဗန်​သည် တစ်​တဲ​လုံး​ကို ရှာ​ဖွေ၍​မ​တွေ့​လျှင်၊ ရာ​ခေ​လ​က၊ သ​ခင်​ရှေ့​မှာ​ကျွန်​မ မ​ထ​နိုင်​သည်​ဖြစ်၍၊ စိတ်​ရှိ​တော်​မ​မူ​ပါ​နှင့်။ မိန်း​မ​တို့၌​ဖြစ်​မြဲ​ရှိ​သည်​အ​တိုင်း၊ ကျွန်​မ၌​ဖြစ်​ပါ​သည်​ဟု အ​ဘ​အား​ဆို​လေ၏။ ထို​သို့​လာ​ဗန်​သည်​ရှာ​ဖွေ၍ ရုပ်​တု​တို့​ကို​မ​တွေ့​ရ။ ထို​အ​ခါ ယာ​ကုပ်​သည်​စိတ်​ဆိုး၍ လာ​ဗန်​ကို​ဆုံး​မ​သည်​ကား၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြစ်​မှား၍၊ အ​ဘယ်​အ​ပြစ်​ရှိ​သော​ကြောင့်၊ ကျွန်ုပ်​ကို ဤ​မျှ​လောက် ပြင်း​ထန်​စွာ​လိုက်​ရ​သ​နည်း။ ကျွန်ုပ်​ဥ​စ္စာ​ရှိ​သ​မျှ​ကို​ရှာ​ဖွေ​သည်​ဖြစ်၍၊ သင်၏​ဥ​စ္စာ​ပ​ရိ​ကံ တစ်​စုံ​တစ်​ခု​ကို​တွေ့​မိ​လျှင်၊ သင်၏​ညီ​အစ်​ကို၊ ကျွန်ုပ်​ညီ​အစ်​ကို​တို့​ရှေ့​တွင်၊ ဤ​အ​ရပ်၌​ထား​ပါ။ သူ​တို့​သည်၊ ငါ​တို့​နှစ်​ယောက်​စပ်​ကြား​မှာ​စီ​ရင်​ပါ​စေ။ ကျွန်ုပ်​သည် သင့်​ထံ၌ အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး​နေ​ရာ​တွင်၊ သင်၏​သိုး​မ၊ ဆိတ်​မ​တို့​သည်​ဝမ်း​ပိုး​မ​ပျက်။ ဆိတ်​ထီး၊ သိုး​ထီး​တို့​ကို​ကျွန်ုပ်​မ​စား။ သား​ရဲ​ကိုက်​သတ်​သော အ​ကောင်​ကို သင့်​ထံ​သို့​ကျွန်ုပ်​မ​ဆောင်​ခဲ့၊ ကိုယ်​အ​ရှုံး​ခံ​ရ၏။ နေ့​မှာ​ခိုး​သည်​ဖြစ်​စေ၊ ည​မှာ​ခိုး​သည်​ဖြစ်​စေ၊ သင်​သည် ကျွန်ုပ်​တွင် အ​စား​တောင်း​လေ့​ရှိ​၏။ နေ့​အ​ချိန်၌​လည်း နေ​ပူ​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌​လည်း​နှင်း​ခဲ​ကို​လည်း​ကောင်း ခံ​ရ​ပြီ။ အ​အိပ်​ပျက်​ခြင်း​ကို​လည်း​ခံ​ရ​ပြီ။ ထို​သို့၊ ကျွန်ုပ်​သည်​အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး သင်၏​အိမ်၌​နေ၍၊ သင်၏​သ​မီး​နှစ်​ယောက်​အ​တွက်​ကြောင့် ဆယ်​လေး​နှစ်၊ သိုး​ဆိတ်​တို့​အ​တွက်​ကြောင့် ခြောက်​နှစ်​အ​စေ​ခံ​ရ​ပြီ။ သို့​ရာ​တွင်​သင်​သည်၊ ကျွန်ုပ်​အ​ခ​ကို ဆယ်​ကြိမ်​လဲ​ပြီ​တ​ကား။ ယ​ခု​လည်း ကျွန်ုပ်​အ​ဘ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ ဣ​ဇာက်၏​ကြောက်​ရွံ့​ရာ​ဘု​ရား​သည် ကျွန်ုပ်​ဘက်၌​မ​ရှိ​လျှင်၊ သင်​သည် ကျွန်ုပ်​ကို ဧ​ကန်​အ​မှန်​လက်​ချည်း လွှတ်​လိုက်​လိမ့်​မည်​တ​ကား။ အ​ကယ်​စင်​စစ် ကျွန်ုပ်​ဆင်း​ရဲ​ခံ​ရ​ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​ကို ဘု​ရား​သ​ခင်​မြင်၍၊ မ​နေ့​ည​မှာ သင့်​ကို​ဆုံး​မ​တော်​မူ​ပြီ​ဟု ဆို​လေ​၏။ လာ​ဗန်​က​လည်း၊ ဤ​သ​မီး​တို့​သည် ငါ့​သ​မီး​ဖြစ်​ကြ၏။ ဤ​သူ​ငယ်​တို့​သည်၊ ငါ့​သား​ဖြစ်​ကြ၏။ ဤ​တိ​ရ​စ္ဆာန်​တို့​လည်း၊ ငါ့​တိ​ရ​စ္ဆာန်​ဖြစ်​ကြ၏။ မြင်​သ​မျှ​သော ဥ​စ္စာ​သည်​ငါ့​ဥ​စ္စာ​ဖြစ်၏။ ငါ့​သ​မီး​တို့၌​လည်း​ကောင်း၊ သူ​တို့​ဖွား​မြင်​သော ငါ့​သူ​ငယ်​တို့၌​လည်း​ကောင်း၊ အ​ဘယ်​သို့​ငါ​ပြု​နိုင်​သ​နည်း။ သို့​ဖြစ်၍၊ ယ​ခု​သင်​နှင့် ငါ​စပ်​ကြား၌​သက်​သေ​ဖြစ်​စေ၍၊ ငါ​တို့​နှစ်​ယောက်​သည် ပ​ဋိ​ညာဉ်​ပြု​ကြ​စို့​ဟု ယာ​ကုပ်​အား​ပြန်​ပြော၏။ ယာ​ကုပ်​သည်​လည်း ကျောက်​ကို​ယူ၍၊ မှတ်​တိုင်​ဖို့​စိုက်​ထူ​ပြီး​လျှင်၊ ကျောက်​များ​ကို​စု​ထား​ကြ​ပါ​ဟု ညီ​အစ်​ကို​တို့​အား ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် ကျောက်​များ​ကို​ယူ၍၊ ကျောက်​ပုံ​ကို​တည်​လုပ်​ပြီး​မှ၊ ထို​ကျောက်​ပုံ​အ​ပေါ်၌ စား​သောက်​ခြင်း​ကို ပြု​ကြ၏။ ထို​ကျောက်​ပုံ​ကို လာ​ဗန်​သည် ယေ​ဂါ​သ​ဟာ​ဒု​သ​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​သည် ဂိ​လဒ်​ဟူ၍​လည်း​ကောင်း သ​မုတ်​လေ၏။ လာ​ဗန်​က​လည်း၊ ယ​နေ့​ဤ​ကျောက်​ပုံ​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​သည်​ဟု​ဆို၏။ ထို​ကြောင့် ဂိ​လဒ်​ဟူ၍​သ​မုတ်​ကြ၏။ မိ​ဇ​ပါ​ဟူ၍ သ​မုတ်​ကြ​သေး၏။ အ​ကြောင်း​မူ​ကား၊ လာ​ဗန်​က၊ ငါ​တို့​သည် တစ်​ယောက်​နှင့်​တစ်​ယောက် ခွာ​သွား​ကြ​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​နှင့်​သင်၏ စပ်​ကြား၌​စောင့်​တော်​မူ​စေ​သ​တည်း။ သင်​သည် ငါ့​သ​မီး​တို့​ကို ညှဉ်း​ဆဲ​သည်​ဖြစ်​စေ၊ ငါ့​သ​မီး​တို့​မှ​တစ်​ပါး အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်​စေ၊ ငါ​တို့၌​လူ​သက်​သေ​မ​ရှိ၊ ဘု​ရား​သ​ခင်​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​စေ​တော်​မူ​သ​တည်း ဟူ၍​လည်း​ကောင်း၊ တစ်​ဖန်​လည်း၊ ငါ​နှင့်​သင်၏​စပ်​ကြား၌ သင်​သည်​တည်​လုပ်​ခဲ့​ပြီး​သော ဤ​ကျောက်​ပုံ​နှင့် ဤ​မှတ်​တိုင်​ကို​ကြည့်​ပါ​လော့။ ငါ​သည် သင့်​ကို​ခိုက်​ရန်​ပြု​ခြင်း​ငှာ၊ ဤ​ကျောက်​ပုံ၊ ဤ​မှတ်​တိုင်​ကို​မ​ကျော်​ရ။ သင်​သည် ငါ့​ကို​ခိုက်​ရန်​ပြု​ခြင်း​ငှာ၊ ဤ​ကျောက်​ပုံ၊ ဤ​မှတ်​တိုင်​ကို မ​ကျော်​ရ​ဟု ဤ​ကျောက်​ပုံ​နှင့် ဤ​မှတ်​တိုင်​သည် သက်​သေ​ဖြစ်​စေ​သ​တည်း။ အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ နာ​ခေါ်၏​ဘု​ရား​သ​ခင်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​စပ်​ကြား၌ စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​အား​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ မိ​မိ​အ​ဘ​ကြောက်​ရွံ့​ရာ ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လေ၏။ ထို​အ​ခါ​ယာ​ကုပ်​သည် တောင်​ပေါ်​မှာ​ယဇ်​ပူ​ဇော်၍၊ ညီ​အစ်​ကို​များ​ကို အ​စာ​စား​စေ​ခြင်း​ငှာ ခေါ်​ဖိတ်​သ​ဖြင့်၊ သူ​တို့​သည်​စား​သောက်၍၊ တောင်​ပေါ်​မှာ​ည​ကို​လွန်​စေ​ကြ၏။ နံ​နက်​စော​စော လာ​ဗန်​ထ၍ မိ​မိ​သား​သ​မီး​များ​ကို​နမ်း​လျက် ကောင်း​ချီး​ပေး​ပြီး​မှ၊ မိ​မိ​နေ​ရာ​ပြည်​သို့ ပြန်​သွား​လေ၏။