YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 30:1-24

ကမ္ဘာဦး 30:1-24 JBMLE

ရာ​ခေ​လ​သည် ယာ​ကုပ်​အား သား​မ​ဖွား​ကြောင်း​ကို မိ​မိ​သိ​မြင်​သော​အ​ခါ၊ အစ်​မ​ကို​ငြူ​စူ​သော​စိတ်​ရှိ၍၊ ငါ့​အား သား​ကို​ပေး​ပါ။ သို့​မ​ဟုတ် ငါ​သေ​တော့​အံ့​ဟု ယာ​ကုပ်​ကို ဆို​လေ၏။ ယာ​ကုပ်​က​လည်း၊ ငါ​သည် သင့်​အား သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မ​မူ​သော ဘု​ရား​သ​ခင် ကိုယ်​စား​တော်​ဖြစ်​သ​လော​ဟု၊ ရာ​ခေ​လ​ကို အ​မျက်​ထွက်၍​ပြန်​ဆို၏။ ရာ​ခေ​လ​က​လည်း၊ အ​ကျွန်ုပ်၌ ကျွန်​မ​ဗိ​လ​ဟာ​ရှိ​ပါ၏။ သူ့​ထံ​သို့​ဝင်​ပါ။ သူ​သည် အ​ကျွန်ုပ်​ဒူး​ပေါ်​မှာ သား​ဖွား၍၊ သူ့​အား​ဖြင့် အ​ကျွန်ုပ်​သည် တည်​ဆောက်​ခြင်း​ရှိ​ပါ​လိမ့်​မည်​ဟု​ဆို​လျက်၊ ကျွန်​မ​ဗိ​လ​ဟာ​ကို ယာ​ကုပ်၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ​အပ်၍၊ သူ့​ထံ​သို့ ယာ​ကုပ်​ဝင်​လေ၏။ ဗိ​လ​ဟာ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ ယာ​ကုပ်​အား သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊ ရာ​ခေ​လ​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​တ​ရား​စီ​ရင်​တော်​မူ​ပြီ။ ငါ့​စ​ကား​ကို​ကြား၍ သား​ကို​ပေး​သ​နား​တော်​မူ​ပြီ​ဟု ဆို​သည်​နှင့်​အ​ညီ၊ ထို​သား​ကို ဒန်​အ​မည်​ဖြင့်​မှည့်​လေ၏။ တစ်​ဖန် ရာ​ခေ​လ၏​ကျွန်​မ​ဗိ​လ​ဟာ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍၊ ယာ​ကုပ်​အား နှစ်​ကြိမ်​မြောက်​သော​သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊ ရာ​ခေ​လ​က၊ ငါ​သည် ငါ့​အစ်​မ​နှင့် ကျပ်​ကျပ်​လုံး​ထွေး၍ နိုင်​ခဲ့​ပြီ​ဟု​ဆို၍၊ ထို​သား​ကို နဿ​လိ​အ​မည်​ဖြင့်​မှည့်​လေ၏။ လေ​အာ​သည်​သား​ပြတ်၍ မ​ဖွား​ဘဲ​နေ​ကြောင်း​ကို မိ​မိ​သိ​မြင်​သော​အ​ခါ၊ မိ​မိ​ကျွန်​မ​ဇိ​လ​ပ​ကို​ယူ၍၊ ယာ​ကုပ်၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ အပ်​လေ၏။ လေ​အာ၏​ကျွန်​မ​ဇိ​လ​ပ​သည်​လည်း ယာ​ကုပ်​အား သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊ လေ​အာ​က၊ ကောင်း​ကျိုး​လာ​သည်​ဟု​ဆို၍၊ ထို​သား​ကို ဂဒ်​အ​မည်​ဖြင့် မှည့်​လေ၏။ တစ်​ဖန်​လေ​အာ၏ ကျွန်​မ​ဇိ​လ​ပ​သည် ယာ​ကုပ်​အား နှစ်​ကြိမ်​မြောက်​သော​သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊ လေ​အာ​က၊ ငါ၌​မင်္ဂ​လာ​ရှိ၏။ လူ​သ​မီး​တို့​သည် ငါ့​ကို​မင်္ဂ​လာ​ရှိ​သော​သူ​ဟူ၍​ခေါ်​ကြ​လိမ့်​မည်​ဟု ဆို​သ​ဖြင့်၊ ထို​သား​ကို အာ​ရှာ​အ​မည်​ဖြင့်​မှည့်​လေ၏။ ထို​နောက်၊ ဂျုံ​စ​ပါး​ကို စု​သိမ်း​သော​အ​ချိန်​ကာ​လ၌၊ ရု​ဗင်​သည် လယ်​ပြင်​သို့​ထွက်​သွား​ပြီး​လျှင်၊ အ​နု​ဆေး​သီး​ကို​တွေ့၍၊ မိ​မိ​အ​မိ​လေ​အာ​ထံ​သို့ ဆောင်​ခဲ့​လေ၏။ ရာ​ခေ​လ​က​လည်း၊ သင်၏​သား​ရ​ခဲ့​သော အ​နု​ဆေး​သီး​အ​ချို့​ကို​ပေး​ပါ​လော့​ဟု၊ လေ​အာ​ကို​တောင်း​လျှင်၊ လေ​အာ​က၊ သင်​သည် ငါ့​လင်​ကို​ယူ၍ အ​တွက်​မ​ရှိ​ထင်​သ​လော။ ငါ့​သား၏ အ​နု​ဆေး​သီး​ကို​လည်း ယူ​ချင်​သေး​သည်​တ​ကား​ဟု ဆို​လေ​သော်၊ ရာ​ခေ​လ​က၊ သို့​ဖြစ်​လျှင်၊ သင့်​သား၏​အ​နု​ဆေး​သီး​အ​တွက်၊ လင်​သည် ယ​နေ့​ည​တွင် သင်​နှင့်​အိပ်​ရ​မည်​ဟု​ဆို၏။ ညဉ့်​ဦး​အ​ချိန်၌၊ လယ်​ပြင်​မှ​ယာ​ကုပ်​လာ​သော​အ​ခါ၊ လေ​အာ​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​သွား၍၊ သင်​သည် အ​ကျွန်ုပ်​ထံ​သို့​ဝင်​ရ​မည်။ အ​ကျွန်ုပ်၏​သား​ရ​ခဲ့​သော အ​နု​ဆေး​သီး​နှင့် သင့်​ကို​အ​ကျွန်ုပ်​ငှား​သည်​မှန်​ပါ၏​ဟု ဆို​သ​ဖြင့်၊ ထို​နေ့​ည​တွင် သူ​နှင့်​အိပ်​ရ​လေ၏။ လေ​အာ​စ​ကား​ကို ဘု​ရား​သ​ခင်​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍၊ ယာ​ကုပ်​အား ပ​ဥ္စ​မ​သား​ကို​ဖွား​မြင်​လေ​သော်၊ ငါ့​ကျွန်​မ​ကို ငါ့​လင်​အား​ပေး​သော​ကြောင့်၊ ဘု​ရား​သ​ခင်​သည် ငါ့​အား​အ​ခ​ကို ပေး​တော်​မူ​ပြီ​ဟု​ဆို၍၊ ထို​သား​ကို ဣ​သ​ခါ​အ​မည်​ဖြင့်​မှည့်​လေ၏။ တစ်​ဖန်​လေ​အာ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍၊ ယာ​ကုပ်​အား ဆ​ဌ​မ​သား​ကို​ဖွား​မြင်​လေ​သော်၊ ဘု​ရား​သ​ခင်​သည်၊ ကောင်း​သော​လက်​ဖွဲ့​ကို ပေး​သ​နား​တော်​မူ​ပြီ။ ငါ့​လင်​အား သား​ခြောက်​ယောက်​ကို ဖွား​မြင်​သော​ကြောင့်၊ ယ​ခု​ငါ​နှင့် အ​မြဲ​နေ​လိမ့်​မည်​ဟု​ဆို၍၊ ထို​သား​ကို ဇာ​ဗု​လုန်​အ​မည်​ဖြင့် မှည့်​လေ၏။ ထို​နောက်​မှ သ​မီး​ကို​ဖွား၍၊ ဒိ​န​အ​မည်​ဖြင့်​မှည့်​လေ၏။ ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ရာ​ခေ​လ​ကို​အောက်​မေ့​တော်​မူ၏။ သူ၏​စ​ကား​ကို​နား​ထောင်၍၊ သား​ဖွား​သော​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ သူ​သည်​ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ကို​ဖွား​မြင်​လျှင်၊ ငါ​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​အ​ကြောင်း​ကို ဘု​ရား​သ​ခင်​သည်​ပယ်​တော်​မူ​ပြီ​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ခြား​သော​သား​ကို​ထပ်၍ ပေး​တော်​မူ​ပါ​စေ​သော​ဟူ၍​လည်း​ကောင်း​ဆို​လျက်၊ ထို​သား​ကို ယော​သပ်​အ​မည်​ဖြင့်​မှည့်​လေ​၏။