YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 3:14-19

ကမ္ဘာဦး 3:14-19 JBMLE

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြွေ​ကို​ခေါ်၍ သင်​သည် ဤ​အ​မှု​ကို​ပြု​သော​ကြောင့်၊ သား​ယဉ်​သား​ရဲ​အ​ပေါင်း​တို့​ထက် ကျိန်​ခြင်း​ကို​ခံ​ရ၏။ သင်​သည် ဝမ်း​ဖြင့်​သွား၍ မြေ​မှုန့်​ကို တစ်​သက်​လုံး​စား​ရ​မည်။ သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။ ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်။ ကိုယ်​ခင်​ပွန်း၏​အ​လို​သို့​လိုက်၍၊ သူ၏​အုပ်​စိုး​ခြင်း​ကို​လည်း​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။ ယောက်ျား​ကို​လည်း၊ ထို​အ​ပင်၏​အ​သီး​ကို​မ​စား​ရ​ဟု ငါ​ပ​ညတ်​သော်​လည်း၊ သင်​သည်​မ​ယား၏​စ​ကား​ကို​နား​ထောင်၍ စား​မိ​သော​ကြောင့်၊ မြေ​သည် သင်၏​အ​တွက် ကျိန်​ခြင်း​ကို ခံ​လျက်​ရှိ၏။ မြေ၏​အ​သီး​ကို တစ်​သက်​ပတ်​လုံး ပင်​ပန်း​စွာ စား​ရ​မည်။ ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း သင်​အ​ဖို့ မြေ​ပေါက်​စေ​မည်။ လယ်၌​ဖြစ်​သော ဟင်း​သီး​ဟင်း​ရွက်​တို့​ကို သင်​စား​ရ​မည်။ သင်​ထွက်​ရာ​မြေ​သို့​မ​ပြန်​မီ​တိုင်​အောင်၊ သင်၏​မျက်​နှာ​မှ​ချွေး​ထွက်​လျက် အ​စာ​ကို​စား​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည်​မြေ​မှုန့်​ဖြစ်၍ မြေ​မှုန့်​သို့ ပြန်​ရ​မည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။